တာချီလိတ်မြို့ ပြန်ပေးဆွဲမှုနှင့် ပတ်သက်သည့် တရားခံ (၆)ဦးကို အသေပစ်ခတ် ဖမ်းဆီးရမိ

သျှမ်ပြည် တာချီလိတ်မြို့တွင် ပြန်ပေးဆွဲမှု နှင့် ပတ်သတ်၍ တရာခံ ၆ ဦးကို အသေပစ်ခတ်ပြီး ဖမ်းဆီးမှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ( ဒီဇင်ဘာလ ၁၃ ရက် ) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်၊ အမှတ် ၂ ကမ္ဘောဇဘဏ်အရှေ့တွင် ငွေလဲလှယ်သည့် လုပ်ငန်းကို လုပ်ကိုင်သော အသက် ၇၈ကျော် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်အမျိုးသား ၃ ဦးက ပြန်ပေးဆွဲသွား‌သည်။

ထိုဖြစ်စဉ်နှင့် ပတ်သတ်၍ ပြန်ပေးဆွဲသွားသည့် အဖွဲ့ကို ယမန်နေ့ ( ဒီဇင်ဘာလ ၁၈ ရက်) တာချီလိတ်မြို့ ၊ ပါဆတ်ရပ်ကွက် အတွင်းရှိ နေအိမ်တစ်ခုတွင် ရဲ့တပ်ဖွဲ့တို့က ဝင်ဖမ်းစဉ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ပြန်ပေးဆွဲသူ ၆ ဦး သေဆုံးသွားကြောင်း တာချီလိတ်မြို့ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေနတ်ပစ်သတ်ခံရသည့် ဓားပြတိုက်သူများ

“ပြန်ပေးဆွဲတဲ့အဖွဲ့လိုက်ကို သူတို့နေတဲ့အိမ်မှာပဲ မနေ့က (ဒီဇင်ဘာ ၁၈ ရက်) ဝင်ဖမ်းတာ ပစ်ခတ်မှုဖြစ်ပြီးတော့ ပစ်သတ်လိုက်တယ်။ နောက်ခံမရှိရင်တော့ ပြန်ပေးဆွဲတဲ့လူတွေက ဒီလောက်ထိ လုပ်ရဲမှာ မဟုတ်ဘူး။ရဲတွေကလည်း သူတို့ တကယ်အလုပ် လုပ်ရင်ရတာကို သူတို့မလုပ်တာလေ။”ဟု တာချီလိတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုပြန်ပေးဆွဲခံရသည့် အသက် ၇၈ နှစ်အရွယ်ရှိ အမျိုးသား ဦးရန်ထင်ချန်းကို ဘေးကင်းစွာ ကယ်နိုင်ခဲ့ပြီး၊ ပြန်ပေးဆွဲသည့်အဖွဲ့၏ အလောင်း ၆ လောင်း နှင့်အတူ ပွိုင့်-၃၈၀ အမျိုးအစား သေနတ်(၁)လက်၊ M-16 သေနတ်အရှည်(၁)လက်၊ ကျည်ရောရာ (၂၁)ထောင့်၊ အပြင် ပြန်ပေးဆွဲရာတွင် အသုံးပြုခဲ့သည့် ကားတစ်စီး နှင့် ကားနံပါတ်ပြားအစုံ (၆) စုံ၊ ကျည်ကာအင်္ကျီ (၂) ထည်၊ ပဲခူးတိုင်းရဲ တပ်ဖွဲ့ တံဆိပ်ပါ (၁) ထည် နှင့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၆၅,၀၀၀)ပြား တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ယနေ့ (ဒီဇင်ဘာလ ၁၉ ရက်) မနက် ၆ ခွဲကျော် နာရီဝန်းကျင် တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက် ( ၄ ) လမ်းကြားတွင် အမျိုးသမီးတစ်နေအိမ်ရှေ့ ထွက်စဉ် အမျိုးသာနှစ်ဦးက ဆိုင်ကယ်စီးလာ၍ ပိုက်ဆံအိတ်ကို လုယူခဲ့ကြောင်း တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦး ဆက်ပြောသည်။

“ဒီနေ့ မနက်အစောကြီးမှာလည်း ဆန်ဆိုင်းရပ်ကွက် ၄ လမ်းထဲမှာ အမျိုးသမီးတစ်ယောက်ရဲ့ ပိုက်ဆံအိတ်ကို ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ယောက်ကလုပြေးသွားတာ။ဆိုင်ကယ် မြန်မြန်မောင်းပြီး အိတ်ကိုဆွဲတော့ ကောင်မလေးကခေါင်းနဲ့ မြေကြီးတိုက်သွားတော့ ခေါင်းတောင်ချုပ်လိုက်ရတယ်လို့ပြောတယ်။”ဟု ၎င်းကပြောသည်။

တာချီလိတ်မြို့အတွင်း ပစ်ခတ်မှုများ၊ ခိုးယူ လုယက်မှု၊ပြန်ပေးဆွဲမှု များ နေ့စဉ်ဖြစ်ပွားနေသည့်အတွက် မြို့အတွင်းလုံခြုံမှုများကင်းမဲ့နေပြီး ဒေသခံများအတွက် ပိုမိုစိုးရိမ်နေရကြောင်း တာချီလိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦး ထပ်မံလောင်းပြောသည်။

“ကျမတို့ မိန်းကလေးအတွက်က တကယ်ကိုလုံခြုံ‌မှုဆိုတာ ရှိကိုမရှိတော့ဘူး။လုလက်တာတွေက နေ့တိုင်း လိုလိုဖြစ်နေတာ သတင်းမထွက်ကြတာပဲရှိတာ။ မနက်မိုးလင်းရင်တော့ တံခါးတွေမဖွင့်ရဲဘူး။ ညလည်း ၇ နာရီကျော်ရင် သိပ်မထွက်ရဲဘူး။ အဖော် ၃ယောက်ပါတောင် ပိုက်ဆံအိတ်ဆွဲဖူးတော့ တကယ်ကြောက် ဖို့ကောင်းတယ်။အိမ်နဲ့ အလုပ်သွားတောင် စိုးရိမ်ရတဲ့ အခြေနေပေါ့။”ဟု တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တပ်မှ အာဏာသိမ်းပြီး နောက်ပိုင်း တာချီလိတ်မြို့တွင် အနယ်နယ်အရပ်ရပ်ရှိ လူပေါင်းစုံမှ လောက်ရောက် အလုပ်လုပ်ကိုင်နေသည့်အပြင် အလောင်းကစားဝိုင်းများ၊အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊လက်နက်ကိုင်များလည်း ပေါများ နေသည့်အတွက် ဓားပြတိုက်၊ ခိုးဆိုးလုယက် ဒုစရိုက်များလည်း နေ့စဉ်နှင့် အမျှပေါများလာပြီး မြို့တွင်းလုံခြုံရေးမရှိကြောင်း တာချီလိတ်မြို့ဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...