ကလောမြို့ ခမရ (၁၁၂) တပ်တွင်း လေးကောင်ဂျင်ဝိုင်း လူစည်ကား

သျှမ်းပြည်တောင်ပိုင်း ကလောမြို့ပြင်၊ အင်းပြင်ကျေးရွာတွင် တည်ရှိသည့် စစ်ကောင်စီ ၏ခြေမြန်တပ်ရင်း ခမရ (၁၁၂) တပ်တွင်း လေးကောင်ဂျင် လောင်းကစားဝိုင်း ပြုလုပ်နေရာ လောင်းကစားသူများဖြင့် စည်ကားနေသည်ဟု ကိုယ်တိုင် သွားရောက်ခဲ့သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကလော-တောင်ကြီး ပြည်ထောင်စုလမ်းမ ဘေးတွင် တည်ရှိသည့် ကလောမြို့ အခြေစိုက် နာမည်ကျော် တပ်မ (၅၅) လက်အောက်ခံ ခမရ (၁၁၂) တပ်တွင်း လေးကောင်ဂျင် လောင်းကစားဝိုင်း ပြုလုပ်နေသည်မှာ တပတ်ကျော် ကြာမြင့်နေပြီဖြစ်ကြောင်း လောင်းကစားသမားများ တပ်နောက်ဘက် အိုးစည်တောင်ခြေ ဂိတ်ပေါက်မှ ဝင်ထွက်ကြောင်း နီးစပ်သူ တဦးက ဆိုသည်။

“အောင်ပန်းက ဒိုင်တွေ ဦးစီးတာ။ တရက် အကောက် သိန်းရာချီရတယ်။ အောင်ပန်း၊ ပင်းတယ၊ ပင်လောင်း နယ်စုံက ဒိုင်တွေ ထိုးသားတွေ လာကစားတယ်။ တပ်ရန်ပုံငွေလို့ ပြောတာပဲ။ အထဲမှာ အစားအသေက်လည်း ကျွေးတယ်” ဟု ၎င်းကဆိုသည်။

ကလော

ယခုကဲ့သို့ လေးကောင်ဂျင်ဝိုင်း တပ်တွင်း၌ ပြုလုပ်သဖြင့် စစ်ထောက်လှမ်းရေး (စရဖ)၊ ထွေအုပ်၊ ရဲ စသည်တို့ကိုကို လိုင်းကြေး မပေးရဘဲ စစ်တပ်ကသာ အကောက်အားလုံး ရရှိမည်ဟု ၄င်းကသုံးသပ်သည်။

လက်ရှိ ကလောမြို့ အထွက်ရှိ နာမည်ကျော် အိုးစည် တောင်ခြေတွင် ဂျင်ဝိုင်းသို့လာသည့် ကားများဖြင့် စည်ကားနေကြောင်း အစောင့် စစ်သားများက တပ်ပြင်၊ တပ်တွင်း ဓာတ်ပုံရိုက်ခွင့် တင်းတင်းကျပ်ကျပ် တားမြစ်ထားကြောင်း ဆိုသည်။

“ကျဆုံး စစ်သား မိသားစုတွေကို ထောက်ပံ့ဖို့ ရန်ပုံငွေရှာတာလို့လည်း ပြောတယ်။ အရင်နှစ်ထဲက ကလောက ၁၁၂ ကော ခလရ (၃) ကော တပ်မနဲ့ စစ်ဦးစီးကကော ကျတာ အရမ်းများတယ်လေ။ အခုလည်း ကျနေတာပဲ” ဟု ကလောမြို့ခံ တဦးက မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အတွင်း ကလောမြို့ အခြေစိုက် စစ်ကောင်စီတပ်များမှ တပ်အင်အား ရာချီ သေဆုံးထားပြီး ယခု ၂၀၂၄ ခုနှစ် အတွင်း ကရင်နီ၊ ကရင်၊ သျှမ်းမြောက်နှင့် ရခိုင်ပြည်နယ် တိုက်ပွဲများ အတွင်း ကလော အခြေစိုက် တပ်မ (၅၅) လက်အေက်ခံတပ်များ သေဆုံးမှုများနေကြောင်း တော်လှန်ရေးတပ်များက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...