မြေငလျင်ကြီး လှုပ်ခတ်မည်ဟု သတင်းအမှားဖြန့်ဝေခဲ့သူ ဂျွန်မိုးသဲကို စစ်ကောင်စီဖမ်းမိ
SHAN -
မြေငလျင်ကြီးတစ်ခု ဧပြီလ ၂၁ ရက်တွင် လှုပ်ခတ်မည်ဟု Tiktok အကောင့်မှတစ်ဆင့် မဟုတ်မမှန် သတင်းအမှား ဖြန့်ဝေခဲ့သည့် John(Palmistry) အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ဧပြီလ ၂၂ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မုံရွာမြို့ မြဝတီရပ်ကွက်၊ တိုးချဲ့ကွက်သစ်ရပ်၊ နယ်မြေ (၁၂)...
နမ့်ခမ်းမြို့ ရွှေလီမြစ်အတွင်း ကလေးတစ်ယောက်ရေနစ်ပျောက်ဆုံး
SHAN -
TNLA ထိန်းချုပ်ထားသော သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ရွှေလီမြစ်ထဲတွင် ရေဆော့ ကစားနေသည့် ကလေးတစ်ယောက် ရေနစ်ပျောက်ဆုံးနေကြောင်းသိရသည်။ နမ့်ခမ်းမြို့နယ် ဟိုဆိုင်းကျေးရွာရှိ ဟိုဆိုင်းချောင်းသာတွင် ဧပြီလ ၁၄ ရက် ညနေခင်းက ကလေးငယ် တစ်ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ယနေ့ ဧပြီလ ၁၅ ရက်နေ့အထိ အလောင်းရှာမတွေ့သေးဟု...
တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၂၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
SHAN -
တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် အငှားနေအိမ် တိုက်ခန်းတစ်ခုတွင် ငွေကျပ်သိန်း နှစ်ထောင်ရှစ်ရာ (၂၈၀၀) တန်ဖိုးရှိ မူးယစ်ဆေးဝါးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ဧပြီ ၈ရက် ညနေ ၆နာရီတွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် အငှားနေအိမ်တိုက်ခန်းကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်ရေး ရဲတပ်ဖွဲ့များက သတင်းရရှိသဖြင့် သွားရောက်စစ်ဆေးရာ ကျပ်သိန်း (၂၈၀၀)တန်ဖိုးရှိ...
သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ရာဇဝတ်မှု ကျူးလွန်သူများကို အများပြည်သူရှေ့ သေဒဏ် ချမှတ်ပြီး ချက်ချင်းကွပ်မျက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နံနက်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် မန်ဆူကျောင်းတိုက်နှင့် အဝေရာလမ်းသွယ် အနီးတွင် MNDAA...
ကျိုင်းတုံ-တောင်ကြီးလမ်း ခရီးသည်တင်ယာဉ် ချောက်ထဲကျ (၇)သေဆုံး၊ (၃)ဦးဒဏ်ရာရ
သျှမ်းပြည် ကျိုင်းတုံ-တောင်ကြီး စပါယ်ရှယ် တောင်အဆင်းလမ်းတွင် ခရီးသည်တင်ယာဉ်ချောက်ထဲကျပြီး (၇)ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မတ်လ (၈)ရက် ည (၈)နာရီ အချိန်ခန့်တွင် ကျိုင်းတုံ-တောင်ကြီး စပါယ်ရှယ် တောင်အဆင်းလမ်း လက်ပံပင်ကွေ့၌ ခရီးသည်တင်ယာဉ်တစ်စီးချောက်ထဲထိုးကျခဲ့ပြီး (၃)ဦးဒဏ်ရာ ရရှိကာ အမျိုးသား...
ငလျင်ဘေးသင့်သူအတွက် အလှူဆန်ကူသယ်ရန်ဟု လိမ်ညာပြီး ဆိုင်ကယ်လုယူသွား
သျှမ်းပြည် တောင်ကြီးမြို့တွင် ငလျင်ဘေးဒဏ်သင့်သူများအတွက် လှူဒါန်းမည့်ဆန်များကို ဝိုင်းကူသယ်ရန် လိမ်ညာခေါ်ဆောင်သွားပြီး ဆိုင်ကယ်လုယူသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီ (၅)ရက်တွင် တောင်ကြီးမြို့ မီးပုံပျံကွင်းစျေးအနီးတွင် ဆိုင်ကယ်ဖြင့် စျေးသို့လာသည့် မြေးအဖွား(၂)ဦးကို အမည်မသိ အမျိုးသားတစ်ဉီးက ငလျင်ဘေးဒဏ်သင့်သူများအတွက် လှူဒါန်းမည့်ဆန်များကို ဝိုင်းသယ်ရန် အကူအညီတောင်းခံပြီး၊ ၎င်းမြေးအဖွား မောင်းလာသည့် ဆိုင်ကယ်ကို...
ညောင်ရွှေ PNO တပ်သားမှ အရက်မူးပြီး သေနတ်ပစ်ဖောက်ရာ အိမ်ရှင်အမျိုးသားတစ်ဉီး ကျည်ထိမှန်ဒဏ်ရာရှိ
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားအင်း အနောက်ဘက်ကမ်းရှိ ကျောက်တန်းကျေးရွာတွင် PNO ပြည်သူ့စစ်မှ အရက်မူးပြီး သေနတ်ပစ်ဖောက်ရာ အိမ်ရှင်အမျိုးသားတစ်ဉီး သေနတ်ထိမှန်သွားခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ (၂၂) ရက်တွင် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ရင်း (၇) မှ တပ်သားများသည် ကျောက်တန်းကျေးရွာရှိ...
နမ့်စန်မြို့တွင် ထိန်းသိမ်းထားသည့် ကျားဖြန့် (၇၀၀) ကျော်ကို ပြည်သူများ ထမင်းထုပ်သွားဝေနေရ
သျှမ်းပြည်တောင်ပိုင်းတကြောရှိ အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို စစ်ကောင်စီမှ ယခုရက်ပိုင်း အသည်းအသန် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ မတ် ၂၂ ရက်မှ စတင်ပြီး စစ်ကောင်စီတပ်ဖွဲ့မှ ကျေးသီး၊ နမ့်စန်၊ ခိုလမ်နှင့် လဲချားမြို့နယ်အတွင်း အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများကို အသည်းအသန် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ကျားဖြန့်လုပ်ကိုင်သူ (၇၀၀)...
မိုင်းရှူးမြို့နယ်ရှိ ကျားဖြန့်ဂိုဏ်းတခုကို SSPP က ဝင်ရောက်ဖမ်းဆီး
သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် အခြေစိုက်လုပ်ကိုင်းနေသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဝင်ရောက် ဖမ်းဆီးလိုက်ကြောင်း ယနေ့ ( မတ်လ (၂၄)ရက် တွင် သတင်းထုတ်ပြန်သည်။ သျှမ်းပြည် မိုင်းရှူးမြို့နယ် နှင့် မိုင်းနောင်မြို့နယ် နယ်စပ်ကြားရှိ တောတွင်တစ်နေရာတွင် တရားမဝင် ကျားဖြန့်ငွေလိမ်ဂိုဏ်း...
မူဆယ်မြို့ အမျိုးသမီးတစ်ဦးကို အမည်မသိလက်နက်ကိုင်လူတစ်စုက ပြန်ပေးဆွဲ
သျှမ်းပြည် မူဆယ်မြို့တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီးတစ်ဉီးကို အမည်မသိလက်နက်ကိုင်လူတစ်စုက ဖမ်းဆီးပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ (မတ်လ ၂၄ ရက်) မနက် ၁၀ နာရီခွဲကျော် မူဆယ်မြို့ ကောင်းမူးလွယ်ရပ်ကွက် မီးကင်းရုံးအနီး တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီး တစ်ဉီးကို အမည်မသိလက်နက်ကိုင်လူတစ်စုက တားပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မူဆယ်မြို့...





