စစ်တပ်အတွက် ဒရုန်းသယ်သူ မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းအာဏာပိုင်များ ဖမ်းမိ

မြန်မာစစ်တပ်အတွက် သွင်းလာသော တရုတ်နိုင်ငံလုပ် ဒရုန်း ၁၀ စီးနှင့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်အနီးရှိ ဟိုတယ်အခန်းတွင် သိမ်းဆည်းရမိကြောင်း ဘန်ကောက်ပို့စ်သတင်းက ဒီဇင်ဘာလ ၂၃ ရက်တွင် ဖော်ပြသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂၁ ရက်က လေဆိပ်အနီးတွင် ဒရုန်းများ ပျံသန်းနေသည်ဟူသော သတင်းများ ထွက်ပေါ်ပြီးနောက် အမျိုးသားလုံခြုံရေးကောင်စီ (NSC) က ခြေရာခံလိုက်စုံစမ်းရာ ဒရုန်းလွှတ်သည့် နေရာအား အတည်ပြုနိုင်ခဲ့ပြီး ဒီဇင်ဘာလ ၂၂ ရက်က ရှာဖွေစီးနင်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဆိုသည်။

ထို့နောက် လေဆိပ်နှင့် ၃ ကိလိုမီတာခန့်အကွာ လတ်ကရာဘန် Soi 30/4 ၊ Grand BS Airport Hotel Suvarnabhumi ရှိ အခန်းတစ်ခန်းကို ရဲများက ဝင်ရောက်ဖမ်းဆီးခဲ့ရာ သံသယရှိသူ အသက် ၃၂ နှစ်အရွယ် ဇွဲထက်အောင်၊ ၂၄ နှစ်အရွယ် စနေလင်းထက်၊ ၂၁ နှစ်အရွယ် ကျော်ဇင်ဟိန်းနှင့် ၃၄ နှစ်အရွယ် သိန်းဇော်တို့ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ၄ ဦးသည် အဆိုပါဟိုတယ်သို့ ဒီဇင်ဘာလ ၂၁ ရက်က David အမည်ဖြင့် အွန်လိုင်းမှ ကြိုတင်ဘွတ်ကင်လုပ်ကာ ဝင်ရောက်ခဲ့ပြီး၊ စစ်ဆေးချက်များအရ သံသယရှိများက ၎င်းတို့အား ထိုင်းနိုင်ငံတွင် ဒရုန်းများလာယူရန် အမည်မသိ မြန်မာနိုင်ငံသား ၁ ဦးက ဌားရမ်းခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းက ဖော်ပြထားသည်။

တရုတ်နိုင်ငံ DJI မှ ထုတ်လုပ်သော ဒရုန်း ၁၀ စင်းကို အခန်းထဲမှ သိမ်းဆည်းခဲ့ပြီး အဆိုပါဒရုန်းများကို ၎င်းတို့ ၄ ဦးက မြန်မာနိုင်ငံရှိ Kevin Zo အမည်ရှိ သူဌေးထံ ယူဆောင်လာရန် ခိုင်းစေခံရကြောင်း၊ အဆိုပါသူဌေးက မြန်မာစစ်တပ်သို့ ရောင်းချပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သံသယရှိသူများ၏ ဗီဇာများကို ပယ်ဖျက်ခဲ့ပြီး ဆက်လက်စုံစမ်းမြန်းမှုများ ပြုလုပ်ရန် လူဝင်မှုကြီးကြပ်ရေး ဗျူရိုမှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဘန်ကောက်ပို့စ်သတင်းက ဆိုသည်။

စစ်တပ်အတွက် ဒရုန်းသယ်သူ မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းအာဏာပိုင်းများ ဖမ်းမိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်အနီးတွင် သံသယရှိသော ဒရုန်းပျံသန်းမှုများကို တွေ့ရှိခြင်းကြောင့် လုံခြုံရေး အေဂျင်စီများ၊ အမျိုးသားအသံလွှင့်ဌာနနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) က လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်း၍ ထပ်မံရှာဖွေရာ သံသယဖြစ်ဖွယ် ဒရုန်းအစင်းရေ ၂,၅၀၀ ကျော်ကို သိမ်ဆည်းရမိခဲ့ကြောင်း ထိုင်းအမှတ် (၂) စစ်ဒေသက ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် နောက်ဆက်တွဲ သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံ အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့ (CAAT) နှင့် အမျိုးသားအသံလွှင့်ဌာနနှင့် ဆက်သွယ်ရေး ကော်မရှင် (NBTC) တို့၏ ကြေညာချက်များအရ ထိုင်းနိုင်ငံတွင် ဒရုန်းပျံသန်းရန်အတွက် ဒရုန်းရရှိပြီး ၃၀ ရက်အတွင်း မှတ်ပုံတင်ရမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းဥပဒေအရ ကင်မရာတပ်ဆင်ထားသည့် ဒရုန်းများ အားလုံးသည် NBTC နှင့် CAAT တွင် မှတ်ပုံတင်ရမည် ဖြစ်ပြီး၊ အကယ်၍ ကင်မရာ တပ်ဆင်ထားခြင်းမရှိသည့် (အလေးချိန် ၂ ကီလိုထက်ပိုသော) ဒရုန်းများမှာလည်း NBTC နှင့် CAAT တွင် မှတ်ပုံတင်ရမည် ဖြစ်သည်။

ကင်မရာတပ်ဆင်ထားခြင်းမရှိသည့် (အလေးချိန် ၂ ကီလိုထက်နည်းသော) ဒရုန်းများမှာမူ NBTC တွင် မှတ်ပုံတင်ရန် လိုအပ်ပြီး CAAT တွင် မှတ်ပုံတင်ရန် မလိုအပ်ပေ။ အလားတူ (အလေးချိန် ၂၅ ကီလိုထက်ပိုသော) ဒရုန်းများ အားလုံးသည် NBTC နှင့် CAAT တွင် မှတ်ပုံတင်ရမည် ဖြစ်သည်။

နယ်စပ်လုံခြုံရေး အခြေအနေများကြောင့် အထူးခွင့်ပြုချက်မရှိဘဲ ဒရုန်းပျံသန်းခြင်းမရသကဲ့သို့ လေဆိပ်နှင့် လေယာဉ်ပျံ တက်/ ဆင်း နေရာများ၊ တော်ဝင်နန်းတော်၊ စစ်ဘက်နယ်မြေများနှင့် လုံခြုံရေးအေဂျင်စီလို နေရာများတွင် ပျံ့သန်း၍ မရကြောင်း ထိုင်းဥပဒေအရ သတ်မှတ်ထားသည်။

ထို့အပြင် ဒရုန်းပျံသန်းချိန်ကိုလည်း နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း သတ်မှတ်ထားပြီး အမြင့် ၉၀ မီတာ (ပေ ၃၀၀) ထက် မပိုစေရကြောင်း သတ်မှတ်ထားသည်။ အကယ်၍ ခွင့်ပြုချက်မရှိဘဲ ဒရုန်းပျံသန်းခြင်း (သို့မဟုတ်) ကန့်သတ်နေရာများတွင် ဒရုန်းပျံသန်းပါက ထိုင်းဥပဒေအရ ထောင်ဒဏ် ၁ နှစ် (သို့မဟုတ်) ဒဏ်ငွေ ၄၀,၀၀၀ (သို့မဟုတ်) နှစ်မျိုးစလုံး ချမှတ်ခံရနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...