ကျေးသီးမြို့တွင် ရွှေဆိုင် ဓါးပြတိုက်ခိုက်ခံရ
သျှမ်းပြည်တောင်ပိုင်းကျေးသီးမြို့လယ် စျေးတန်းရပ်ကွက်ရှိရွှေဆိုင်တဆိုင်အား အမည်မသိလူ ၂ ဦးက ၀င်ရောက်ဓါးပြတိုက်ရာ ရွှေထည်ပစ္စည်းနှင့်ငွေသားများ ပါသွားကြောင်းသိရသည်။ မေလ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က အမည်မသိအမျိုးသား ၂ ဦးသည် ကားတစီးဖြင့် စိုင်းခမ်းလူ နန်းခင်ငွေတို့၏ ရွှေဆိုင်သို့ရောက်ရှိလာပြီး ဗုဒ္ဓဆင်းထုတော်လာရောင်းရာမှ ဓါးပြတိုက်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်ရှိ နေအိမ်တလုံးကို လက်နက်ကိုင် တပ်ဖွဲ့ တခုက ဝင်ရောက်စီးနင်းရာ ရဲနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ တို့ဝင်ရောက် လာသဖြင့် အဆိုပါနေအိမ်အတွင်းပစ်ခတ်မှု ဖြစ်ပွါးခဲ့ကြောင်း သတင်းရရှိသည်။ မေလ ၁ ရက် ယမန်နေ့က ဆိုင်ကယ် ၃ စီးဖြင့်လာသော လက်နက်များကိုင်ဆောင်သည့် လူ...
နွားကားများပစ်ခတ်ခံရ ကားသမားတဦးသေ တဦးဒဏ်ရာရ
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ်တွင် နွားတင်ကား ၂ စီး သေနတ်ပစ်ခံရပြီး ကားသမား တဦး သေဆုံး တဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မေလ ၁ ရက် ညနေ ၅ နာရီခွဲက သီပေါမြို့ မန်ဟိုင်းကျေးရွာ အနီး တွင် နွားကားတစီးပစ်ခတ်ခံရပြီး...
လယ်ယာသွားသည့် ကျောက်မဲမြို့မှ အမျိုးသားတဦး ၁၀ ရက်ကျော်ကြာပျောက်ဆုံးနေ မိသားစုမှစိုးရိမ်ပူပန်နေရ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် လယ်ယာသွားသည့်ဒေသခံအမျိုးသားတဦး ၁၀ ရက်ကျော်ကြာပျောက်ဆုံးနေလျှက်ရှိရာ မိသားစုဝင်များက စိုးရိမ်နေကြကြောင်းသိရသည်။ ကျောက်မဲမြို့နယ် မိုင်းတန်အုပ်စု ဝမ့်စန်းရွာနေ စိုင်းအောင်ထွန်း (အသက် ၄၂) ဆိုသူသည် ဧပြီလ ၁၇ ရက်နေ့မနက်ပိုင်းက ၎င်းလယ်ကွက်သို့ မြေဩဇာထည့်ရန်အသွားပျောက်ဆုံးသွားသည်မှာ ယနေ့တိုင် ၁၀ ရက်ကျော်ကြာပြီဖြစ်သော်လည်း သတင်းအစအန မကြားရသဖြင့် မိသားစုဝင်နှင့်ဆွေမျိုး...
တောင်ကြီး မြို့ပေါ်တွင် ၁ နှစ်အောက်ကလေး ပါ၀င်သည့် ၄ လောင်းပြိုင်လူသတ်မှုဖြစ်ပွား
အသက် ၁ နှစ်အောက်ကလေးတဦးအပါအဝင် ၄ လောင်းပြိုင်လူသတ်မှုတခု သျှမ်းပြည်နယ် မြို့တော်တောင်ကြီးမြို့တွင် ဖြစ်ပွါးခဲ့သည်။ ဧပြီလ ၂၈ ရက် ယနေ့မနက်ပိုင်းက တောင်ကြီးမြို့၊ ကံသာရပ်ကွက် တိုင်းရင်းဆေးဝါး ထုတ်လုပ်သည့် (မြင်းဖြူ နှစ်ကောင်ဆေးတိုက်)တွင် မိသားစုအလိုက် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည် ။
" ဖြစ်တာက မနေ့ညက ၁၂...
မူဆယ်မြို့နယ်က မူလတန်းကျောင်းတကျောင်း ဖောက်ထွင်းခံရ
သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် တာတွေ ကျေးရွာ မူလတန်းကျောင်းတွင် ယခုရက်ပိုင်း အတွင်း ဖောက်ထွင်း မွှေနှောက် ခံရကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့ နှင့် မိုင် ၅၀ ဝေးသည့် တာတွေကျေးရွာ တွင် မူလတန်းကျောင်းရှိ ဆရာမများ သင်္ကြန်ပိတ်ရက် နေ့ရပ်ပြန်ချိန်တွင် ဆရာမများနေထိုင်သည့် ယာယီ...
၅ နှစ်အရွယ် သမီးအရင်းကို ဖခင်အရင်းထံ ကာမ သွားရောင်းစားသည့်အမျိုးသမီးအား ထိုင်းရဲများဖမ်းဆီး
ထိုင်းနိုင်ငံ အရှေ့ပိုင်း ချချိန်းဆောဝ် ခရိုင်တွင် ဖနွမ်းဆာရခမ်း မြို့နယ် နောင်ယောင်းအုပ်စု ရပ်ကွက် ၃ တွင် အသက် ၅ နှစ်အရွယ် သမီးဖြစ်သူကို ၄င်း၏ ဖခင်အရင်းဖြစ်သူထံ လိင်ကျွန်အဖြစ် တပတ် ၂ ကြိမ် ရောင်းစား ခဲ့သည့်အမျိုးသမီးအား ထိုင်းရဲများက ၀င်ရောက်ဖမ်းဆီးခဲ့ကြကြောင်းသိရသည်။ အသက်...
RCSS ARMY Facebook Page က ဘယ်သူ့ဟာလဲ …..?
SHAN -
ပြီးခဲ့တဲ့နှစ်က ကျနော်တို့ သျှမ်းပြည်မှာ သျှမ်းအချင်းချင်းကြားက ပဋိပက္ခတွေကြောင့် သျှမ်းပြည်သားတွေ ပျော်ရွှင်အေးချမ်းမှုမရှိခဲ့ပါဘူး။ ကျနော်တို့ သျှမ်းအမျိုးသားတွေအတွက် လွတ်မြောက်ရေး ဆောင်ရွက်ပေးမယ် လို့ အားလုံးကယုံကြည်အားကိုးခဲ့ရတဲ့ သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ ၂ ဖွဲ့က အချင်းချင်းပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံလူထုတို့ နေရပ်ကနေစွန့်ခွါပြီး စစ်ဘေးရှောင်ခဲ့ကြရပါတယ်။ သို့ပေမယ့် မိုင်းဖုန်းဆရာတော် ခူးဝါးဝန်းစုမ့်ကိုအမှူးပြုပြီး ပြီးခဲ့တဲ့လက...
တောင်ကြီးသင်္ကြန်ကာလ အကြိုလုံခြုံရေးဆောင်ရွက်ရာတစ်ပတ်အတွင်း (၁၄) မှု အရေးယူနိုင်ခဲ့ဟုဆို
တောင်ကြီးမြို့ပေါ်သင်္ကြန်ကာလ အကြိုလုံခြုံရေးအတွက်ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ရာ တစ်ပတ်အတွင်း လက်နက်မှု (၃) မှုနှင့် မူးယစ်ဆေးဝါး မှု (၁၁) မှုစုစုပေါင်း(၁၄) မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်းတောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နိုင်ထံမှသိရ သည်။ " သင်္ကြန်ကာလမှာ ခိုက်ရန်ဖြစ် ပွားမှုတွေ ၊ သင်္ကြန်နဲ့ ပတ်သက်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ၊...
နမ္မတူမှကျေးလက်ရွာသူကြီးအိမ် ဗုံးပစ်ခံရ သံဃာတော်တပါးထိခိုက်ဒဏ်ရာရ
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စု မန်စံရွာတွင် ရွာသူကြီးနေအိမ်ခြံဝင်း အတွင်း လက်ပစ်ဗုံးပေါက်ရာ ဖြတ်သန်းသွားသောသံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။ ယမန်နေ့မနက် ဧပြီလ ၈ ရက် ညပိုင်းက မန်စံရွာသူကြီး ဦးဖိုးထောင်နေအိမ်အတွင်း အမည်မသိလူတဦးက လက်ပစ်ဗုံးပစ်ဝင်ရာ အိမ်ရှေ့ဖြတ်သွားသည့် သံဃာတော်တပါး ဗုံးပေါက်ကွဲထိမိသဖြင့် သံဃာတော်...





