Wednesday, January 28, 2026

မိုင်းတင်အုပ်စု အုပ်ချုပ်ရေးမှူး ကြီးကြပ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဌ သေနတ်ပစ်သတ်ခံရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်အုပ်စု အုပ်ချုပ်ရေးမှူး ကြီးကြပ်ရွေးချယ်ရေး အဖွဲ့ ဥက္ကဌ ဦးကောရွှေဝင်းသည် ယနေ့ မွန်းလွှဲပိုင်းက သေနတ်ပစ် သတ်ခံရကြောင်း သတင်းရရှိသည်။


ယနေ့ သေနတ်သတ်ခံရပြီးသေဆုံးသွားသည့် မိုင်းတင်းကျေးရွာ အုပ်ချုပ်ရေးမှူး ကြီးကြပ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဌ (ဓာတ်ပုံ ဒေသခံတဦး)

ဇွန် ၆ ရက်  ယနေ့ မွန်းလွှဲပိုင်းက မိုင်းတင်အုပ်စု အုပ်ချုပ်ရေးမှူး ကြီးကြပ်ရွေးချယ်ရေး အဖွဲ့ ဥက္ကဌ ဦးကောရွှေဝင်း အသက် ၅၀ နှစ်သည် မန်စန်းရွာ ရှိ တောင်ယာတွင် အလုပ်လုပ်နေချိန် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ သေနတ်ဖြင့် လာရောက် ပစ်သတ်ခဲ့ကြောင်း သိရသည်။

“ သေနတ်ပစ်တဲ့ ဒဏ်ရာကတော့ ၆ ချက်ပါ။ တောင်ယာ အလုပ်လုပ်နေရင် သေနတ်ပစ်ခံရတာပါ။ဘယ်အဖွဲ့ ကလာပစ်တယ်ဆိုတာ စုံစမ်းဆဲပါ” ဟု ကျောက်မဲမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် ဦးကောရွှေဝင်းသည် နောက်စေ့ ဖောက်ဝင်ဒဏ်ရာ ၂ချက်၊ ကျောလယ်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ကျောယာဘက် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ခါးဆစ်ယာဘက် ဖောက်ဝင်ဒဏ်ရာ ၁ချက် နှင့် မျက်နှာပွင့် ထွက် ဒဏ်ရာ၊ရင်ညွှန့်ဖောက်ထွက် ဒဏ်ရာ တချက် တို့ဖြင့်သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်း ရဲအရာရှိက ပြောသည်။

အဆိုပါ တောင်ယာတွင် ဦးကောရွှေဝင်း နှင့် ဇနီး ဖြစ်သူ ဒေါ်နန်းခမ်းအေး တို့ သည် အတူတူ နေ့လည်စာစားပြီး၊ အလုပ် ပြန်လုပ်ရန်  ဦးကောရွှေဝင်း တောင်ယာသို့ သွားနေစဉ် သေနတ်ပစ်ခံရခြင်းဖြစ်ကြာင်း၊ မည်သည့် အဖွဲ့က လာရောက်ပစ်ခတ်သည်ကို မတွေ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဦးကောရွှေဝင်း သေဆုံးမှုနှင့် ပတ်သက်ပြီး တရားခံကို စုံစမ်းနေဆဲဖြစ်ပြီး၊ (ပ) ၅၅/၂၀၂၀ ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

ကျောက်မဲမြို့နယ် မိုင်းတင်ကျေးရွာ အုပ်စုတွင် ဇန်နဝါရီ ၂၂ရက် ၌  အုပ်စု ရပ်ကျေး စာရေး အမျိုးသားတဦး သေနတ်ပစ်ခံရပြီး ဖေဖော်ဝါရီလတွင် အရပ်သား တဦး အသတ်ခံရခဲ့ရသည်။

ထို့ပြင် ၂၀၁၉  နိုဝင်ဘာလကလည်း ကျောက်မဲမြို့ စားသောက်ဆိုင် တခု၌ မိုင်းတင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး နှင် ကျေးရွာ အုပ်ချုပ်ရေးမှူး ၂ဦး လည်း သေနတ်ပစ်သတ်ခံရခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ သက်ငယ်မုဒိမ်းကျူးလွန်သည့် တရားခံ အချုပ်ခန်းထွက်ပြေးရန် ကြိုးစားနေချိန် သေနတ်ပစ်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ တွင် သက်ငယ်မုဒိမ်းကျူးလွန်ခဲ့သည့် တရားခံ သူရိန်ထွန်းသည် ရဲအချုပ်ခန်းမှ ထွက်ပြေးနေစဉ် သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ တာချီလတ်မြို့ အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီးအလောင်းဖျက်မှုဖြင့် အရေးယူခံထားရသည့် သူရိန်ထွန်းသည် သြဂုတ် ၆ ရက် နေ့လယ်ပိုင်းတွင် ရဲအချုပ်ခန်းမှ...

သိန္နီမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် လူငယ်တစ်ဦး အမည်မသိ လက်နက်ကိုင် သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် သိန္နီမြို့နယ် မောက်စလီကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် မြေးဖြစ်သူ လူငယ်တစ်ဦးတို့ အမည်မသိ လက်နက်ကိုင်အဖွဲ့၏ သေနတ်ပစ်သတ်ခြင်း ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၃ ရက်) ညပိုင်းတွင် သိန္နီမြို့နယ် မောက်စလီ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် မြေးဖြစ်သူ လူငယ်တို့ နှစ်ဦးသည် လားရှိုး-သိန္နီ...

ကျိုင်းတုံမြို့နယ် ဆယ်အိမ်မှူးတစ်ဦး သေနတ်ပစ်ခံရ

0
သျှမ်းပြည် ကျိုင်းတုံမြို့နယ်မှ ဆယ်အိမ်မှူး တစ်ဦးသည် သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ကျိုင်းတုံမြို့၊ ပန်ယောင်းကျေးရွာမှ အသက် (၃၅) နှစ် ဆယ်အိမ်မှူး တစ်ဦးသည် အမျိုးသမီးဖြစ်သူ နှင့်...

လဲချားမြို့နယ် အမျိုးသားတစ်ဦး သေနတ်ပစ်ခံရ

0
သျှမ်းပြည် လဲချားမြို့နယ် ဟိုဖိုင်ကျေးရွာအတွင်း နေထိုင်သည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ၎င်းနေအိမ်အနီးသို့ လာရောက်ပစ်ခတ်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် (အောက်တိုဘာလ ၂၈ ရက်) ညပိုင်း ၇ နာရီဝန်းကျင်တွင် လဲချားမြို့နယ် ဟိုဖိုင်ကျေးရွာနေ အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးအား ဆိုင်ကယ်တစ်စီးနှင့်...

မိုးနဲမြို့  အိမ်ဝန်းထဲ အမျိုးသားတစ်ဦး  သေနတ်ဖြင့် ပစ်သတ်ခြင်းခံရ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ လွယ်မြေရပ်ကွက် တွင်နေထိုင်သည်  အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်နှစ်ဦးက အိမ်ဝန်းထဲအထိလာရောက်ပြီး သေနတ်ဖြင့်ပစ်သတ်သွားကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၈) ရက် ည ၈ နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်အမျိုးသားနှစ်ဦးက ဆိုင်ကယ်စီးလာပြီး  အသက် ၄၀ အရွယ်ရှိ စိုင်းအိုက်ခြုံကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။ “သူ့တို့အိမ်ကလည်းဆေးရုံဝန်းထဲမှာဆိုတော့...