ကျိုင်းတုံမြို့နယ် ဆယ်အိမ်မှူးတစ်ဦး သေနတ်ပစ်ခံရ

သျှမ်းပြည် ကျိုင်းတုံမြို့နယ်မှ ဆယ်အိမ်မှူး တစ်ဦးသည် သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း သိရသည်။

ကျိုင်းတုံမြို့

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်တွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် ကျိုင်းတုံမြို့၊ ပန်ယောင်းကျေးရွာမှ အသက် (၃၅) နှစ် ဆယ်အိမ်မှူး တစ်ဦးသည် အမျိုးသမီးဖြစ်သူ နှင့် လားဟူပွဲတော် အပြန် လမ်းတစ်ဝက် အရောက်၌ သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်းသိရသည်။

“ပြန်လာတဲ့ လမ်းမှာ သစ်တုံး တစ်တုံးလမ်းပေါ် ကန့်လန့်ဖြတ်နေလို့ သူ့ အမျိုးသားက ဆိုင်ကယ်ပေါ်က ဆင်းပြီး အဲ့သစ်တုန်းကို ဖယ်ဖို့ သွားတဲ့ အချိန်မှာ သေနတ်နဲ့ ပစ်ခံရတာတဲ့၊ သေနတ်သံ ကြားကြားချင်း သူ့အမျိုးသမီးက ဆိုင်ကယ်ကို နောက်လှည့်ပြီး မောင်းပြေးသွားတာ၊ သူ့ယောက်ျား လဲသွားတာပဲ မြင်လိုက်မိတယ်ဆိုပဲ” ဟု နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယင်းကဲ့သို့ အမျိုးသား ဖြစ်သူ ဆယ်အိမ်မှူးမှ ပစ်ခတ် သတ်ဖြတ်ခံရခြင်း နှင့် ပတ်သက်ပြီး အမျိုးသမီး ဖြစ်သူ နှင့် ဆွေမျိုးတော်စပ်သူများက အမှုမှန်ပေါ်ပေါက်ပြီး ကျူးလွန်သူကို အရေးယူပေးစေလိုကြောင်း ရဲစခန်း နှင့် သက်ဆိုင်ရာ ဌာနများထံသို့ တိုင်ကြားထားသော်လည်း အကြောင်းထူး မရှိသေးကြောင်း သျှမ်းသံတော်ဆင့် ကိုဆက်ပြောသည်။

“ခုဆို အမှုကလည်း တစ်ပတ်လောက်ရှိလာပြီ။ နာရေးတောင် ပြီးသွားပြီ အမှုနဲ့ ပတ်သက်တာ မေးလိုက်ရင် ရဲစခန်း ဘက်ကလည်း စုံစမ်းနေတုန်းပဲ ဆိုပြီးတော့ပဲ အကြောင်းပြန်တယ်။ ဘာသဲလွန်စ ရနေလဲ၊ ဘယ်လောက် ထိ စုံစမ်းနေလဲဆိုတာလည်း မပြောဘူး။ ကျမတို့ကတော့ အမှုမှန် ပေါ်ပေါက်ရေးကိုပဲ လိုလားတယ်။ ကျူးလွန် သူ သူကိုလည်း ထိထိမိမိ အရေးယူပေးစေချင်တယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။
ပစ်မှုကျူးလွန်သူများကို အရေးယူ ဖမ်းဆီး နိုင်ခြင်းမရှိပါက နောက်နောင် အပစ်ကျူးလွန်သူများ အတင့်ရဲလာနိုင်ချေရှိပြီး တရားဥပဒေကို ကြောက်လန့်မှု မရှိကြမည်စိုးသည့်အတွက် ရဲများ၊ သက်ဆိုင်ရာများ ထိရောက်စွာ အလုပ်လုပ်ကိုင်စေလိုကြောင်းလည်း တောင်းဆိုထားကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက် နှင့် ၁၁ ရက်တွင်လည်း ကျိုင်းတုံမြို့နယ်အတွင်း၌ ပေါက်ကွဲမှု နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ၅ ဦးထက်မနည်း ရှိခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...

ကျိုင်းတုံ ဆိုင်ကယ်သူခိုးသောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဆိုင်ကယ်များ ခိုးယူခံရခြင်း၊ လုယက်ခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစပြီး ကျိုင်းတုံမြို့သည် ပြည်သူများ အတွက် လုံခြုံမှုကင်းမဲ့နေသည့်အပြင် စစ်ကော်မရှင် လက်အောက်ခံတာဝန်ရှိသူများမှ ဆိုင်ကယ်သူခိုးများ၊ လုယက်သူများကို ဖမ်းဆီး အ‌ရေးယူးဆောက်ရွက်မှုကြောင်း လည်း ကျိုင်းတုံမြို့ ဒေသခံ...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...