Wednesday, January 28, 2026

နမ့်စန်မြို့နယ် အမျိုးသမီးတဦး ကားပေါ် သေနတ်ဒဏ်ရာဖြင့်သေဆုံး

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် တွင် အမျိုးသမီးတစ်ဦးသည် အိမ်စီးကားပေါ်၌ သေနတ်ဒဏ်ရာ ဖြင့် သေဆုံးနေကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇူလိုင် ၂၃ ) ည ၁၁ နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့ မှ စုံစမ်းသိရသည်။

နမ့်စန်မြို့နယ် တပ်ဖွဲ့မှူး ရဲမှူး မင်းအောင် က ဖြစ်စဉ် နှင့် ပတ်သက်ပြီး မေးမြန်းရာ “ မနေ့ည က အမျိုးသမီး ကားပေါ်မှာ သေနတ်ဒဏ်ရာနဲ့သေဆုံးတာ ဟုတ်ပါတယ်” ဟု ပြောသည်။

၎င်း အမျိုးသမီး သေဆုံးရာ နေရာသည် နမ့်စန်မြို့၏ အထွက် ခိုလမ်သွားသည့်လမ်း ၆ မိုင်အကွာတွင် ရှိကြောင်း နမ့်စန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမတ် (၁)ဦးလင်းအောင်ရွှေ က ပြောသည်။

“ဘယ်လိုဖြစ်တာလဲ ဆိုတာ လောလောလတ်လတ်တော့ မပြောနိုင်ဘူးပေါ့နော်။ ကားကတော့ Mitsubishi ကားအဖြူပဲ။ ဘယ်လိုဖြစ်သလဲတော့ မသိဘူး။ ထင်ချက်တွေတော့ အမျိုးမျိုးပြောနေကြတယ်။ ပတ်သက်မှု တစ်ခုခုတော့ ရှိမှာပေါ့” ဟု ဦးလင်းအောင်ရွှေ က ဆိုသည်။

ထိုအမျိုးသမီး သေဆုံးမှုနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်ကို မသိရှိရသေးကြောင်း၊ နမ့်စန်မြို့နယ် ရဲစခန်း သေမှုသေခင်း နှင့် စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကွတ်ခိုင်မြို့နယ် ရေခဲချောင်း လှည့်ရောင်းချသူတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်း ရေခဲချောင်း လှည့်ရောင်းချနေသူ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံထားရသည့် ဒဏ်ရာများ နှင့် သေဆုံးနေလျက်ရှိကြောင်း စုံစမ်းသိရသည်။ . ယမန်နေ့ သြဂုတ် ၁၀ ရက် နေ့လယ်ပိုင်း ၁၂ နာရီဝန်းကျင်အချိန်တွင် ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာအနီးရှိ လမ်းဘေး၌ ဆိုင်ကယ်ဖြင့် ရေခဲချောင်းလှည့်ရောင်းချသူ အမျိုးသားတစ်ဦးသည် ဒဏ်ရာဒဏ်ချက်များ နှင့်...

နမ့်စန်မြို့ စစ်ကောင်စီလေတပ်များ တိုင်းရင်းသားဒေသကို ထိုးစစ်ဆင်နေ

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ လေတပ်စခန်းကို အသုံးပြုကာ တိုင်းရင်းသားဒေသများသို့ ထိုးစစ်ဆင်နေကြောင်း နမ့်စန်ဒေသခံများက ပြောဆိုလိုက်သည်။ နမ့်စန်မြို့ရှိ လေတပ်စခန်းမှ ပစ္စည်းတင်ရဟတ်ယာဉ်များ၊ လူတင်ယာဥ်များနှင့် တိုက်လေယာဉ်တို့က နေ့စဥ် အဆင်းအတက် ပြုလုပ်နေကြောင်း နမ့်စန်မြို့ခံ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “စစ်လေယာဉ်တွေ၊ ရဟက်ယာဉ်တွေ အတက်အဆင်းလုပ်နေတာက နေ့တိုင်းရှိနေပါတယ်၊...

နမ့်စန် မြို့မစျေးကြီးရှိ ရွှေဆိုင်တစ်ဆိုင်ကို လူတစ်စု က သေနတ်ပစ်ခတ် ဓားပြတိုက်ရန်ကြိုးစား

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ မြို့မဈေးအတွင်းဖွင့်လှစ်ထားသည့် ခမ်းလီရွှေဆိုင်ကို ယနေ့ (ဇန်နဝါရီ ၇)ရက် ညနေ ၃ နာရီဝန်းကျင်တွင် မျက်နှာဖုံးဝတ်ဆင်ထားသည့် အမျိုးသားလူငယ်တစ်စုက သေနတ်ဖြင့် ပစ်ခတ်ဓားပြတိုက်ရန် ကြိုးစားခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၃ နာရီကျော် ဝန်းကျင်တွင် နမ့်စန်မြို့မဈေးအတွင်းရှိ...

သျှမ်းတောင် နမ့်စန်မှ စစ်ရဟတ်ယာဥ်များ သျှမ်းမြောက်ဘက်သို့ ဦးတည် ပျံသန်း

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်မှ လေယာဥ်များစွာသည် မြောက်အရပ်သို့ ဦးတည်ပြီး ပျံသန်းသွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့ နေ့လည် ၁၁ နာရီခွဲဝန်းကျင်ခန့်တွင် နမ့်စန်မြို့အခြေစိုက် စစ်ကောင်စီ လေတပ်စခန်းမှ အမျိုးအစားမတူသည့် လေယာဥ်များသည် သျှမ်းမြောက်ဘက်သို့...

နမ့်စန်မြို့နယ် နားရိုင်းပြည်သူ့စစ် ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ နားရိုင်းပြည်သူ့စစ်မှ ပြောင်းခြံပိုင်ရှင်ထံ ဆက်ကြေးကောက်နေကြောင်း စုံစမ်းသိရှိရသည်။ နမ့်စန်မြို့နယ် လိုက်ခါးကျေးရွာရှိ ပြောင်းစိုက်သည့် ခြံပိုင်ရှင်များထံ ဒီဇင်ဘာ (၂၆) ရက်နေ့ နောက်ဆုံးထားပြီး ဆက်ကြေးလာပေးရမည်ဖြစ်ကြောင်း လိုက်ခါးကျေးရွာ ပြောင်းခြံပိုင်ရှင် တစ်ဦးထံမှ စုံစမ်းသိရှိရသည်။ “ဒီနှစ်မှ သူတို့ စကောက်လာတယ်။ တစ်ခါမှ မကောက်ဖူးသေးဘူး။ တစ်ရွာလုံးကို...