Tuesday, January 27, 2026

အဓမ္မပြုကျင့်ရန် ဆွဲရမ်းခံရသည့် စစ်ရှောင်မသန်စွမ်းအမျိုးသမီး ရိုးရာအရ ကျေအေးပေးရ

သျှမ်းပြည်မြောက်ပိုင်းကွတ်ခိုင် စစ်ရှောင်စခန်းတွင်နေထိုင်သည့် မသန်စွမ်း အမျိုးသမီးတဦးကို အမျိုးသားတဦးက အဓမ္မပြုကျင့်ရန်ကြိုးစားခဲ့ပြီး ရိုးရာထုံးတမ်းအရ ကျေအေးလိုက်ရကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ၉ ရက် မွန်းလွှဲ ၁ နာရီခွဲက ကွတ်ခိုင် မြို့ စစ်ရှောင်စခန်းတွင်နေထိုင်သည့် အမျိုးသမီး တဦးကို ရပ်ကွက် (၁)တွင်နေထိုင်သည့် အမျိုးသားတဦးက လာရောက်ပြီး အတင်းအဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကိစ္စကို ရိုးရာအရ ကျေးအေးလိုက်ရကြောင်း စစ်ရှောင်စခန်း တာဝန်ခံ ဒေါ်ဘောက်တောင် က ပြောသည်။

“ အတင်းအဓမ္မပြုဖို့ ကြိုးစားတာပါ။ မပြုကျင့်သေးဘူး။ ရိုးရာ အရ ကျေအေးတယ်ဆိုတာကလည်း နှစ်ဖက် မိဘတွေ သဘောဆန္ဒအရပါ။ကျမတို့ သဘောဆန္ဒ အရမဟုတ်ပါဘူး” ဟု စစ်ရှောင်စခန်း တာဝန်ခံ ဒေါ်ဘောက်တောင် က ဆိုသည်။

အဆိုပါ မသန်စွမ်းအမျိုးသမီးကို အတင်းအဓမ္မပြုကျင့်ရန် ကြိုးစားသည့် အမျိုးသားသည် အရက်သေစာ သောက်ထားသောကြောင့်ဖြစ်သည်ဟုဆိုကာ အမျိုးသား၏ ဆွေမျိုးမိဘများက လာရောက်တောင်းပန် ဝန်ခံကတိပြုခဲ့ပြီးနောက် အမျိုးသမီးဘက်ကလည်း ရိုးရာ အရ ကျေအေးလိုက်ကြောင်း ဒေါ်ဘောက်တောင် က ထပ်လောင်းပြောသည်။

ထိုသို့တောင်းပန်ရာတွင် မုဒိမ်းမှု ကျူးလွန်ရန် ကြိုးစားသည့် အမျိုးသားဘက်မှ ထုံးတမ်းအစဉ်အလာအရ စခန်း အတွင်း ဝင်ရောက်မှု၊ အိမ်တွင်း ဝင်ရောက်မှု နှင့် ရပ်ကွက် အတွင်း ကျူးကျော်ဝင်ရောက်မှုအတွက် ဒဏ်ငွေ တသိန်းခွဲနှင့် အမျိုးသမီး အတွက် ကျပ်တသိန်း ပေးဆောင်ကာ အမှုကျေးအေးခဲ့ကြောင်း စုံစမ်းသိရသည်။

ထိုသို့ထပ်မံမဖြစ်ပွါးစေရေးအတွက် အဆိုပါ စစ်ရှောင်စခန်း၏ လုံခြုံရေး အား ယခင်ကထက်များစွာ ပြုလုပ်ရန် လိုအပ်ကြောင်း၊ အပြင်လူဝင်ပါက စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း ၎င်း တာဝန်ခံ က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Namhpakka_Flood

ကွတ်ခိုင်မြို့နယ်အတွင်း အခါလွန်မိုးရွာပြီး တောင်ကျရေကြောင့် စပါးခင်းရေမြုပ် ပျက်စီးမှုများ

0
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေကြောင့် စပါးခင်းများ ရေမြုပ်ကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်မြို့ အသက် (၈) နှစ် မိန်းကလေးကို သတ်ခဲ့သည့် တရားခံများ ထွက်ပြေးလွတ်မြောက်နေဆဲ

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် အသက် (၈) နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့သည့် တရားခံများ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက် နေ့လယ် ၃ နာရီခွဲအချိန်က ကွတ်ခိုင်မြို့ ရပ်ကွက် (၈) တွင် နေထိုင်သော အသက် (၈)...

ရွာငံ စစ်ရှောင်စခန်းပေါ် တောင်ပြိုကျမှု တစ်နှစ်ခွဲ ကလေးအပါအဝင် စစ်ရှောင်(၁၀)ဦး နစ်မြုပ်သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ကျောက်တောကျေးရွာတွင် စစ်ဘေးရှောင်စခန်းပေါ် တောင်ပြိုကျပြီး တစ်နှစ်ခွဲအရွယ် ကလေးအပါအဝင် စစ်ဘေးရှောင် (၁၀)ဦး နစ်မြုပ်သေဆုံး ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်တွင် ရွာငံမြို့နယ်ထဲ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် တောင်ကျရေနှင့်အတူ ရွှံ့နွံ၊ ကျောက်တုံး၊ သစ်တုံးများ မျှောပါလာပြီး ကျောက်တောရွာရှိ...

ကွတ်ခိုင်တွင် MNDAA ရုံးထဲ မြန်မာနိုင်ငံအလံလွှင့်ထူ၊ TNLA မှ စာသင်ကျောင်းများ အရေးပေါ်ပိတ်ထား

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ရုံးများထဲတွင် မြန်မာနိုင်ငံတော်အလံကို ပြန်လည်လွှင့်ထူထားပြီး TNLA ဘက်မှလည်း စာသင်ကျောင်းများ အရေးပေါ် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) တွင် ကွတ်ခိုင်မြို့ပေါ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ဘက်ခြမ်းရှိ ဌာနဆိုင်ရာ ရုံးများထဲတွင်...

ကွတ်ခိုင်နှင့် မိုင်းလုံမြို့ကို စစ်ကောင်စီလေကြောင်းဗုံးကြဲ၊ ကလေးအပါအဝင် အရပ်သား (၇) ဦး သေဆုံးပြီး (၉) ဦး ဒဏ်ရာရ

0
သျှမ်းပြည် ကွတ်ခိုင်မြို့ပေါ်သို့ လူအိပ်မောကျချိန်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးအပါအဝင် (၆) ဦး သေဆုံးပြီး (၈) ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) နံနက်အစောပိုင်း ၁ နာရီခန့် လူအိပ်မောကျချိန်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA...