Wednesday, January 28, 2026

လားရှိုးမြို့နယ် အတွင်း ပုတ်ပွနေသည့် အမျိုးသမီးအလောင်း ၂ လောင်းတွေ့

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မတ်ချီနူ ရွာ အနီးတွင် ပုတ်ပွနေသည့် အမျိုးသမီး ရုပ်အလောင်း (၂)လောင်းကို ယနေ့မနက်ပိုင်းက တွေ့ရှိကြောင်း စုံစမ်းသိရသည်။

Photo by လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့

အဆိုပါ အမျိုးသမီး အလောင်း ၂ လောင်း သည် လားရှိုးမြို့နယ် တာပုံကျေးရွာ အုပ်စု မတ်ချီနူ ရွာသွားလမ်းဘေးရှိခြုံတခုထဲတွင်း တွေ့ရှိကြောင်း၊ သေဆုံးသူများ၏အလောင်းမှာ ပုတ်ပွနေပြီဖြစ်သဖြင့် မည်သူမည်ဝါဖြစ်ကြောင်း သေချာ မသိရှိရကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှ စိုင်းဝသုန်ထွန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဘာကြောင့် အသတ်ခံရတယ်ဆိုတာကိုတော့ သေချာမသိရသေးဘူး။ နောက် အလောင်းက ပုတ်ပွပြီး နံနေတော့ ဒဏ်ရာရထားတာလားဆိုတာလည်း ကျနော်တို့ သေချာမသိရဘူး” ဟု စိုင်းဝသုန်ထွန်း က ပြောသည်။

Photo by လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့

အမျိုးသမီး ၂ ဦး၏အလောင်းအား သွားရောက် သယ်ဆောင်ရသည့်လမ်းသည် မိုးရွာထားသဖြင့် သွားလာရလွန်စွာခက်ခဲကြောင်း၊ ရောက်ရှိသွားသည့် အချိန်တွင် အမျိုးသမီး ၂ဦး၏ ရုပ်အလောင်းသည် ညိုပုတ်ပျက်စီးနေကြောင်း၊ အသက်အရွယ်အရ အသက် ၄၀ကျော် နှင့် ၅၀ ဝန်းကျင်ခန့်ရှိကြကြောင်း၊ လက်ရှိမှာ လားရှိုးမြို့ ရင်ခွဲရုံကို ပို့ဆောင်ထားကြောင်း သိရသည်။

ထို ပုတ်ပွနေသည့် အမျိုးသမီး ၂ဦးသည် ညဝတ်စုံ ဝမ်းဆက် ဝတ်ဆင်ထားပြီး၊ အမျိုးသမီး ၂ဦး လက်ကို နောက်ပြန်ကြိုးတုတ်ထားသည့် အနေအထားနှင့် ခြုံပုတ်ထဲသို့ စွန့်ပစ်ထားသည့် အလောင်းဖြစ်သည် ဟု သိရသည်။

သျှမ်းပြည် မြောက်ပိုင်း လားရှိုး မြို့နယ် အတွင်း ယခုရက်ပိုင်းလုယက်မှုများမကြာခဏဖြစ်ပွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

လားရှိုးမြို့နယ် ကျေးရွာအချို့တွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်နေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကြည့်ရှုခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်ရှိ ကျေးရွာများတွင် ရွေးကောက်ပွဲ...

လားရှိုးမြို့နယ် MNDAA မှ ကျေးရွာတိုင်းနီးပါး တပ်သားသစ် အတင်းအကြပ် စုဆောင်းနေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို စစ်ကောင်စီထံ ဧပြီလအတွင်း ပြန်လည်အပ်နှံရပြီးနောက် လားရှိုးမြို့ပြင်ရှိ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း...

လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စု FPNCC မဟာမိတ် (၃) ပွင့်ဆိုင် နယ်မြေစိုးမိုးမှုပြဿနာ

0
သျှမ်းပြည် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စုတွင် FPNCC အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ် များဖြစ်သည့် UWSA ၊ KIA နှင့် TNLA တို့အချင်းချင်းကြား နယ်မြေကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားနေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၁၁) ရက်နေ့တွင် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ် KIA မှ...

လားရှိုးမြို့နယ် ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသည့် မိုင်းကျက်ဒေသကို ‘ဝ’တပ်ဖွဲ့က လမ်းဖောက်

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်ထားသည့် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA က လမ်းဖောက်လုပ်နေကြောင်း စုံစမ်းသိရသည်။ မတ်လဆန်းမှ စတင်၍ လားရှိုးမြို့နယ်ရှိ ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားသည့် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ရန်...