တာချီလိတ်မြို့နယ်တွင် အိုက်စ်မူးယစ်ဆေး ကျပ် ၁ ဘီလီယံ စာဖမ်းမိ
SHAN -
သျှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးများကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ၁၆ ရက် က တာချီလိတ်မြို့နယ်၊ လွယ်ဆထုံကျေးရွာ၊ လောကဓမ္မဘုန်းကြီးကျောင်းလမ်းတွင် မူးယစ်ဆေး၀ါးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့က စောင့်ကြပ်စစ်ဆေးရာ မော်တော်ယာဉ် ၂ စီးထံမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းသိရသည်။ ယန်းခေါင်းကျေးရွာ မှ လောကဓမ္မဘုန်းကြီးကျောင်းဘက်သို့ အားဝေ မောင်းနှင်လာသည့်...
မိုင်းရယ်မြို့ဘက်မှ မိုးကုတ်မြို့ဘက်သွားလမ်းတွင် ဘိန်းဖြူများဖမ်းဆီးရမိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့ဘက်မှ မိုးကုတ်မြို့သွားလမ်းတွင် ဘိန်းဖြူများကို ဖမ်းဆီး ရမိကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မိုင်းရယ်ဘက်မှ မိုးကုတ်မြို့နယ်၊ လယ်ကြီးစစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ကြိုတင်သိရှိစောင့်ကြပ်စစ်ဆေးရာ ဘိန်းဖြူ တန်ဖိုးငွေ ၁.၉ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ယာဉ်အမျိုးအစား၊ အရောင်၊ နံပါတ်တို့ကို ကြိုတင်သတင်းရရှိထားကြောင်းသိရသည်။ မိုင်းရယ်ဘက်မှ...
ကိုဗစ်ကြောင့်တားမြစ်ကာလဖြစ်သော်လည်း သျှမ်းတောင်တွင် ယာဉ်တိုက်မှုကြောင့် ယခုနှစ်သေဆုံးသူပိုများ
SHAN -
သျှမ်းပြည်တောင်ပိုင်းတွင် ယခု ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်ကူးစက်မှုကြောင့် တားမြစ်ချက်များ ထုတ်ပြန်ထားသော်လည်း ယာဉ်တိုက်မှုပိုမိုဖြစ်ပွါးကာ သေဆုံးမှုပိုမိုများပြားနေကြောင်း စုံစမ်း သိရှိရသည်။ ယခုနှစ် ဧပြီလ သျှမ်းပြည်အတွင်း ကိုဗစ် ၁၉ စတင်ကူးစက်လာသည့်စအချိန်ကစပြီး သျှမ်းပြည်နယ်အစိုးရကမြို့အ၀င်အထွက် Lockdown ချခြင်း ညမထွက်ရမိန့်များထုတ်ပြန်ခြင်းများစဉ်ဆက်မပြတ်လုပ်ထားသော်လည်း ယာဉ်တိုက်မှုကြောင့် သေဆုံးမှုနှုန်းမှာ ယမာန်နှစ်ကထက်ပိုမိုများပြားနေကြောင်းသိရသည်။ “ ကိုဗစ်...
သီပေါတွင် ၆ နှစ်ကလေးအားအဓမ္မပြုကျင့်သူကို ကြီးလေးသောပြစ်ဒဏ်ပေးသွားမည်ဟု SSPP ပြော
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မန်နောင်ကျေးရွာအုပ်စုအတွင်း အသက် (၆) နှစ်အရွယ် ကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို ကြီးလေးသောပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း SSPP/SSA ထံမှ စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ၉ ရက်နေ့က တစ်ရွာသားဖြစ်သူ အသက်(၃၀)နှစ်ရှိသူ စိုင်းစောသည် (၆) နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း...
သီပေါတွင် အရက်မူးပြီး မိသားစုဝင်များ၏ဆိုင်ကယ်များအား မီးရှို့မှုဖြစ်ပွါး
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း အမူးသမားတစ်ဦးက မိမိဆိုင်ကယ် (၃) စီးကို ပြန်လည်မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ သီပေါမြို့နယ် ညောင်ကိုးပင်ရွာတွင် ဒီဇင်ဘာ (၁၃) ရက် မွန်းလွဲ (၁၂) နာရီဝန်းကျင်ခန့်က အရက်သောက်ထားသည့်လူတစ်ဦး နေအိမ်အဆာက်အဦး ရှေ့ခြံဝင်းအတွင်း မိသားစုဝင်များ၏ ဆိုင်ကယ် (၃) စီး စုပုံပြီး...
နောင်ချိုမြို့တိုးဂိတ်အနီးတွင် ကျပ်သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် စစ်ဆေးရေးဂိတ်တွင် ကျပ်သိန်းပေါင်းသောင်းနှင့်ချီသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက်နံနက် ၁ နာရီအချိန် အမှတ် ၂၄ မူးယစ်တပ်ဖွဲ့စုဝင်များ၊ စစ်ဘက်ဆိုင်ရာအဖွဲ့ဝင်များ၊ နောင်ချိုမြို့နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး တိုးဂိတ်အနီး စောင့်ဆိုင်းစဉ် သီပေါဘက်မှ နောင်ချိုဘက်သို့ မောင်းနှင်လာသည့် Toyata...
မိုင်းရယ်တွင် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်တွင် စိတ်ကြွဆေးပြား ၅၀၀၀၀ နှင့် ကွင်းဆက်တရားခံအား ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၆ ရက် ၁၂ နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ မိုင်းရယ်မြို့ဘက်မှ လားရှိုးမြို့သို့ ဒေါ်အေးခမ်း မောင်းနှင်းပြီး အိုက်ကပ် လိုက်ပါလာသော Honda fit ယာဉ် ကို...
မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦးပြန်ပေးဆွဲခံရ
SHAN -
သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့လယ်တွင် အမျိုးသမီး တစ်ဦး ပြန်ပေးဆွဲခံရကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာလ ၆ ရက်နေ့လည်ပိုင်းက မူဆယ်မြို့လယ် လူမြင်ကွင်းရှေ့တွင် ထိုသို့ ပြန်ပေးဆွဲ ခံရသည့်အပေါ် ငွေကြေးကိစ္စအပြင် တစ်ခြားသော အကြောင်းအရာများရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ ပြန်ပေးဆွဲခံရတာတော့ ဟုတ်တယ်။ သူ့အမျိုးသားက ပြည်သူစစ်ထဲမှာပါတယ်။ သူကတော့ ငွေလဲတဲ့အလုပ်...
သျှမ်းပြည်မြောက်ပိုင်းတွင် ကျပ်သိန်း ၂၂၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းဆီရမိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နှင့် လာရှိုးမြို့တို့တွင် မူးယစ်ဆေးများကို ယမန်နေ့( ဒီဇင်ဘာ ၃ ရက်) တွင် ကျပ်သိန်း ၂၂၀ ကျော်ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ လာရှိုးမြို့နယ်တွင် လာရှိုး-မိုင်းယော် သွားကားလမ်းတွင် အိုက်ဆင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာတွင် ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့်ဘိန်းဖြူ အလေးချိန် ၅၀ ဂရမ်း (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်...
ဒေသန္တရ အမိန့် ကို မလိုက်နာတဲ့ ဟိုတယ်ကြောင့် သျှမ်းရှေ့ ကိုဗစ်-၁၉ မြင့်တက်လာ
ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်မှု ပြုလုပ်ရန် ဒေသန္တရ အမိန့်ထုတ်ပြန်ချက်အရ ဟိုတယ်၊ KTV ဆိုင်၊ အနှိပ်ခန်းတွေ ပိတ်ရန် ထုတ်ပြန်ခဲ့ပေမယ့် လိုက်နာမှုမရှိကြတာကိုတွေ့မြင်ရပါတယ်။ ထိုသို့ လိုက်နာမှု မရှိတဲ့အလျောက် သျှမ်းပြည် အရှေ့ပိုင်း တွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ဟာ တရိပ်ရိပ်နဲ့ တက်လာသလို မြန်မာ-ထိုင်းနယ်စပ်...






