Wednesday, January 28, 2026

မူဆယ် မြို့မဈေး အနီး ကောင်းခါးပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ် မြို့မဈေးကြီးအတွင်းတွင် ယနေ့ (ဇန်နဝါရီ ၃၁)ရက် နေ့လည် ၁၂ နာရီခွဲကျော်တွင် ကောင်းခါးပြည်သူ့စစ်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သတင်းသိရသည်။

ယနေ့ (ဇန်နဝါရီလ ၃၁ )ရက် နေ့လည် ၁၂ နာရီ ၄၂ မိနစ်အချိန်တွင် မူဆယ်မြို့ မြို့မဈေးဘေးလမ်း ကားပေါ်တွင် ရှိနေသည့် ကောင်းခါးပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မူဆယ်မြို့ မစျေးအနီးတွင် နေထိုင်သည့် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလမ်းနေရာက အရင်တုန်းကတော့ ညဈေးတန်းနေရာပေါ့၊ ကားတွေ ပြည့်ကြပ်နေချိန် ဖြစ်သွားတာပါ၊ စစ်ဝတ်စုံနဲ့လူ ၂ ယောက်က ကားပေါ်က လူကို သေနတ်နဲ့လာပစ်သတ်သွားတယ်၊ စုစုပေါင်း သေနတ်ဒဏ်ရာ ၅ ချက်ပါ” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ သေနတ်ဖြင့် ပစ်သတ်ခံရသူသည် ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး ကားထဲမှာပင် ရရှိသည့် သေနတ်ဒဏ်ရာများကြောင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သတင်းသိရသည်။

“ကားထဲမှာ ပွဲချင်းပြီး သေဆုံးသွားပါတယ်၊ လာပစ်တဲ့သူတော့ ဘယ်သူဘယ်ဝါမှန်း မသိရဘူး၊ ပြီးတော့ ဘာကြောင့် ပစ်ရမှန်းလည်း မသိရသေးပါဘူး၊ ပတ်ဝန်းကျင်က မြင်ရတဲ့သူတွေ ပြောပြချက်အရတော့ လာပစ်တဲ့သူကလည်း စစ်ဝတ်စုံ ဝတ်လာတယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် အဆိုပါ ပစ်သတ်ခံရပြီး သေဆုံးသွားသည့် အမျိုးသား ရုပ်အလောင်းကို မူဆယ်ပရဟိတအသင်းမှ လာရောက်သယ်ဆောင်ပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မူဆယ်ဈေးတွင်းမှ အမျိုးသားတစ်ဦးက ပြောသည်။

“Dead Body ကိုတော့ ပရဟိတအသင်းက ဆေးရုံကို သယ်သွားပါပြီ၊ ဈေးထဲက ဈေးသည်တွေကလည်း ကြောက် လို့ ပစ္စည်းသိမ်းပြီး အိမ်ပြန်ကြပြီ၊ အခုတော့ ရဲတွေ စစ်သားတွေလာပြီး စစ်ဆေးနေတာ တွေ့ရပါတယ်” ဟု မျက်မြင်တွေ့ရှိသူက ထပ်လောင်းပြောသည်။

မူဆယ်မြို့သည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များ သွားလာ လှုပ်ရှားသည့် နေရာဖြစ်သည့်အပြင် ယခုလို ပစ်သတ် သတ်ဖြတ် လုယက်မှုများလည်း မကြာခဏ ဖြစ်ပွားသည့် နယ်စပ်မြို့ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

တာချီလိတ်မြို့ သက်ငယ်မုဒိမ်းကျူးလွန်သည့် တရားခံ အချုပ်ခန်းထွက်ပြေးရန် ကြိုးစားနေချိန် သေနတ်ပစ်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ တွင် သက်ငယ်မုဒိမ်းကျူးလွန်ခဲ့သည့် တရားခံ သူရိန်ထွန်းသည် ရဲအချုပ်ခန်းမှ ထွက်ပြေးနေစဉ် သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ တာချီလတ်မြို့ အသက် (၈) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီးအလောင်းဖျက်မှုဖြင့် အရေးယူခံထားရသည့် သူရိန်ထွန်းသည် သြဂုတ် ၆ ရက် နေ့လယ်ပိုင်းတွင် ရဲအချုပ်ခန်းမှ...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...