ကျောက်မဲမြို့ ဖုန်းစစ်ဟန်ဆောင်ပြီး ဓား‌ထောက် ဖုန်းလုယူမှု ဖြစ်ပွား

သျှမ်းမြောက် ကျောက်မဲမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ (၂၉)ရက်နေ့ ညပိုင်းက ဓားထောက်ပြီး ဖုန်းလုယူမှုဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။

Photo by ကျောက်မဲဒေသခံ

ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက် ည (၆)နာရီ ဝန်းကျင် ကျောက်မဲမြို့ သီဟိုရ်တောင်ခြေအနီးတွင် လူငယ်နှစ်ဦးထံမှ ဓားထောက်ဖုန်းလုယူမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

“သူတို့ကို တားပြီး ဖုန်း စစ်မယ်လို့ ပြောတယ်၊ အရပ်ဝတ်နဲ့ပဲ၊ ဒီမြို့မှာက ညပိုင်းဆို အဲ့လို ဖုန်းတွေစစ် နေတာရှိတယ်ဆိုတော့ သူတို့လည်း ကြောက်လို့ ဖုန်းထုတ်ပေးလိုက်တာ၊ ပြန်တောင်းတော့ မပေးဘူး၊ ဓားနဲ့ ထောက်ပြီး ပြောတယ်၊ လာလုရင်ထိုးခံရမယ်ဆိုပြီး ပြောတာ” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဓားထောက် ဖုန်းလုခံရသည့် လူငယ်နှစ်ဦးသည် ကျောက်မဲ ဒေသခံများဖြစ်ပြီး ဓားထောက် ဖုန်းလုသွားသူသည် မည်သူမည်ဝါမှန်း မသိရှိရကြောင်း အထက်ပါ အမျိုးသားက ပြောသည်။

ယခုနောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားအချင်းချင်း တိုက်ပွဲဖြစ်ပွားမှု ဆက်လက်ဖြစ်ပွားနေပြီး မြို့တွင်း နေရာတချို့တွင် စစ်ကောင်စီတို့မှ လမ်းသွားပြည်သူများအား စစ်ဆေးမှု ပိုမိုပြုလုပ်လာကြောင်း သိရသည်။

“ဒီနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း တိုက်ပွဲဖြစ်တယ်၊ နောက်ပြီး မြို့ထဲမှာလည်း လမ်းသွားလမ်းလာတွေကို စကစတွေ စစ်ဆေးတာ ခဏခဏလုပ်နေတယ်၊ သွားလာတာ မလွတ်လပ်တော့ဘူး၊ နည်းနည်းမှောင်တာနဲ့ အပြင်သွားရမှာကို ကြောက်နေပြီ၊ ကျနော်ဆို စစ်ခံရတာ နှစ်ခါ ရှိပြီ” ဟု လူငယ် အမျိုးသားတစ်ဦးက ပြောသည်။
ယခုလအတွင်း ကျောက်မဲမြို့နယ် ခိုက်တုန်ဟုန်းကျေးရွာအနီး မန္တလေး – လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ် တွင် ညအချိန် သွားလာသည့် ကားကြီးများကို လက်နက်ပြပြီး ငွေကြေးတောင်းယူမှုများလည်း ရှိနေကြောင်း ဒေသခံတချို့က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...