ကျိုင်းတုံ တပ်ကျောင်းများ ဗုံးဖေါက်ခွဲမည့် သတင်းထွက်ပေါပြီး လုံခြုံရေးတင်းကြပ်

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့မှ အခြေခံပညာအထက်တန်းကျောင်း (တပ်ကျောင်း) တို့တွင် ဗုံးဖောက်ခွဲမည့် သတင်း ထွက်ပေါ်ပြီးနောက် မြို့တွင်းလုံခြုံရေးတင်းကြပ်လာကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၃ )ရက်နေ့တွင် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့မှ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၁၊ အမှတ် ၄၊ အမှတ် ၅ (တပ်ကျောင်း)တို့ကို ဗုံးဖာက်ခွဲမည့် သတင်းထွက်ပေါ်လာသဖြင့် ကျောင်းသား မိဘများ ထိတ်လန့်ကာ ကျောင်းသား/သူများကို အိမ်ပြန်ခေါ်ခဲ့ကြောင်း သတင်းသိရသည်။

“မနေ့နေ့ခင်းပိုင်းမှာ ဘယ်ကစကြားလာတဲ့ စကားတော့မသိဘူး ၊ ကျောင်းကို ဗုံးခွဲမယ်ဆိုလို့ ကျောင်းသား မိဘတွေက ကိုယ့်သားသမီးတွေကို အိမ်ပြန်ခေါ်သွားကြတယ်၊ ဒါပေမဲ့ ဗုံးပေါက်ကွဲမှုတော့ မရှိဘူး” ဟု ကျိုင်းတုံမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့နောက် ကျိုင်းတုံမြို့မှ စစ်ကောင်စီတို့သည် ကျိုင်းတုံ – တာချီလိတ် လမ်းမကြီးပေါ်ရှိ နောင်နွမ်းတပ် အဝင်/ အထွက်ဂိတ်ပေါက် နေရာများနှင့် အမြောက်တပ် ၂၂၄ တပ်အနီးပတ်ဝန်းကျင်တစ်လျှောက်တွင် သံဆူး ကြိုးများဖြင့် ချထားပြီး ကားတစ်စီးစာ သွားလာဖို့အတွက်သာ နေရာပေးထားကြောင်း သိရသည်။

“သူတို့တပ်ရှေ့မှ မဟုတ်ဘူး ၊ မြို့လယ်ခေါင်ထင်ရှားတဲ့နေရာတွေမှာလည်း သံဆူးကြိုးတွေချထားပြီးတော့ အစောင့်တပ်သားတွေလည်း ပိုချထားတယ်၊ သွားရေးလာရေးကိုလည်း စစ်ဆေးတယ်၊ ပြီးတော့ သူတို့ သံဆူး ကြောင့် ယာဥ်ပိတ်တာပေါ့” ဟု ကျိုင်းတုံမြို့မှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီတပ်သားတို့သည် ကျိုင်းတုံမြို့တွင်းနှင့် စစ်တပ်နှင့် နီးသော စာသင်ကျောင်းနေရာ များတွင် CCTV များ တပ်ထားကြောင်းလည်း ဒေသခံများက ပြောသည်။
လက်ရှိတွင် ကျိုင်းတုံမြို့အတွင်းမှ ကျောင်းသားမိဘများသည် ကလေးများ စာမေးပွဲပြီးသည်အထိ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေလိုကြောင်းလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ကျိုင်းတုံမြို့ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အမည်မသိလက်နက်ကိုင် လူတစ်စုက ဆိုင်တစ်ဆိုင်အတွင်း ဝင်ရောက်ကာ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂ ရက်) နေ့လည်တွင် ကျိုင်းတုံမြို့ ၊ ရပ်ကွက်(၄)  နွဲနော်ရပ်ကွက်ရှိ ပရိဘောဂ နှင့် အိမ်သုံးပစ္စည်း အရောင်းဆိုင်ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဝင်ရောက်ကာ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...