နမ့်လန်မြို့ ဒေသခံ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ ခိုဟက်ကျေးရွာတွင် ဒေသခံ အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၂၂)ရက် ည (၆)နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က အသက် (၃၀)အရွယ်ရှိ အမျိုးသားတစ်ဦးကို လာရောက်ပစ်ခတ်ခဲ့ကြောင်း နမ့်လန်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ဒဏ်ရာကတော့ နည်းနည်းပြင်းထန်တယ်။ ဝမ်းဗိုက်နားထိတယ်လို့သိရတယ်။...
လောင်းကစားဝိုင်းကြောင့် ပြည်သူများစိတ်မလုံခြုံ
SHAN -
စစ်ကောင်စီသိမ်းပြီးနောက် သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း လောင်းကစားဝိုင်းများကို ပေါ်တင်ဖွင့်လှစ်နေသည့်အတွက် ပြည်သူများ စိတ်လုံခြုံမှုဖြစ်နေကြောင်း စုံစမ်းသိရသည်။ မိုးနဲမြို့နယ်အတွင်းတွင် အမည်မသိ အဖွဲ့တစ်ခုမှ ဦးဆောင်ပြီး လောင်းကစားဝိုင်းကို ဖွင့်လှစ်ခဲ့သည်မှာ တစ်လ နီးပါး ကြာမြင့်လာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “မိုးနဲမြို့နယ် ဆိုင်းဖယ်ဝမ်မိုင်ရွာဘက်မှာ လုပ်တာပါ၊ တော်တော်ကြာနေပြီ လောင်းကစားဝိုင်းတွေ ဖွင့်တာ။ သွားဆော့တဲ့သူကတော့...
ကျောက်မဲ အဝင် စားသောက်ဆိုင် မီးလောာင်မှုဖြစ်ပွား
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့အဝင် မန္တလေး - လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသည့် ယိုးဒယား - စားဥယျာဉ်ဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း သိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၂၁)ရက် ည ၇ ဝန်းကျင်တွင် မန္တလေး - လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ...
သီပေါမြို့ လင်မယားရန်ဖြစ်ရာမှ အမျိုးသားအင်္ဂါ ဖြတ်ခံရ
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ည (၁၀) နာရီဝန်းကျင်တွင် လင်မယားနှစ်ဦး ရန်ဖြစ်ပွားရာမှ အမျိုးသမီးဖြစ်သူက အမျိုးသား၏ ငယ်ပါအင်္ဂါကို ဖြတ်လိုက်ကြောင်း သတင်းရရှိသည်။ ထို လင်မယားနှစ်ဦးသည် မည်သည့် အကြောင်းကိစ္စကြောင့် ရန်ဖြစ်ပွားသည်ကို မသိရှိရသေးပေ။ “ဘာကြောင့် ရန်ဖြစ်လည်းတော့ မသိဘူး။ ကျနော်တို့လည်း...
နိုင်ငံရေးအရှုပ်ကြား သိန္နီမြို့ မိုင်းလီပြည်သူ့စစ်ဖွင့်လှစ်သည့် လောင်းကစားဝိုင်း
SHAN -
လက်နက်ကိုင်ဆောင်ထားပြီး စစ်ဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် ပြည်သူ့စစ်များသည် လောင်းကစား ကုန်းကင်းခုံ အများအပြား အနီးတဝိုက်တွင် စောင့်ဆိုင်းနေပြီး ထိုနေရာကို လူအစုလိုက် အပြုံလိုက် လာရောက်ဆော့ကစားနေကြသည်။ ထိုနေရာသည် သျှမ်းပြည်မြောက်ပိုင်း မိုင်းလီပြည်သူ့စစ်တပ်ဖွဲ့ ဦးဆောင်ပြီး သိန္နီမြို့ အမှတ် (၂)ရပ်ကွက် ဘုန်းကြီးကျောင်းအနီးရှိ ကွင်းပြင်ထဲတွင် လောင်းကစားဝိုင်းများ လာရောက် ဖွင့်လှစ်ကြောင်း...
ရွာငံမြို့ ကြံ့ခိုင်ရေးရုံး ဗုံးပေါက်ကွဲ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့တွင် အာဏာသိမ်းစစ်ကောင်စီအင်အား လှည့်လည် စစ်ဆေးနေသည့် ရွာငံမြို့ရှိ ကြံ့ခိုင်ရေးရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းသိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခွဲဝန်းကျင်တွင် ရွာငံမြို့၊ ဈေးတန်းရပ်ကွက် တောင်ပိုင်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး USDP (ကြံ့ခိုင်ရေးရုံး)...
နမ္မတူ မူးယစ်ဆေးသုံးလူငယ်တစ်ဦးက လင်မယားနှစ်ဦးကို ဓားဖြင့်ခုတ်
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင် နေထိုင်သည့် လင်မယားနှစ်ဦးကို အမျိုးသား လူငယ်တစ်ဦးက ဓားဖြင့် ခုတ်သတ်သွားကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၃ )ရက် တွင် မူးယစ်ဆေးဝါးသုံးစွဲထားသည့် လူငယ်အမျိုးသားတစ်ဦးသည် လင်မယားအမျိုးသမီးနှစ်ဦးကို ဓားဖြင့်ခုတ်သတ်သွားကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့လင်မယားနှစ်ဦးတည်း နေနေတာပါ၊ အမျိုးသမီးဖြစ်သူက...
အောင်ပန်းမြို့ လျှပ်စစ်မီးပြတ်တောက်ချိန် ဖယောင်းတိုင်ထွန်းရာမှ နေအိမ် မီးလောင်မှုဖြစ်
SHAN -
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ လျှပ်စစ်မီးပြတ်တောက်နေချိန် ဖယောင်းတိုင်မီးထွန်းရာမှ နေအိမ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၁၀)ရက် ည ၈ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ ၌ လျှပ်စစ်မီးပြတ်တောက်နေချိန် မိုးကောင်းရပ်ကွက် ရှင်လောင်းဝတ်စုံရောင်းသည့်ဆိုင်မှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ “အဲချိန်က မီးပျက်နေတဲ့အချိန်လည်းဖြစ်တယ်။ မီးသွားကူငြိမ်းပေးတဲ့အချိန်မှာပဲ မီးက ပြန်လာတာ။...
သျှမ်းပြည်အတွင်း ဒေသအာဏာပိုင် အမိန့်အရ လောင်းကစားရုံများဖွင့်
သျှမ်းပြည်အတွင်းတွင် စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက်ပိုင်း ဒေသအာဏာပိုင် အမိန့်အရ လောင်းကစားရုံများ တရားဝင်ဖွင့်လာနိုင်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် အမိန့်ရ လောင်းကစားဖွင့်လာနိုင်ပြီး လွတ်လွတ်လပ်လပ်ဖွင့်လာနိုင်ကြောင်း သိရသည်။ “ဖွင့်နေကြတာပဲ။ လွတ်လွတ်လပ်လပ် ဖွင့်နေနိုင်တယ်။ အမိန့်အရ ဖွင့်နိုင်တယ်လို့ ပြောတာပဲ။ တကယ်တော့ အမိန့်ကို စောင့်စရာတောင် မလိုဘူး။ ကျနော်အခု ဖွင့်ချင်ရင်...
လောက်ကိုင်မြို့ ကလပ်တခု ရဲနှင့် စစ်သားပါ ရန်ပွဲ မှ သေနတ်ပစ်ခတ်၊ သေဆုံးသူရှိ
သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ရှိ နိုက်ကလပ် တစ်ခုတွင် ရဲ နှင့် စစ်သားပါဝင်သော ရန်ပွဲတစ်ခုဖြစ်ပွားပြီး သေနတ်ပစ်ခတ်မှုထိ ဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း သတင်းသိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် လောက်ကိုင်မြို့ ဆင်ဖြူအဝိုင်းနား၊ မြင်ကြွယ်ဟိုတယ် အရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတစ်ဦး...






