အောင်ပန်းမြို့ လျှပ်စစ်မီးပြတ်တောက်ချိန် ဖယောင်းတိုင်ထွန်းရာမှ နေအိမ် မီးလောင်မှုဖြစ်

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ လျှပ်စစ်မီးပြတ်တောက်နေချိန် ဖယောင်းတိုင်မီးထွန်းရာမှ နေအိမ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၀)ရက် ည ၈ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ ၌ လျှပ်စစ်မီးပြတ်တောက်နေချိန် မိုးကောင်းရပ်ကွက် ရှင်လောင်းဝတ်စုံရောင်းသည့်ဆိုင်မှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အဲချိန်က မီးပျက်နေတဲ့အချိန်လည်းဖြစ်တယ်။ မီးသွားကူငြိမ်းပေးတဲ့အချိန်မှာပဲ မီးက ပြန်လာတာ။ ဖယောင်းတိုင် မီးကနေပဲ စလောင်သွားတယ် လို့ ပြောတယ်” ဟု အောင်ပန်းမြို့ ပရဟိတ အဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ် ဆုံးရှုံးသွားပြီး ငွေကြေးအများအပြား ဆုံးရှုံးမှုရှိနိုင်ကြောင်း သိရသည်။

“သူတို့ အပေါ်ထပ်ပဲလောင်သွားတာ။ ငွေ ၁၀ သိန်းလောက်တော့ မီးလောင်သွားတယ်။ ပြီးတော့ မီးခံသေတ္တာလည်း လောင်တယ်။ မီးခံသေတ္တာထဲရှိတဲ့ဟာတွေလည်း မီးထဲပါသွားမယ်ထင်တယ်။ အပေါ်ထပ်တော့ အကုန်ပါသွားတယ်” ဟု အထက်ပါ မီးသွားကူငြိမ်းပေးသည့် အမျိုးသားက ပြောသည်။

အလားတူ လွန်ခဲ့သည့် ဖေဖော်ဝါရီ (၈)ရက်နေ့တွင်လည်း တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားခဲ့သည်။ ထိုမီးလောင်မှုကြောင့် နေအိမ်တစ်ခုလုံး ပြာကြသွားပြီး ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

အောင်ပန်းမြို့ ပြည်သူကို ဒုက္ခပေးနေတဲ့ KTV ထဲက  HI ခန်းများ

0
အောင်ပန်းမြို့ဟာ စိုက်ပျိုးရေး ၊ပွဲစားမြို့တော်လို့ လူသိများတဲ့မြို့ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ ရာသီသီနှံတွေ ကုန်စိမ်းတွေ ကို မြန်မာပြည်တဝှမ်းပို့ဆောင်ရန် အတွက် အလွန်စည်းကားတဲ့မြို့တခုဖြစ်ပါတယ်။ လူမျိုးစုံ၊ ဒေသစုံကလာရောက်ပြီး ဝမ်းရေးရှာဖွေ စားသောက်တဲ့နယ်မြေလည်းဖြစ်ပါတယ်။  စစ်အာဏာမသိမ်းခင်မှာတော့ ရာသီဉတု နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံ တွေရရှိတဲ့အတွက် အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလမှာတော့ အောင်ပန်းမြို့ဟာ...

အောင်ပန်းမြို့တွင် ကားပြသရန် ချိန်းဆိုရာမှ လူသတ်မှုဖြစ်ပွား၊ တရားခံကို ဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ကားအရောင်းအဝယ်ပြုလုပ်ရန် ချိန်းဆိုထားရာမှ ဓားဖြင့် တိုက်ခိုက်ခံရမှုပြီး အမျိုးသားတစ်ဦးသေဆုံးကာ၊ တစ်ဉီးက ဒဏ်ရာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား အာဏာပိုင်များက ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄) ရက် နံနက်ပိုင်းတွင် အသက် (၂၁) နှစ်အရွယ်ရှိ ကိုသက်မော်ထူးနှင့်...