ဖယောင်းတိုင်
အောင်ပန်းမြို့ လျှပ်စစ်မီးပြတ်တောက်ချိန် ဖယောင်းတိုင်ထွန်းရာမှ နေအိမ် မီးလောင်မှုဖြစ်
SHAN -
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ လျှပ်စစ်မီးပြတ်တောက်နေချိန် ဖယောင်းတိုင်မီးထွန်းရာမှ နေအိမ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၁၀)ရက် ည ၈ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ ၌ လျှပ်စစ်မီးပြတ်တောက်နေချိန် မိုးကောင်းရပ်ကွက် ရှင်လောင်းဝတ်စုံရောင်းသည့်ဆိုင်မှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ “အဲချိန်က မီးပျက်နေတဲ့အချိန်လည်းဖြစ်တယ်။ မီးသွားကူငြိမ်းပေးတဲ့အချိန်မှာပဲ မီးက ပြန်လာတာ။...





