နမ္မတူ မူးယစ်ဆေးသုံးလူငယ်တစ်ဦးက လင်မယားနှစ်ဦးကို ဓားဖြင့်ခုတ်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့တွင် နေထိုင်သည့် လင်မယားနှစ်ဦးကို အမျိုးသား လူငယ်တစ်ဦးက ဓားဖြင့် ခုတ်သတ်သွားကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၁၃ )ရက် တွင် မူးယစ်ဆေးဝါးသုံးစွဲထားသည့် လူငယ်အမျိုးသားတစ်ဦးသည် လင်မယားအမျိုးသမီးနှစ်ဦးကို ဓားဖြင့်ခုတ်သတ်သွားကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့လင်မယားနှစ်ဦးတည်း နေနေတာပါ၊ အမျိုးသမီးဖြစ်သူက အိမ်ရှေ့ဝန်းထဲမှာ ရိုက်ခံရတယ်၊ အမျိုးသား ဖြစ်သူကတော့ အိမ်နောက်ဘက်မှာ ဓါးဒဏ်ရာများစွာနဲ့ လဲကျနေပါတယ်” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သေဆုံးသူများသည် သတလ အမှတ် ( ၁ )ရပ်ကွက် ညောင်ပင်လိုင်းတွင် နေထိုင်သည့် ဦးဝင်းအေး နှင့် ဒေါရီဝင်းတို့ လင်မယားဖြစ်ပြီး ဦးဝင်းအေးသည် ခေါင်းနှင့် လည်ပင်းတို့တွင် ဓါးဒဏ်ရာ ၈ ချက်၊ ဒေါ်ဝင်းရီသည် တုတ်နှင့်ဓားဒဏ်ရာများဖြင့် လှဲကျသေဆုံးနေကြောင်း သိရသည်။

ထိုလင်မယားနှစ်ဦးကို ဓားဖြင့် ခုတ်သတ်သည့် တရားခံ မောင်မြင့်ခိုင် (ခ) ဖိုးလုံးအား နမ္မတူမြို့ မြို့မရဲစခန်းမှ ဒုရဲအုပ် သက်ဇင် ဦးဆောင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ငါးချက် ပစ်ဖေါက်ခြောက်လန့်ပြီး ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း သိရသည်။

“ဆေးကြောင်တယ်လို့ မှတ်ယူရပါတယ်၊ ကျနော်တို့ဆီကို ပြည်သူသတင်းပေးပို့လာမှုကြောင့် သွားရောက်ဖမ်း ဆီးခဲ့တာ၊ ခုခံမှုတွေရှိလို့ သေနတ်ငါးချက်ပစ်ပြီးဖမ်းရတယ်၊ လက်ရှိတရားခံကို ပုဒ်မ ၃၀၂ နဲ့ အရေးယူဖို့ ဖမ်းဆီးထိန်းသိမ်းထားနိုင်ပြီ” ဟု နမ္မတူမြို့ ရဲစခန်းမှ အမှူစစ်အရာရှိ စခမ ရဲရင့်အောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ နမ္မတူမြို့နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူများပြားလာသလို ခိုးဆိုးလုနှိုက်မှု / ဓါးပြတိုက်မှုများလည်း များပြားလာပြီး သက်ဆိုင်ရာဘက်မှ ဖြေရှင်းပေးမှု အားနည်းကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...