Wednesday, January 28, 2026

CATEGORY

ရွှေ့ပြောင်းအလုပ်သမား

နိုင်ငံကူးလက်မှတ် PJ စာအုပ် ကိုယ်တိုင်သက်တမ်းတိုးရန် ခက်ခဲနေကြ

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် နိုင်ငံကူးလက်မှတ် PJ စာအုပ်ကို မြန်မာသံရုံးထံ ကိုယ်တိုင်သွားရောက် သက်တမ်းတိုးရာတွင် မကြာခဏ ရက်ရွှေ့မှုကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၄) ရက်က မြန်မာသံရုံးမှ ထုတ်ပြန်ချက်အရ နိုင်ငံကူးလက်မှတ် PJ ကိုင်ဆောင်သူများ အနေဖြင့် ဖောဖော်ဝါရီလ ၁၃ ရက်တွင်...

ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နိုင်ငံရေး နှင့် ပတ်သက်သူများကို နိုင်ငံကူးလက်မှတ် CI လုပ်မပေး ဟုဆို

ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ကရင်နီ (ကယား) မှတ်ပုံတင် ကိုင်ဆောင်ထားသူ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ချိတ်ဆက်သူများဖြစ်ပါက နိုင်ငံကူးလက်မှတ် CI မလုပ်ပေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ) ပိုင်းမှစပြီး ထိုင်းရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားကို နိုင်ငံရေးအကြောင်း နှင့် ပတ်သက်ပြီး ကယားမှတ်ပုံတင်...

ငရဲခန်း ကနေ ပြန်လာသူများ

ကျဥ်းကြပ်တဲ့ ၁၅ ပေ ပတ်လည် အခန်းထဲမှာ အမျိုးသား ၇ ဦး နဲ့ အမျိုးသမီး ၄ ဦးဟာ ပိတ်လှောင်ခံ နေရပါတယ်။ အဲ့အခန်းမှာ ရှိတဲ့သူတွေကိုလည်း “မသေထမင်း၊ မသေဟင်း” လို့ ထင်ရလောက်အောင် ဖြစ်သလိုတာ ကျွေးမွေးထား ပါတယ်။ “ ကျမတို့ကို...

လက်နက်ကိုင်များ ဆက်ကြေး တိုးကောက်မှုကြောင့် သီပေါမြို့နယ် ဒေသခံများ လယ်စွန့်ပြီး ဟိုပန်မြို့ဘက် ခြံသွားလုပ်ကြ

သျှမ်းပြည် ကျောက်မဲခရိုင် သီပေါမြို့နယ် ကျေးလက်ဒေသအတွင်း နေထိုင်သည့် ဒေသခံများထံ လက်နက်ကိုင် တပ်ဖွဲ့များကို အခွန် (ဆက်ကြေး) အဆမတန် ကောက်ယူမှုကြောင့် လယ်ယာများစွန့်ပြီး ဟိုပန်မြို့ဘက်ရှိ ခြံလုပ်သားအဖြစ် ရွှေ့ပြောင်းအလုပ်လုပ်ကိုင်နေရကြောင်း စုံစမ်းသိရှိရသည်။ စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ် ကျော်ကာလအတွင်း သီပေါမြို့နယ် ဆယ်ခန်၊ မန်နား၊...

ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦး အလုပ်ကိစ္စ အဆင်မပြေ မိမိကိုယ်ကို အဆုံးစီရင်

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦး အိမ်ထောင်ရေး၊ အလုပ်ရေးကိစ္စ နှင့် ပတ်သက်ပြီး အဆင်မပြေမှုများကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ပြုလုပ်ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၉ ရက်) ညနေ ၇ နာရီခွဲတွင် အသက် ၃၄ နှစ်အရွယ် ခွန်မောင်သောင်း ဆိုသည့် မြန်မာလုပ်သားတစ်ဦးသည်...

ထိုင်းတွင် ဧည့်စာရင်း မတိုင်ကြားသည့် မြန်မာလုပ်သား ၆၆ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်မြို့ အိမ်ငှားရမ်း တိုက်ခန်းတစ်နေရာတွင် မြန်မာလုပ်သား ၆၆ ဦး ဧည့်စာရင်းမတိုင်ကြားထားသဖြင့် ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ်လ ၉ ရက်) နံနက်ပိုင်းအချိန် မြန်မာလုပ်သားများ နေထိုင်သည့် အိမ်ငှားရမ်းတိုက်ခန်း တစ်နေရာကို ထိုင်းဝန်ကြီးဌာန ရဲတပ်ဖွဲ့များ ဝင်ရောက်စစ်ဆေးခဲ့ပြီး ဧည့်စာရင်း မတိုင်ကြားသည့်...

လုပ်ငန်းခွင်မှာ တန်းတူ လစာရရှိဖို့ ရွှေ့ပြောင်းအလုပ်သမားများ တောင်းဆို

“ ရှင်းရှင်းပြောပါ..ကျယ်ကျယ်ပြောပါ၊ ဒုက္ခသည်များကို ကြိုဆိုကြပါ..၊ ရွှေ့ပြောင်းအလုပ်သမားများကို ကြိုဆိုကြပါ..၊ အမျိုးသမီးများကို ကြိုဆိုကြပါ “ ဆိုပြီး ထမီအလံကိုင်ဆောင်ကာ ဟော်ဟစ် တောင်းဆိုခဲ့သည်။ ယမန်နေ့ မတ် (၈) ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ထိုင်းရောက် ပြည်သူများနှင့်...

မြန်မာသံရုံးမှ နိုင်ငံကူး လက်မှတ်စာအုပ်ကြေး တိုးမြှင့်ကောက်ခံ၊ ထိုင်းရောက် မြန်မာလုပ်သားများ ပိုမိုခက်ခဲလာ

ထိုင်းနိုင်ငံ မြန်မာသံရုံးမှ နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းတိုးသည့် အခကြေးငွေကို တိုးမြှင့်ကောက်ယူ လိုက်သောကြောင့် မြန်မာလုပ်သားများ ယခင်ထက် ပိုခက်ခဲလာကြောင်း သတင်းသိရသည်။ PJ နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်မည့်သူများ (သက်တမ်းတိုး) ကို မြန်မာသံရုံးမှ ယခင်က စာအုပ်အခကြေးငွေ (၈၀၀) ဘတ် (အစား) ၁၂၅၀ ဘတ်နှုန်းအထိ တိုးမြှင့်ကောက်ယူခြင်း...

တာချီလိတ် ကိုဗစ် – ၁၉ ရောဂါကာကွယ်ဆေးထိုးလက်မှတ်ကို တစ်စောင် ဘတ်ငွေ (၁,၅၀၀) ထိဈေးပေါက်နေ

မြန်မာ - ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ၂ ချောင်း ထိုးထားသည့် သက်သေခံလက်မှတ် တစ်စောင်ကို ထိုင်းဘတ်ငွေ (၁,၅၀၀) ဘတ် ပေါက်နေကြောင်း သတင်းရရှိသည်။ တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ်...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားကဒ် သက်တမ်းကုန်သူများ ၃ လအချိန် ထပ်တိုးမြှင့် ပေးနေ

ထိုင်းနိုင်ငံတွင် အနီရောင်စာအုပ် PJ နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားသူများ နှင့် အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းကုန်သူများ ၃ လ ထပ်တိုးမြှင့်ပေးနေကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးက (ဖေဖော်ဝါရီ ၁၄) ရက်စွဲတွင် ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားထဲမှ အနီရောင်စာအုပ် PJ အမျိုးအစား...

Latest news