ထိုင်းရောက် တရားမဝင်သူများ လက်မှတ်ပြုလုပ်ရန် နာမည်စာရင်း သွင်းနိုင်ပြီ ဟုဆို

ထိုင်းနိုင်ငံ တရားမဝင် ရောက်လာသည့် ရွှေ့ပြောင်း အလုပ်သမားများကို ထိုင်းအစိုးရ အလုပ်သမား ရေးရာရုံးမှ Work Permit ကိုပြုလုပ်ရန် စာရင်းထည့်သွင်း နိုင်ပြီဖြစ်ကြောင်း ဇူလိုင် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Work Permit လုပ်ရန်အတွက် ရွှေ့ပြောင်းအလုပ်သမားများ လက်မှတ်ရယူရန် စောင့်ဆိုင်းစဥ်

အဆိုပါ Work Permit ကို ပြုလုပ်ရန်အတွက် ယခင်က နာမည်စာရင်းပေးထားသူများကို ဆက်လက် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး နာမည်စာရင်း မပေးထားရသည့်သူများအနေဖြင့် နာမည်စာရင်း တင်သွင်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါ နာမည်စာရင်းအသစ်တင်မည့်သူများက ဇူလိုင် ၃၁ ရက် နောက်ဆုံးတင်ရမည်ဖြစ်ပြီး စာရင်းတင်ရန် သူဌေးနှင့်အတူ အလုပ်သမားရေးရာရုံးတွင် တင်သွင်းနိုင်ကြောင်း၊ ပွဲစားများမှ တဆင့်လည်း နာမည်စာရင်းတင်သွင်းနိုင်သည်။

work permit

“ စာရင်း အသစ်တင်ဖို့ကတော့ ဒီလကုန်ထိပဲ။ နာမည်စာရင်းပေးပြီး Work Permit လုပ်ဖို့ နောက်ကျတဲ့သူနဲ့ ၊ ဘာမှ မရှိတဲ့သူတွေကို လုပ်ပေးသွားမယ်လို့ ပြောတယ်။ ကျနော်တို့ကလည်း သေချာမသိသေးဘူး။ MOU တွေပါတယ်။ MOU တွေကို လုပ်ပေးနေတယ်။ နာမည်စာရင်း မတင်ထားဖူးတဲ့ သူတွေကို နာမည်စာရင်းလာပေးဖြစ်ပါတယ်” ဟု Work Permit ပြုလုပ်ပေးသူတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

လက်ရှိ Work Permit ကို ပြုလုပ်သွားပေးရန်အတွက် ကုန်ကျစရိတ် မည်မျှကုန်သွားမည်ကို မသိရှိသေးပေ။

ထို့ကြောင့် ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ပွဲစားများကို နာမည်စာရင်းအသစ် တင်သွင်းရန်အတွက် ကုန်ကျစရိတ်ကို အရင်ဆုံး မေးမြန်းရန် လိုအပ်ကြောင်း သိရသည်။

“ထိုင်းအစိုးရကနေလည်း ဒါတွေကို လုပ်ပေးဖို့အတွက် ကုန်ကျစရိတ် ဘယ်လောက်ကုန်မလဲဆိုတာကို မပြောလာသေးဘူး။ ဒါတွေကို ကျနော်တို့ကလည်း မသိရသေးပါဘူး။ ပွဲစားတွေနဲ့ သွားပြီးတော့ လုပ်မယ်ဆိုရင် နာမည်စာရင်းတင်ထားလို့ရမယ်။ ဒါမဲ့ ကိုယ်တိုင်သွားလုပ်ဖို့ကတော့ ခက်ပါလိမ့်မယ်။ အလုပ်သမားရုံးကလည်း မလက်ခံသေးဘူး။ ပုံမှန်ဆိုရင်တော့ သွားလုပ်လို့ရပါတယ်။ အခုက နောက်ဆုံးစာရင်းပေးနိုင်တဲ့ ရက်ကိုပဲ ပြောထားပြီးတော့ ဘယ်နေ့စပြီး အလုပ်သမားရုံးကို လာလို့ရမလဲဆိုတာကို မပြောထားဘူး” ၎င်းက ထပ်လောင်းပြောသည်။

ပုံမှန်အားဖြင့် Work Permit ကို ပြုလုပ်သွားရန်အတွက် ဘတ်ငွေ ၁ သောင်း အထိ ကုန်ကျလေ့ရှိပြီး၊ Work Permit ပြုလုပ်ပေးမည့် နိုင်ငံများမှာ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအို နှင့် ဗီယက်နမ် နိုင်ငံသားများ ဖြစ်ကြသည်။

စစ်အာဏသိမ်းပြီးနောက် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ တရားမဝင်ပြောင်းရွှေ့လာသူ သိန်းချီရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...