လင်မယားချင်း စကားများရာမှ အမျိုးသားဖြစ်သူ သေဆုံး

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဖှန်မြို့နယ်ရှိ မွမ့်ပင်ကျေးရွာအုပ်စုတွင် လင်မယားချင်း စကားများရာမှ အမျိုးသမီးဖြစ်သူက အမျိုးသားကို ဓားထိုးပြီး သေဆုံးခဲ့ရသည့် အဆင့်ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

Photo – Credit

ပြီးခဲ့သည့် ဇူလိုင် (၅) ရက်တွင် အသက် (၃၀) အရွယ်ရှိ စိုင်းဟောင်ခမ်း ဆိုသူသည် တခြားအမျိုးသမီး နှင့် ပွေရှုပ်သည့် ကိစ္စကြောင့် စကားများရာမှ တစ်ဆင့် အမျိုးသမီးဖြစ်သူ နန်းဆွဲ့ က ဓားဖြင့် ထိုးမှု ဖြစ်ပွားကြောင်း သိရှိရသည်။

“သူ့ ယောကျာ်းက တခြားမိန်းမ နဲ့ သွားရှုပ်တယ်ဆိုတာ အမျိုးသားဖြစ်သူကလည်း လက်ခံတယ်။ သူတို့ ၂ ယောက် ဆွေးနွေးနေစဥ်မှာ ယောကျာ်းဖြစ်သူက သွားရှုပ်ထားတဲ့ မိန်းမကို အလေးပေး ပြောတော့ သူ့လက်ရှိ မိန်းမက သူ့ကို ဓား နဲ့ ခုတ်လိုက်တာ” ဟု ဖြစ်စဥ်ကို သိရှိသူက cm108.com မှာ ပြောထားသည်။

အမျိုးသမီး ဖြစ်သူလည်း ထွက်ပြေးမှု မရှိဘဲ ရဲများ လာရောက်သည့်အထိ စောင့်ဆိုင်းပြီး အဖမ်းခံခဲ့သည်ဟု သိရသည်။

အဆိုပါ လင်မယား နှစ်ယောက်သည် မကြာခဏ စကားများ ရန်ဖြစ်ကြခြင်း၊ ယောကျာ်းဖြစ်သူက အရက်သောက် မူးယစ်ပြီး ဘေးပတ်ဝန်းကျင်ကို ရန်ရှာခြင်း များရှိခဲ့ဖူးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

ချင်းမိုင်ခရိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းခွဲနီးပါးရှိ၊ ထိုင်းမြောက်ပိုင်းတွင် အများဆုံးခရိုင်ဖြစ်

0
ချင်းမိုင်ခရိုင်သည် ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိသော ခရိုင်တစ်ခု ဖြစ်လာကြောင်း Chiang Mai News သတင်းဌာနက ဖော်ပြသည်။ လက်ရှိ ချင်းမိုင်ခရိုင်တွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရရှိထားသူ ၄၃,၅၇၄ ဦးရှိပြီး ထိုထဲတွင် မြန်မာနိုင်ငံသား ၄၃,၀၁၁ ဦးရှိကြောင်း ယမန်နေ့ သြဂုတ်...

ချင်းမိုင်မြို့ ရဲများ နေအိမ်ထဲထိ ဝင်ရောက်စစ်ဆေး၊ ရဲကင်းများလည်း အရင်ကထက်ပိုများလာ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အတွင်း ထိုင်းရဲတပ်ဖွဲ့များက ယခုရက်ပိုင်း နေအိမ်ထဲထိ ဝင်ရောက်စစ်ဆေးမှုရှိသကဲ့သို့ ရဲကင်းစောင့်များတွင်လည်း စစ်ဆေးမှု ပိုတင်းကြပ်လာကြောင်း စုံစမ်းသိရသည်။ ချင်းမိုင်မြို့အတွင်း ယခုရက်တစ်ပတ် ညအချိန်များတွင် ထိုင်းရဲ့တပ်ဖွဲ့များက ယခင်ထပ်ပို၍ စစ်ဆေးတင်း ကြပ်မှုများ ပြုလုပ်လာပြီး ရွှေ့ပြောင်းအလုပ်သမားများ သတိထားသွားလာရန် လိုအပ်ကြောင်း ရွှေ့ပြောင်း အလုပ်သမားကတ်ရရှိရေး ကူညီပေးနေသည့်...

ထိုင်းနိုင်ငံအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဉပဒေအသစ်ကြေညာ

0
ထိုင်းနိုင်ငံအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းလမ်းဆိုင်ရာ ဉပဒေများနှင့် ပတ်သက်၍ မလိုက်နာသူများကို ယခင်ကထက် ပိုမိုတင်းကြပ် စစ်ဆေးမေးမြန်းမှုပြုလုပ်ပြီး အရေးယူသွားမည်ဟု ထိုင်းအစိုးရ ကြေညာချက်အရ သတင်းသိရသည်။ . ယခု စက်တင်ဘာလပိုင်းမှစပြီး ထိုင်းနိုင်ငံ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဉပဒေစောင့်ကြည့် လေ့လာသည့် ဌာနမှ ကြေညာခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းလိုင်စင်မရှိပါက ဘတ်ငွေ ၁၀၀၀...

ထိုင်းနိုင်ငံတွင်း ဝင်ရောက်နေထိုင်သူများကို တင်းကြပ်စွာ စစ်ဆေးသွားမည်

0
ထိုင်းနိုင်ငံရှိ လူဝင်မှု ကြီးကြပ်ရေးဌာနမှနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သူများကို စစ်ဆေးသွားမည်ဟု သိရှိရသည်။ . အဆိုပါ စစ်ဆေးမှုတွင် စက်တင်ဘာ ၆ ရက်မှ ၁၅ ရက်ထိ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့်သူများ၊ ခိုးဆိုးလုယက်သူများ၊ တရားမဝင် အလုပ်လုပ်ကိုင်သူများ၊ ဗီဇာ...