ထိုင်းနိုင်ငံတွင်း ဝင်ရောက်နေထိုင်သူများကို တင်းကြပ်စွာ စစ်ဆေးသွားမည်

ထိုင်းနိုင်ငံရှိ လူဝင်မှု ကြီးကြပ်ရေးဌာနမှနေပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သူများကို စစ်ဆေးသွားမည်ဟု သိရှိရသည်။

.

အဆိုပါ စစ်ဆေးမှုတွင် စက်တင်ဘာ ၆ ရက်မှ ၁၅ ရက်ထိ ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့်သူများ၊ ခိုးဆိုးလုယက်သူများ၊ တရားမဝင် အလုပ်လုပ်ကိုင်သူများ၊ ဗီဇာ သက်တမ်းများ၊ ဗီဇာနှင့် ကိုက်ညီမှုမရှိဘဲ အလုပ်လုပ်နေသူများကို တင်းကြပ်စွာ စစ်ဆေးသွားမည်ဟု Chiangmai Immigration က ထုတ်ပြန်ထားသည်။

Photo (Chiangmai Immigration) တာဝန်ရှိသူများ ထိုင်းနိုင်ငံတွင်းသို့ နေထိုင်သူများ ဝင်ရောက်စစ်ဆေးစဥ်

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ သက်ဆိုင်ရာ ခရိုင်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီး ကွင်းဆင်းစစ်ဆေးရန် သဘောတူညီမှု ရရှိခဲ့သည်။ အလားတူ ချင်းမိုင်ခရိုင်တွင်လည်း တာဝန်ရှိသူ (၈၀) ခန့် ကွင်းဆင်းပြီး မြို့နယ်အလိုက် ကျေးရွာတွေမှာ စစ်ဆေးသွားမည်ဟု ထုတ်ပြန်ထားသည်။

စစ်ဆေးရာတွင် ပညာရေးကျောင်း၊ အလုပ်ရုံနေရာ၊ ဖောင်ဒေးရှင်းနေရာ နှင့် အသင်းအဖွဲ့နေရာ များလည်း စစ်ဆေးသွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် ပြုလုပ်သည့် အွန်လိုင်း Call Center ၊ အွန်လိုင်း လိမ်လည်မှုများကို သက်ဆိုင်ရာ အာဏာပိုင်များ ထိရောက်စွာ အရေးယူ စစ်ဆေးသွားမည်ဟုလည်း သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံအတွင်းသို့ မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား ဝင်ရောက်လာခဲ့ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် သူတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ထိုင်းနိုင်ငံထဲ ဝင်လာတဲ့သူ တစ်ချို့က တရားဝင် နေထိုင်တာ ရှိသလို တစ်ချို့က တရားမဝင် နေထိုင်တာလည်း ရှိတယ်။ တစ်ချို့ကလည်း တရားဝင်နေထိုင်တာ ရှိပေမယ့် အသံကျယ်လောင်ပြောဆိုတာတွေ ဘေးပတ်ဝန်းကျင် အနှောက်အယှက် ပေးတာတွေ ရှိရင်လည်း အိမ်ရှင်တွေ စိတ်အနှောက်အယှက်ဖြစ်ပြီး ရဲစခန်းမှာ သွားတိုင်ကြားကြတာတွေလည်းရှိတယ်။ လိမ်လည်မှုတွေ များပြားလာတော့ အာဏာပိုင်တွေက တင်းကြပ်စွာ စစ်ဆေးသွားမှာပါ” ဟု ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် သူတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုင်းနိုင်ငံတွင်းသို့ တရားဝင် ဝင်ရောက်နေထိုင်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအပါအဝင် တရားမဝင်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စုစုပေါင်း (၆) သိန်းနီးပါးခန့် ရှိကြောင်း စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...