တိုင်းတပါးက လိင်အမြတ်ထုတ်သူကို သတိထားပါ

အလုပ်ရှာပေးတဲ့ ပွဲစား စိုင်းပ (အမည်လွှဲ) ဟာ အလုပ်ရှင်အိမ်ကို ရုတ်တရက် ရောက်လာပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား

အဲ့အချိန်က နေ့လည်ခင်းဖြစ်ပေမယ့် “အဒေါ်က တွေ့ချင်တယ်ဆိုတဲ့ လိမ်ညာခေါ်ဆိုခဲ့ပါတယ်” သူဌေးကလည်း ပွဲစားကို ယုံကြည်မှုကြောင့် နန်းနန်း တယောက်ဟာ ပွဲစားခေါ်ရာ ကားနောက်ကို တကောက်ကောက်လိုက်ပါ သွားခဲ့ပါတယ်။

နန်းနန်း ဟာ နေပူကြဲကြဲချိန် ကားပေါ်ကနေ တိတ်ဆိတ်စွာ ထိုင်ပြီးလိုက်ပါသွားရာမှာ ပွဲစားဆိုတဲ့ စိုင်းပ က ဘေးမှာ ကပ်ထိုင်လာတဲ့ သူမကို စပြီး ရိကပါး ထိကပါး စပြီးလုပ်လာတော့ တာပါပဲ။

သူမဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်လာတာ တနှစ်နီးပါးသာရှိပြီး၊ ထိုင်းဘာသာစကားကို မရသေးသလို ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင်ဖို့အတွက် လက်မှတ် အထောက်အထားတွေလည်း မရှိသေးသူ တစ်ယောက် ဖြစ်ပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား

အဲ့လိုအချိန်မှာ နန်းနန်း က “ကျမမှာ ဘာအထောက်အထားမရှိတော့ ပွဲစားပြောသမျှကိုပဲ နားထောင် ရတယ်လေ။ သူကလည်း တခုခုဆိုရင် ထိုင်းရဲတွေ နဲ့ ခြိမ်းခြောက်တော့ ကျမလည်း အဲ့ချိန်က ကြောက်စိတ်က ရှိတယ်လေ” လို့ စရောက်ချိန်ကာလ က အနေအထားကို ပြောပြပါတယ်။

“ပွဲစား က ကျမကို စပြီး ရိကပါး ထိကပါး လာလုပ်တော့ ကျမ စိတ်က ကြောက်တာပေါ့။ ဒါနဲ့ အဲ့စက်ကွင်းကို ရုန်းထွက်ဖို့ကတော့ လူလည်ကျရတယ်လေ။ ကျမ ကလည်း အဒေါ်ဆီကို ဖုန်းခေါ်ရအောင် ဆက်ပြီး သီသီလေး လွှတ်ခဲ့ပါတယ်” လို့ နန်းနန်း ကဆိုပြန်ပါတယ်။

နန်းနန်းဟာ စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်း စီးပွားရေး ကျဆင်းလာပြီး ရှာဖွေစားသောက်ရတာ ခက်ခဲလာတဲ့အတွက် ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်လာတဲ့သူ တယောက်ဖြစ်ပါတယ်။

တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများ

သူမဟာ အသက် ၂၃ နှစ်အရွယ်သာရှိပြီး၊ သျှမ်းပြည်တောင်ပိုင်းမှာ မိဘတွေနဲ့အတူ တောင်ယာလုပ်နေရာမှ အဆင်မပြေမှုတွေကြောင့် ရေကြည်ရာ မြက်နုရာ ရှာဖွေရင်း ထိုင်းကို ရောက်လာသူ တယောက်ဖြစ်ပါတယ်။

ထိုင်းနိုင်ငံသို့ ဝင်ရောက်လာချိန် ပွဲစားကို ဘတ်တစ်သောင်းခွဲဝန်းကျင် (သို့မဟုတ်) ငွေကျပ် ၁၀ သိန်း နီးပါး ပေးရပါတယ်။ ဒါ့အပြင် အလုပ်အကိုင် ရရှိဖို့အတွက် နောက်ထပ် ဘတ် ၅၀၀၀ ထောင် ကိုလည်း ပေးရတယ်လို့ ဆိုပါတယ်။
အလုပ်ရှာဖွေရေးအတွက် ပွဲစားခကို ဘတ် ၅၀၀၀ ဝန်းကျင်ပေးပြီး အလုပ်ရခဲ့ပေမဲ့ နားရက်မရှိတဲ့ အိမ်ဖော် အလုပ်ကို ရရှိခဲ့ကြောင်း မနန်းက ပြောပါတယ်။

အလုပ်သွားလုပ်မည့် ရွှေ့ပြောင်းအလုပ်သမားများ

“တရားမဝင် လမ်းကလည်း လာတယ်၊ ပြီးတော့ ဘာမှလည်း ပြင်ဆင်ထားတာတွေလည်း မရှိတော့ သူတို့ပြောတဲ့ အတိုင်း ခေါင်းငြိမ့်ရုံပဲ၊ သူတို့ ဘာသာစကားလည်းနားမလည်တော့ ပွဲစားက ရှာပေးတဲ့ အလုပ် နဲ့ ကျမ အိမ်ဖော် အလုပ်ကို စလုပ်ခဲ့ရတယ်။ အပြင်လည်း သူတို့ မခေါ်ရင် မသွားရဘူးဆိုပြီး စည်းကမ်းချက် ထုတ်ထားတယ်” ဟု နန်းနန်းက ထိုင်းရောက်ခါစ အတွေ့အကြုံကို ပြောပြပါတယ်။

ဘတ်ငွေဈေးတက်တဲ့ အချိန်မို့ အလုပ်လုပ်မည့်ကာလ အပိုင်းအခြား နဲ့ တွက်ကြည့်လျှင် ရရှိလာမည့် ပမာဏကို တွေးပြီး အိပ်မက်ထဲထိ ထည့်မက်ပြီး ပျော်ခဲ့ရပေမယ့် တဖက်မှာလည်း လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရမှု အမျိုးသမီး လုံခြုံရေးကလည်း ရှိနေတော့ နန်းနန်း တယောက် ကြိတ်ပြီး နေခဲ့ရပါတယ်။

တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများ

နန်းနန်းဟာ လိင်အမြတ်ထုတ်ဖို့ ကြိုးစားတဲ့ ပွဲစားလက်ကနေ သီသီလေး လွတ်ခဲ့ပေမဲ့ နန်းနန်း ကဲ့သို့ အဖြစ်ဆိုးကို ကြုံတွေ့ပြီး ဘဝရေတိမ်နစ်သွားရတဲ့ သူတွေလည်း အများအပြား ရှိနေနိုင်ပါတယ်။

ဘာသာစကား အခက်အခဲ၊ နေထိုင်ခွင့် အထောက်အထား လက်မှတ် မပြည့်စုံမှုတွေကြောင့် ကျူးလွန်ခံသူတွေက တရားဥပဒေရဲ့ အကျိုးခံစားခွင့် ကင်းမဲ့နေသလို ကျူးလွန်သူ လိင်မုဆိုးတွေကလည်း လွတ်မြောက်ဆဲ ဖြစ်နေ ပါတယ်။

ပြည်တွင်း နိုင်ငံရေး နဲ့ စီးပွားရေး ကျဆင်းမှု၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာမှုကြောင့် ပြည်ပထွက် အလုပ်လုပ်ကြတဲ့သူတွေဟာ နယ်စပ်ဖြတ်ကျော်နေစဥ်မှာပဲ ဖမ်းဆီးခံရမှုကလည်း များစွာ ရှိနေပြီလို့ ရွှေ့ပြောင်း လုပ်သား အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများ

ထိုင်းအစိုးရက ထုတ်ပြန်တဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် က တရားမဝင် ဝင်ရောက်လာသူ ၈ သောင်းကျော် ဖမ်းမိခဲ့ပြီး အခု ၂၀၂၃ ခုနှစ်အတွင်းမှာတော့ နှစ်နှစ်အတွင်း ဇွန်လအထိ တရားမဝင် ဝင်ရောက်လာသူ တစ်သိန်း ဝန်းကျင် ရှိလာတယ်လို့ သိရပါတယ်။

မနန်း နည်းတူ ထိုင်းနိုင်ငံတွင်းကို ဝင်ရောက်လာပြီး ပွဲစား ဆိုသူ၊ အလုပ်ရှင် သူဌေးဆိုသူတွေရဲ့ လုပ်အားခ ခေါင်းပုံဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေဟာ ထိုင်းရောက် ရွှေ့ပြောင်းလုပ်သား အမျိုးသမီးများ အကြား မြောက်များစွာ ရှိနေတယ်လို့ ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ အရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ Migrant Assistance Programme (MAP) က နန်းငမ်းယဥ်က ပြောပါတယ်။

“ကျမတို့ ဆီကို ရောက်လာတဲ့ အချက်အလက်တွေ တချို့က ထုတ်ပြဖို့ အဆင်မပြေလို့ မထုတ်ပြဖြစ်တာ အများကြီးပါ။ တချို့ အမျိုးသမီးတွေက အိမ်တွင်းအိမ်ဖော်လုပ်ငန်းလုပ်ရတယ် ဆိုပေမဲ့ အပြင်ထွက်ခွင့်လည်း မပေးပဲ အိမ်ရှင် ၊ သူဌေးတွေရဲ့ လုပ်အားခ ခေါင်းပုံဖြတ်တာတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေက အများကြီးရှိတယ်။ ကျမတို့ မသိသေးတဲ့ လက်လှမ်းမမှီနိုင်တဲ့ နေရာတွေကလည်း ဒါတွေက ဖြစ်ပေါ်နိုင်ပါတယ်” ဟု နန်းငမ်းယဥ်က ပြောပါတယ်။

တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများ

ထိုင်းကို ဝင်ရောက် အလုပ်လုပ်ကိုင်တဲ့ အမျိုးသမီးများ အပါအဝင် ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် အခြေခံ ထိုင်းဘာသာ စကားကို လေ့လာတတ်မြောက်ထားသင့်တဲ့ အကြောင်း၊ စာရွက်စာတမ်း အပြည့် မပါလာနိုင်ပါက ကူညီပေးနိုင်မည့် ထိုင်းအခြေစိုက် အဖွဲ့အစည်းများ၏ ဖုန်းနံပါတ် နှင့် အမည်များကို အလွတ်ကျက်မှတ် ထားသင့် တဲ့ အကြောင်း ရွှေ့ပြောင်းလုပ်သားများ အရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ Migrant Assistance Programme (MAP) က နန်းငမ်းယဥ်က ပြောပါတယ်။

“သူတို့ ဘာသာစကား အနည်းကျဥ်း တတ်ထားရင်တော့ အနိုင်ကျင့် မခံရဘူးပေါ့၊ အရေးကြီးတာက အရေးကြီး ဖုန်းနံပါတ်တွေကို အလွတ်ကျက်မှတ်ထားဖို့လိုတယ်။ တကယ်လို့ ကိုယ့်မှာ အချိန်ရှိရင် ဒီဘက်မှာ နေဖူးတဲ့ သူတွေကို ဒီဘက်ရဲ့ နိုင်ငံရေး အခြေအနေ၊ သွားရေးလာရေး၊ စည်းမျဥ်းစည်းကမ်းတွေ ဘယ်လိုရှိလဲ ဆိုတာ လေ့လာမေးမြန်းထားနိုင်ရင် ပိုကောင်းတာပေါ့” လို့ နန်းငမ်းယဥ်က အကြုံပြု ပြောဆိုထားပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား အမျိုးသမီးများ အနေနဲ့ ယုံကြည် စိတ်ချနိုင်တဲ့ သူနဲ့သာ အဆက်အသွယ် လုပ်သင့်အကြောင်းကိုလည်း နန်းငမ်းယဥ်က ဆက်လက် ပြောဆို ထားပါတယ်။

တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဥ်နဲ့ အမျှ ထိုင်းကို တရားမဝင် ဝင်ရောက်လာလို့ အဖမ်းခံရတဲ့ မြန်မာလုပ်သား အရေအတွက် ဟာ တစ်သိန်းကျော် ရှိနိုင်တယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သား ကူညီဆောက်ရွက်ပေးနေသူတွေက ပြောဆိုနေပါတယ်။

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းတွေထဲက ဘန်ကောက်၊ ရနောင်း၊ မဲဆောက် စတဲ့ အကျဉ်းထောင်တွေ မှာ မြန်မာအလုပ်သမားတွေ အများစုရှိနေကြတယ်လို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်း တွေက ပြောကြပါတယ်။

နိုင်ငံ ခိုးဝင်တဲ့ သူတွေကို ထိုင်းနိုင်ငံရဲ့ ဥပဒေအတိုင်း ပြစ်ဒဏ်ချမှတ်ခံရပြီးမှ မြန်မာနိုင်ငံကို ပြန်ပို့ပါတယ်။ တစ်လ မှ အယောက် ၁၅၀ လောက်ပြန်ပို့တာဖြစ်ပြီး နောက်ထပ် ဖမ်းမိလာတဲ့ မြန်မာနိုင်ငံသားတွေက ဆက်ရှိနေတာ ကြောင့် အချုပ်ခန်းတွေမှာ မြန်မာနိုင်ငံသားတွေ အဆက်မပြတ် ရှိနေတယ်လို့ ပြောကြပါတယ်။

တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများ

လက်ရှိအချိန်မှာဆိုရင်တော့ လိင်အမြတ်ထုတ်ဖို့ ကြိုးစားတဲ့ ပွဲစားလက်အောက်ကနေ လွှတ်မြောက်ခဲ့တာ နှစ်ပတ်လည် ရှိခဲ့ပေမဲ့ အရိပ်ဆိုးတစ်ခုလို သူမကို ခြောက်လှန့်နေဆဲ ဖြစ်တယ်လို့ နန်းနန်းက ပြောပါတယ်။

“လူတွေကို မယုံဖို့ သင်ခန်းစာတော့ ရသွားတယ်။ နောက်ပြီးတော့ သူစိမ်းယောက်ျား နဲ့ ရင်းရင်းနှီးနှီးစကားပြောဖို့ စိုးထိတ်နေတာ၊ အခု ကျမ အဒေါ်တို့ရဲ့ အကူအညီ နဲ့ ဆွေမျိုးတွေနဲ့ မဝေးတဲ့ နေရာမှာ အိမ်ဖော်အဖြစ် ဆက်လက် လုပ်နေရဆဲပါပဲ။ နေရပ်ပြန်သွားဖို့လည်း မလွယ်တော့တဲ့ ဒီအခြေအနေမှာ ဆွေမျိုးနဲ့ နီးနေတယ်ဆိုတဲ့ အတွေးနဲ့ပဲ ဒီက အလုပ်တွေကို ဆက်လုပ်ဖြစ်ပါတယ်” လို့ နန်းနန်းက ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားများ

နန်းနန်းကတော့ မိဘတွေကို တထပ်တိုက်တလုံး ဆောက်ပေးချင်တဲ့စိတ်နဲ့ ကြုံလာရတဲ့ အခက်အခဲကို ခါးစီးပြီး အလုပ်လုပ်နေရပါတယ်။ တိုင်းတပါးကို လာရောက်အလုပ်လုပ်မယ့်သူတွေကိုလည်း အစစအရာရာ ဂရုစိုက်ပြီးနေထိုင်ဖို့ ဘယ်သူ့ကိုမှ အယုံမလွယ်ဖို့လည်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မနန်းက ထိုင်းရောက်နေစဥ် ကာလအတွင်း လုပ်အားခတွေ နဲ့ အတူ မိဘအတွက် တစ်ထပ်တိုက် အိမ်တစ်လုံး ဆောက်ပေးချင်တဲ့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

ရည်မှန်းထားတဲ့ အနာဂတ်ပုံရိပ် ခပ်ဝါးဝါး အခြေအနေကနေ လွတ်မြောက်ပြီး မနန်း အတွေး ရည်မှန်းချက် ကိုယ်စီနဲ့ အိမ်အပြန်ခရီးကို တွေးဆပြီး ပျော်နေကြမယ့် တခြားသူတွေလည်း ရှိလိမ့်မယ်လို့ ယုံကြည် မျှော်လင့်မိ ပါတယ်။


မနန်းတို့ အပါအဝင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး တိုင်းတပါးမှာ အလုပ်လုပ်သူအားလုံးရဲ့ အိမ်အပြန်ခရီးမှာ အရှေ့ဆီက ထိုးထွက်လာတဲ့ ငြိမ်းချမ်းသော ရောင်ခြည်နွေးနွေး အရသာကို ခံစားရရှိစေလိုကြောင်း ဆန္ဒပြုလိုက် ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချွန်ဘူရီတွင် လုံခြုံရေးကို ရိုက်နှက်ပြီး ဘတ် ၆ သိန်းတန် ကေဘယ်ကြိုးများ ခိုးခဲ့သည့် မြန်မာ ၄ ဦးဖမ်းမိ

0
ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘန်ဘွန်းနယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ဘတ် ၆၀၀,၀၀၀ ခန့် တန်ဖိုးရှိ လျှပ်စစ်ကေဘယ်ကြိုးအသစ်များကို လုယက်သွားခဲ့သည့် မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Khaosod သတင်းက ဖော်ပြသည်။ အဆိုပါအဖွဲ့သည် လုယက်မှုမကျူးလွန်မီ လုံခြုံရေးဝန်ထမ်းကို ဓားဖြင့်ခြိမ်းခြောက်ကာ ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပြီး ခြေလက်များကိုလည်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...