နမ့်စန် စက်သုံးဆီများ ပြတ်လပ်နေ
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း ယမန်နေ့ ဇူလိုင် (၁၈) ရက်နေ့တွင် (92) စက်သုံးဆီ အမျိုးအစားများ ပြတ်လပ်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ နမ့်စန်မြို့အတွင်း စက်သုံးဆီဆိုင် (၂၀) ဝန်းကျင်ရှိပြီး၊ ထိုဆိုင်များတွင် စက်သုံးဆီ (92) စက်သုံးဆီသည် ယမန်နေ့ ဇူလိုင် (၁၈)...
ပုံးအင်း တောင်သူ စပါးစျေးကွက် အရှုံးပေါ်မည်ကို စိုးရိမ်
သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသအတွင်း ယခုကာလသည် စပါးရိတ်သိမ်းချိန်ဖြစ်ကာ စပါးစျေးကွက် အရှုံးပေါ်မည်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ပုံးအင်းဒေသထဲတွင် ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ် နှင့် တောင်ကြီးမြို့နယ် တို့ပါဝင်ပြီး၊ ထိုဒေသများတွင် စပါးကို အဓိက စိုက်ပျိုးသည့် ဒေသဖြစ်ပြီး ယခင်က စပါးထွက်နှုန်း ကောင်းသော ဒေသဖြစ်ခဲ့သည်။ စစ်အာဏာသိမ်းလာပြီးနောက် ကုန်ပစ္စည်းများ အပါအဝင်...
မိုးမိတ်မြို့နယ် ကျေးရွာတစ်ချို့ကို KIA နှင့် PDF တို့က လယ်ထွန်စက် မသုံးခိုင်း
SHAN -
သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်း ကျေးရွာတစ်ချို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ပြည်သူများကို လယ်ထွန်စက်မှ စက်မနိုးခိုင်းကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ လယ်ထွန်စက်နိုးခြင်းကြောင့် စစ်ကောင်စီ၏ လေယာဉ်ပျံဝဲသံ မကြားမှာကို စိုးရိမ်သောကြောင့် KIA နှင့် PDF တို့မှ လယ်ထွန်စက်မသုံးခိုင်းခြင်းဖြစ်ကြောင်း...
နယ်စပ် ဆီထွက်ပို့ကုန် ဒေါ်လာငွေကြိုတင်ငွေလွှဲပေးမှ လိုင်စင်ခွင့်ပြု ထုတ်ပေးမည်
နယ်စပ်ကုန်သွယ်ရေး ပို့ကုန်တင်ပို့မည့် ဆီထွက်ကုန်ပစ္စည်းများကို ကြိုတင်ငွေလွှဲဝင်ပြီးမှသာ လိုင်စင်ခွင့်ပြု ထုတ်ပေးမည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်းးဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။ ဆီထွက်သီးနှံများဖြစ်သည် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုး နှင့် မြေပဲဆံများ တင်ပို့ခွင့်ကိစ္စနှင့် ပတ်သက်ပြီး ပို့ကုန်ုတန်ဖိုးအား ကြိုတင်ငွေလွှဲစနစ် Advanced Telegraphic Tranfer (TT)...
တောင်ကြီးမြို့ပေါ် ယာဉ်ရပ်နားခ အဆမတန်ကောက်ခံနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အတွင်း ယာဥ်ရပ်နားခများကို ယခင်ကထက် အဆမတန်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ယခင်စစ်အာဏာမသိမ်းခင်တွင် ယာဉ်ကြီး (၅၀၀)ကျပ် ၊ ယာဉ်ငယ် (၃၀၀) ၊ ဆိုင်ကယ် (၂၀၀) ကျပ်နှင့် စက်ဘီးတစ်စီးလျှင် (၁၀၀) ကျပ်ဟု သတ်မှတ်ထားခဲ့သည်။ စစ်အာဏာသိမ်းပြီး (၁)...
ဆီဈေးနှုန်းကျဆင်း သျှမ်းပြည် ဆီပြတ်လပ် လယ်သမားများ ခက်ခဲနေဆဲ
ယခုရက်ပိုင်း မြန်မာပြည်တွင် ဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း သျှမ်းပြည်တွင်း ဆီပြတ်လပ်မှုကြောင့် လယ်သမားများ ဆီဝယ်ယူရန် အခက်အခဲ ဆက်လက်ရှိနေသေးကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇူလိုင်လ ၇ ရက်တွင် ကမ္ဘာရေနံစိမ်းဈေးကွက် တိုက်ရိုက်အချိုးကြသည့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းကလည်း အနည်းငယ် ကျဆင်းလာကြောင်း စက်သုံးဆီ အရောင်းအဝယ်ဈေးကွက် လုပ်ငန်းရှင်များ...
မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး နှင့် ဒေါ်လာဂယက် ကုန်သည်များ ခက်ခဲနေ
SHAN -
မြန်မာ - တရုတ်နယ်စပ် ကုန်သွယ်ရေးကို တရုတ်ယွမ်ငွေ အစား အမေရိကန် ဒေါ်လာ အဖြစ် ပြောင်းသုံးရမည် ဆိုသည့် သတင်းကြောင့် ကုန်သည်များ ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ မူဆယ် - နမ့်ခမ်းနယ်စပ် ကုန်သွယ်ရေး မှ ပို့ကုန် လုပ်ငန်းရှင်များအနေဖြင့် လက်ရှိအသုံးပြုနေသည့် တရုတ်ယွမ်ငွေအစား အမေရိကန်ဒေါ်လာ...
ပင်လောင်း လက်ဖက် စိုက်ပျိုးသူ အခက်ကြုံနေ
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့သည် လက်ဖက်ကို အဓိက စိုက်ပျိုးသည့် ဒေသဖြစ်ပြီး၊ လက်ရှိကာလမှာ လက်ဖက်စိုက်ပျိုးသူများအတွက် အခက်ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ယခုကာလသည် နိုင်ငံရေးရှုပ်ထွေးမှုဖြစ်ပွားကာ ကုန်စျေးနှုန်းများလည်း မြင့်တက်လာသည့်အတွက် လက်ဖက်စျေးနှုန်းမတက်လာဘဲ စိုက်ပျိုးရာတွင် အသုံးပြုသည့် မြေသြဇာ၊ စက်သုံးဆီစျေးနှုန်းလည်း အဆမတန်မြင့်တက်လာကြောင်း လက်ဖက်စိုက်ပျိုးသူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လက်ဖက်စျေးနှုန်းက မတက်ဘူး။...
မိုင်းရှူးမြို့အတွင်း လောင်းကစားကြောင့် အိမ်ပေါင်၊ ခြံပေါင်နေရ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်း စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားပိုမိုများပြားလာပြီး လက်ရှိမှာ အိမ်ပေါင်၊ ခြံပေါင်အထိ ရှိလာနေကြောင်း စုံစမ်းသိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း လောင်းကစားဝိုင်းများပြားလာပြီး မိုင်းရှူးမြို့အတွင်း လောင်းကစားကြောင့် ပြည်သူများဒုက္ခရောက်ကာ၊ အိမ်ပေါင်သည့်အဆင့်ထိ ရှိလာကြောင်း သိရသည်။ “မိုင်းရှူးမြို့မှာ အခု လောင်းကစားအရမ်းများလာတယ်။ ပြည်သူတွေလည်း ဒုက္ခရောက်နေတယ်။ အခုက...
သျှမ်းပြည်လူထုမျက်ရည်စ လျှပ်စစ်ဓါတ်အားထုတ်ရေကာတာက
SHAN -
“ကျနော်တို့ ဘယ်ကိုပြောင်းရမယ်ဆိုတာကိုတော့ မသိသေးဘူး။ ကုမ္ပဏီကလည်း ခုထိ ဘာမှအကြောင်းမကြားသေးဘူး။ စိတ်ပူမှုတော့ရှိတာပေါ့” လို့ လီလုကျေးရွာမှ စိုင်းဝင်း က ပြောပါတယ်။ လီလုကျေးရွာဟာ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ တာတေကျေးရွာအုပ်စုအတွင်းမှာ တည်ရှိတဲ့ကျေးရွာ တခုဖြစ် ပါတယ်။ Natural Current Energy Hydropower Co,Ltd နဲ့ လျှပ်စစ်နှင့်...






