နမ့်စန် စက်သုံးဆီများ ပြတ်လပ်နေ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း ယမန်နေ့ ဇူလိုင် (၁၈) ရက်နေ့တွင် (92) စက်သုံးဆီ အမျိုးအစားများ ပြတ်လပ်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

နမ့်စန်မြို့အတွင်း စက်သုံးဆီဆိုင် (၂၀) ဝန်းကျင်ရှိပြီး၊ ထိုဆိုင်များတွင် စက်သုံးဆီ (92) စက်သုံးဆီသည် ယမန်နေ့ ဇူလိုင် (၁၈) ရက်မှစပြီး ဆိုင်တိုင်း ပြတ်လပ်နေပြီ ဖြစ်ကြောင်း၊ (Denko) ဆီဆိုင်တစ်ခုတည်းတွင်သာ (95) စက်သုံးဆီ ကျန်ရှိနေပြီး ရောင်းနေရကြောင်း နမ့်စန်မြို့ဒေသခံ အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ စက်သုံးဆီ (92) ကတော့ ပြတ်နေပြီ ၊မနေ့ကတော့ (Denko) တစ်ဆိုင်မှာရတာ ၊ကျနော်သွားထည့်တော့ (95) တစ်မျိုးပဲကျန်တယ်။ အပြင်က စက်သုံးဆီဆိုင်ငယ်တွေမှာတော့ မသိဘူး၊ (95) စက်သုံးဆီကော ဒီနေ့ထိ ကျန်သေးလားတော့ သေချာမသိသေးဘူး “ ဟု ၎င်းအမျိုးသားကပြောသည်။

နမ့်စန်မြို့

နမ့်စန်မြို့ စက်သုံးဆီဆိုင်များမှ ဆီဈေးနှုန်းများမှာ အောက်တိန်း (95) တလီတာ (၂,၉၅၀) ကျပ်ဝန်းကျင် ၊ အောက်တိန်း (92) တလီတာ (၂,၈၅၀) ကျပ်ဝန်းကျင် နှင့် ဒီဇယ် တလီတာ (၂,၀၀၀) ကျော်ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသို့ နမ့်စန်မြို့ စက်သုံးဆိုင်များမှာ စက်သုံးဆီများကို နယ်စပ်အသီးသီးမှ ဝယ်ယူရပြီးနောက် တာချီလိတ်မြို့တွင် စက်သုံးဆီများ ဝယ်ယူရရှိနိုင်ပြီး ယခုကာလတွင် နယ်စပ်မှ ဒေါ်လာငွေသုံးစွဲရသည့်အပြင် ဒေါ်လာဈေးများ အဆမတန် မြင့်တက်လာသောကြောင့် လာမည့်အခြေနေတွင် စက်သုံးဆီများ တင်သွင်းမရ ဖြစ်လာနိုင်ကြောင်း ဟု နမ့်စန်မြို့ ဒေသခံအမျိုးသားတစ်ဦး သုံးသပ်ထားသည်။

“ နမ့်စန်က စက်သုံးဆီတွေ ထိုင်းနယ်စပ် တာချီလိတ်မြို့မှာ ယူရတာလည်းရှိတယ်၊ အခုအခြေနေက ပုံမှန်မဟုတ်တော့ အခြေနေကတော့ ဖြစ်သလိုဖြစ်နေတာပဲ ၊ဒေါ်လာဈေးကတော့ စောင့်နေကြည့်နေတုန်း တစ်နေ့တစ်နေ့ တဖြည်းဖြည်းတက်လာနေတာ ၊ နယ်စပ်က ကုန်သည်တွေလည်း ဒေါ်လာဈေးသုံးရပြီး အခွန်ပါ ဆောင်ရတယ်။ တဖြည်းဖြည်းနဲ့ နယ်စပ်ကကုန်သွယ်ရေးတွေ ဒီထက်ပိုခက်ခဲလာမယ်၊ စက်သုံးဆီတွေလည်း တင်သွင်းမရဖြစ်လာမယ် “ ဟု ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန မှ စနစ်အမျိုးမျိုးပြောင်းလဲမှုကြောင့် ကုန်သည်များလည်း အခက်အခဲများစွာ ရင်ဆိုင်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် စက်သုံးဆီဈေးကျဆင်းလာသော်လည်း ရပ်ကွက်၊ ကျေးရွာမှောင်ခို စျေးကွက်၌ ဈေးမြင့်နေဆဲ

0
သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ အောင်ပန်း၊ ပင်းတယနှင့် ရွာငံမြို့များတွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း မှောင်ခိုစျေးကွက် ဆက်လက်စျေးမြင့်တက်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၁ ရက်မှစတင်၍ မြို့ပေါ်စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်သာရှိလာပြီး လိုသလောက် ဝယ်ယူနိုင်သည့်အခြေအနေဖြစ်လာကြောင်း သိရသည်။ သို့သော် ရပ်ကွက်ထဲနှင့် ကျေးရွာအများစုတွင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...