Tuesday, January 27, 2026

နမ့်စန် စက်သုံးဆီများ ပြတ်လပ်နေ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း ယမန်နေ့ ဇူလိုင် (၁၈) ရက်နေ့တွင် (92) စက်သုံးဆီ အမျိုးအစားများ ပြတ်လပ်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

နမ့်စန်မြို့အတွင်း စက်သုံးဆီဆိုင် (၂၀) ဝန်းကျင်ရှိပြီး၊ ထိုဆိုင်များတွင် စက်သုံးဆီ (92) စက်သုံးဆီသည် ယမန်နေ့ ဇူလိုင် (၁၈) ရက်မှစပြီး ဆိုင်တိုင်း ပြတ်လပ်နေပြီ ဖြစ်ကြောင်း၊ (Denko) ဆီဆိုင်တစ်ခုတည်းတွင်သာ (95) စက်သုံးဆီ ကျန်ရှိနေပြီး ရောင်းနေရကြောင်း နမ့်စန်မြို့ဒေသခံ အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ စက်သုံးဆီ (92) ကတော့ ပြတ်နေပြီ ၊မနေ့ကတော့ (Denko) တစ်ဆိုင်မှာရတာ ၊ကျနော်သွားထည့်တော့ (95) တစ်မျိုးပဲကျန်တယ်။ အပြင်က စက်သုံးဆီဆိုင်ငယ်တွေမှာတော့ မသိဘူး၊ (95) စက်သုံးဆီကော ဒီနေ့ထိ ကျန်သေးလားတော့ သေချာမသိသေးဘူး “ ဟု ၎င်းအမျိုးသားကပြောသည်။

နမ့်စန်မြို့

နမ့်စန်မြို့ စက်သုံးဆီဆိုင်များမှ ဆီဈေးနှုန်းများမှာ အောက်တိန်း (95) တလီတာ (၂,၉၅၀) ကျပ်ဝန်းကျင် ၊ အောက်တိန်း (92) တလီတာ (၂,၈၅၀) ကျပ်ဝန်းကျင် နှင့် ဒီဇယ် တလီတာ (၂,၀၀၀) ကျော်ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

ထိုသို့ နမ့်စန်မြို့ စက်သုံးဆိုင်များမှာ စက်သုံးဆီများကို နယ်စပ်အသီးသီးမှ ဝယ်ယူရပြီးနောက် တာချီလိတ်မြို့တွင် စက်သုံးဆီများ ဝယ်ယူရရှိနိုင်ပြီး ယခုကာလတွင် နယ်စပ်မှ ဒေါ်လာငွေသုံးစွဲရသည့်အပြင် ဒေါ်လာဈေးများ အဆမတန် မြင့်တက်လာသောကြောင့် လာမည့်အခြေနေတွင် စက်သုံးဆီများ တင်သွင်းမရ ဖြစ်လာနိုင်ကြောင်း ဟု နမ့်စန်မြို့ ဒေသခံအမျိုးသားတစ်ဦး သုံးသပ်ထားသည်။

“ နမ့်စန်က စက်သုံးဆီတွေ ထိုင်းနယ်စပ် တာချီလိတ်မြို့မှာ ယူရတာလည်းရှိတယ်၊ အခုအခြေနေက ပုံမှန်မဟုတ်တော့ အခြေနေကတော့ ဖြစ်သလိုဖြစ်နေတာပဲ ၊ဒေါ်လာဈေးကတော့ စောင့်နေကြည့်နေတုန်း တစ်နေ့တစ်နေ့ တဖြည်းဖြည်းတက်လာနေတာ ၊ နယ်စပ်က ကုန်သည်တွေလည်း ဒေါ်လာဈေးသုံးရပြီး အခွန်ပါ ဆောင်ရတယ်။ တဖြည်းဖြည်းနဲ့ နယ်စပ်ကကုန်သွယ်ရေးတွေ ဒီထက်ပိုခက်ခဲလာမယ်၊ စက်သုံးဆီတွေလည်း တင်သွင်းမရဖြစ်လာမယ် “ ဟု ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန မှ စနစ်အမျိုးမျိုးပြောင်းလဲမှုကြောင့် ကုန်သည်များလည်း အခက်အခဲများစွာ ရင်ဆိုင်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...