တောင်ကြီး မီးဖိုချောင်သုံး Gas စတင်ပြတ်လပ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် မီးဖိုချောင်သုံး (ဂက်စ်) များ ဖြည့်ရန် ခက်ခဲလာကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့ ယခုကာလတွင် မီးဖိုချောင်သုံး (ဂက်စ်) ဘူးသေးများမှာ ဆိုင်များ၌ စတင်ပြတ်လပ်နေပြီး (ဂက်စ်) အိုးကြီးများမှာလည်း ဝယ်ယူရန်ခက်ခဲလာကြောင်း တောင်ကြီးဒေသခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဂက်စ် အသေးဆို ရှာဝယ်လို့မရတော့ဘူး လှဲလို့မရတော့ဘူး။ ဒီရပ်ကွက်ထဲမှာလည်း ရှာဝယ်လို့လည်း မရတော့ဘူး။ ဆိုင်မှာလည်း လာမပို့တော့ဘူး ပြတ်နေပြီ။ အသေးလေးတွေ မရတော့ဘူး။ နည်းနည်းကြီးတဲ့ အလတ်လေးဆိုရင်လည်း ရှားတယ် ဝယ်ရတာ“ ဟု ၎င်းလူငယ်တစ်ဦးက ပြောသည်။

မီးဖိုချောင်သုံး ဂက်စ်များစတင်ပြတ်လပ်လာသည့်အတွက် အိမ်ရှင်မများ အခက်ကြုံနေရကြောင်း၊ စစ်အာဏာသိမ်းပြီးနောက်မီးလည်း မကြာခဏပိတ်နေသဖြင့် လက်ရှိမှာ ဂတ်စ်အစား မီးသွေးများ၊ ထင်းများ ပြန်သုံးရန် စဥ်းစားနေရကြောင်းလည်း တောင်ကြီးမြို့မှ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဂက်စ်အိုး

“ အရင်ကတော့ ဂက်စ်နဲ့ ဟင်းချက်ရင် မြန်တာပေါ့၊ အချိန်လည်းသက်သာတယ်။ အခုတော့ ဂက်စ်ပြတ်ရင် မီးကမလာတော့ ဟိုအရင် ငယ်ဘဝတုန်းကလို ထမင်း၊ဟင်းချက်ရင် အချိန်တခုပေးရတော့မယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

မီးဖိုချောင်သုံး (Gas) များသည် ယခုကာလတွင် နယ်စပ် အသီးသီးမှ တင်းသွင်းရန်အတွက် ခက်ခဲသောကြောင့် ဂက်စ် ပြတ်လပ်မှုများ ၊ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မီးဖိုချောင်သုံး ဂက်စ် အိုးကြီးများ ယခင်က တပိဿာလျှင် ထိုင်းငွေ (၄၀၀) ဘတ်ကျော်ရှိပြီး ယခုကာလအတွင်း တပိဿာလျှင် (၈၀၀) ဘတ်ကျော်ထိ ဂက်စ် ဈေးနှုန်းများ မြှင့်တက်လာပြီး ဂက်စ် များ ပြတ်လပ်တာမကြုံရသေးဘူးဟု တာချီလိတ်မြို့ဒေသခံ အသက်(၃၅)ကျော် အမျိုးသားတစ်ဦးက ပြောသည်။

“ ဂက်စ် သွင်းရတာတော့ မခက်ဘူး၊ မပြတ်သေးဘူး။ ဈေးတအားတက်တာပဲရှိတယ်။ တံတားက ပြန်မဖွင့်တာ ထိုင်းကယူလို့ မရတာကြောင့် ဈေးတက်တာ။ အစစအရာရာ ဈေးတက်နေတယ်။ ဂက်စ် က ထမင်းဟင်းချက် ရတာလွယ်တယ်။ တကယ်ပြတ်လာရင်တော့ မီးသွေးတွေ ပြန်သုံးရတော့မယ် “ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ယခင်တွင် မီးဖိုချောင်သုံးဂက်စ်အိုး 48 kg (၃၀ပိဿ) ဆံ့သည် ၄ သောင်းကျပ်သာရှိပြီး လက်ရှိမှာ မြန်မာကျပ်ငွေ ၁ သိန်းခွဲထိ မြှင့်တက်လာသဖြင့် မြန်မာပြည်သူများ ဂက်စ်သုံးရန် ခက်ခဲလာကြောင်းသိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ မတည်မြဲသည့် မူဝါဒကြောင့် နိုင်ငံခြားမှ တင်သွင်းသည့် ကုန်ပစ္စည်းများလည်း စျေးနှုန်း အဆမတန်မြင့်မားလာသည့်အတွက် ပြည်သူများ တနေ့ထက်တနေ့ ပိုပြီး ကျပ်တည်းလာကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...