Wednesday, January 28, 2026

တောင်ကြီး မီးဖိုချောင်သုံး Gas စတင်ပြတ်လပ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် မီးဖိုချောင်သုံး (ဂက်စ်) များ ဖြည့်ရန် ခက်ခဲလာကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့ ယခုကာလတွင် မီးဖိုချောင်သုံး (ဂက်စ်) ဘူးသေးများမှာ ဆိုင်များ၌ စတင်ပြတ်လပ်နေပြီး (ဂက်စ်) အိုးကြီးများမှာလည်း ဝယ်ယူရန်ခက်ခဲလာကြောင်း တောင်ကြီးဒေသခံ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဂက်စ် အသေးဆို ရှာဝယ်လို့မရတော့ဘူး လှဲလို့မရတော့ဘူး။ ဒီရပ်ကွက်ထဲမှာလည်း ရှာဝယ်လို့လည်း မရတော့ဘူး။ ဆိုင်မှာလည်း လာမပို့တော့ဘူး ပြတ်နေပြီ။ အသေးလေးတွေ မရတော့ဘူး။ နည်းနည်းကြီးတဲ့ အလတ်လေးဆိုရင်လည်း ရှားတယ် ဝယ်ရတာ“ ဟု ၎င်းလူငယ်တစ်ဦးက ပြောသည်။

မီးဖိုချောင်သုံး ဂက်စ်များစတင်ပြတ်လပ်လာသည့်အတွက် အိမ်ရှင်မများ အခက်ကြုံနေရကြောင်း၊ စစ်အာဏာသိမ်းပြီးနောက်မီးလည်း မကြာခဏပိတ်နေသဖြင့် လက်ရှိမှာ ဂတ်စ်အစား မီးသွေးများ၊ ထင်းများ ပြန်သုံးရန် စဥ်းစားနေရကြောင်းလည်း တောင်ကြီးမြို့မှ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဂက်စ်အိုး

“ အရင်ကတော့ ဂက်စ်နဲ့ ဟင်းချက်ရင် မြန်တာပေါ့၊ အချိန်လည်းသက်သာတယ်။ အခုတော့ ဂက်စ်ပြတ်ရင် မီးကမလာတော့ ဟိုအရင် ငယ်ဘဝတုန်းကလို ထမင်း၊ဟင်းချက်ရင် အချိန်တခုပေးရတော့မယ်” ဟု ၎င်းအမျိုးသမီးက ပြောသည်။

မီးဖိုချောင်သုံး (Gas) များသည် ယခုကာလတွင် နယ်စပ် အသီးသီးမှ တင်းသွင်းရန်အတွက် ခက်ခဲသောကြောင့် ဂက်စ် ပြတ်လပ်မှုများ ၊ ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မီးဖိုချောင်သုံး ဂက်စ် အိုးကြီးများ ယခင်က တပိဿာလျှင် ထိုင်းငွေ (၄၀၀) ဘတ်ကျော်ရှိပြီး ယခုကာလအတွင်း တပိဿာလျှင် (၈၀၀) ဘတ်ကျော်ထိ ဂက်စ် ဈေးနှုန်းများ မြှင့်တက်လာပြီး ဂက်စ် များ ပြတ်လပ်တာမကြုံရသေးဘူးဟု တာချီလိတ်မြို့ဒေသခံ အသက်(၃၅)ကျော် အမျိုးသားတစ်ဦးက ပြောသည်။

“ ဂက်စ် သွင်းရတာတော့ မခက်ဘူး၊ မပြတ်သေးဘူး။ ဈေးတအားတက်တာပဲရှိတယ်။ တံတားက ပြန်မဖွင့်တာ ထိုင်းကယူလို့ မရတာကြောင့် ဈေးတက်တာ။ အစစအရာရာ ဈေးတက်နေတယ်။ ဂက်စ် က ထမင်းဟင်းချက် ရတာလွယ်တယ်။ တကယ်ပြတ်လာရင်တော့ မီးသွေးတွေ ပြန်သုံးရတော့မယ် “ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ယခင်တွင် မီးဖိုချောင်သုံးဂက်စ်အိုး 48 kg (၃၀ပိဿ) ဆံ့သည် ၄ သောင်းကျပ်သာရှိပြီး လက်ရှိမှာ မြန်မာကျပ်ငွေ ၁ သိန်းခွဲထိ မြှင့်တက်လာသဖြင့် မြန်မာပြည်သူများ ဂက်စ်သုံးရန် ခက်ခဲလာကြောင်းသိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ မတည်မြဲသည့် မူဝါဒကြောင့် နိုင်ငံခြားမှ တင်သွင်းသည့် ကုန်ပစ္စည်းများလည်း စျေးနှုန်း အဆမတန်မြင့်မားလာသည့်အတွက် ပြည်သူများ တနေ့ထက်တနေ့ ပိုပြီး ကျပ်တည်းလာကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...