ပြောင်းဈေးနှုန်းကျဆင်းမှုများကြောင့် တောင်သူများအရှုံးပေါ်

ပြောင်းစျေးနှုန်းများ ကျဆင်းလာသည့်အတွက် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ ပြောင်းစိုက်တောင်သူများ အရှုံးပေါ်ပြီး အခက်အခဲကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ယခုရက်ပိုင်း ကမ္ဘာ့ပြောင်းစျေးနှုန်းကျဆင်းလာသည့်အပြင် စစ်အာဏာရှင်၏ တင်ပို့မှုလုပ်ထုံးလုပ်နည်း မူဝါဒ ပြောင်းလဲလာမှုကြောင့် ကြိုတင်ငွေလွှဲစနစ် တင်ပို့ရခြင်း နှင့် ဒေါ်လာငွေလဲလှယ်မှု စျေးနှုန်းကွာဟချက်ကြောင့် ပြောင်း တင်ပို့မှုများကို ကုန်သည်များက ရပ်နားထားရကြောင်း သိရသည်။

တချို့သော ပြောင်းကုန်သည်များမှာမူ ပို့ကုန်လိုင်စင်နှင့် အခွန်ဆောင်ရာတွင် လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများ ကြန့်ကြာနေခြင်းကြောင့် ပြောင်းတင်ပို့မှု မပြုလုပ်နိုင်ကြကြောင်း ပြောင်းကုန်သည်များထံ သိရသည်။

“ပြောင်းစျေးနှုန်းကလည်း ကျလာတယ်။ နောက်ပြီး ပြည်ပတင်ပို့မှုကလည်း ခက်လာတယ်။ ကုန်တွေ အခုထိ လှောင်ထားရတယ်။ မရောင်းရတာတွေရှိတယ်” ဟု ပြောင်းကုန်သည် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထို့ပြင် ပြောင်းပွဲရုံများတွင် ပြောင်းများပြည့်နေခြင်းကြောင့် ပြောင်းစိုက်ပျိုးတောင်သူများလည်း ထပ်မံရောင်းရန် ခက်ခဲနေကြောင်း သီပေါမြို့ ပြောင်းစိုက်ပျိုးသူ ဒေသခံတစ်ဦးက ပြောသည်။

ပြောင်း

“ အခုခြံထဲမှာ ခူးရမယ့်ပြောင်းတွေလည်း ရှိနေတယ်။ မြန်မာပြည်က ပွဲရုံမှာလည်း ပြောင်းတွေအများကြီး ရှိနေတယ်၊ ရောင်းလို့လည်း မထွက်ဘူး။ ကျန်နေတဲ့ပြောင်းတွေက အများကြီး အခုပြောင်း အသစ်နဲ့ ထပ်နေတယ်၊ သီပေါမှာပြောင်း ဝယ် မယ့်သူက မရှိသလောက်တော့ ခက်ခဲတယ်။ ပြောင်းဈေးကမရှိဘူး စားဝတ်နေရေးအတွက် ကုန်ပစ္စည်းတွေက တအားဈေးတက်နေတယ်“ ဟု ၎င်းပြောင်းစိုက်ပျိုးသူ တစ်ဦးက ပြောသည်။

ယခင်က ပြောင်းဈေးနှုန်း တစ်ပိဿမှာ (၁,၀၀၀) ကျပ်ကျော်ရှိရာမှ ယခုကာလ တစ်ပိဿလျှင် (၆၀၀) ကျပ်ထိ ကျဆင်းနေကြောင်းလည်း ၎င်းကထပ်လောင်းပြောသည်။

အဆိုပါ မြဝတီနယ်စပ်တွင် ပြောင်းများတင်ပို့သော ကုန်သည်များက စစ်ကောင်စီ သတ်မှတ်ထားသော အခွန်ဆောင်မှု (၁,၈၅၀) ကျပ်ဖြင့် ပေးဆောင်ရသည့်အပြင် ပြောင်းတစ်တန်ကို အမေရိကန် ဒေါ်လာ (၃၀၀) ပေးဆောင်နေရကြောင်း နယ်စပ်ကုန်သည် အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့သတ်မှတ်ထားတာက (၁,၈၅၀) ကျပ် နဲ့ သတ်မှတ်ထားပေမယ့် အပြင်မှာက တစ်ဒေါ်လာ (၂,၅၀၀)ကျော်တယ် ၊ အပြင်ကနေဝယ်ရတယ်။ အခွင်ဆောင်ရတာက (၁,၈၅၀) ကျပ်နဲ့တခါပေးရတယ်၊ ပြီးတော့ ပြောင်းတစ်တန်ကို အမေရိကန် ဒေါ်လာ (၃၀၀) ကျော်ထပ်ပေးရတယ်။ တချို့ပေးပြီးတဲ့သူတွေလည်း သူတို့က လက်မှတ်မထုတ်ပေးဘူး“ ဟု ၎င်းက ပြောသည်။

အဆိုပါ ဒေါ်လာကို ပြောင်းသုံးရန်အတွက် စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ကုန်သွယ်ရေး ဦးစီးဌာနက ဇွန် (၂၀) ရက်မှာ ထုတ်ပြန်ခဲ့ပြီး တောင်ကြီးမြို့ ရှိ နိုင်ငံခြားကုန်ပစ္စည်းများ လက်လီ၊ လက်ကားရောင်းသည့် ကုမ္ပဏီများသည် အရောင်းအဝယ်ရှုံးသဖြင့် ကုမ္ပဏီကို ဇူလိုင် ၂၁ ရက်မှ စပြီး အရောင်း ခေတ္တပိတ်ဆိုင်းထားရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်မှုနှင့် တောင်သူအကျပ်

0
၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်ဆနီးပါး တိုးမြှင့်ထုတ်ချေးပေးမည်ဟု စစ်ကော်မရှင် လက်အောက်ခံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ စစ်ကော်မရှင်၏ ထုတ်ပြန်ချက်အရ စပါးတစ်ဧကလျှင် ၁ သိန်းခွဲကျပ်မှ ၃ သိန်းကျပ်အထိ တိုးမြှင့်ပေးလိုက်သော်လည်း မြေပြင်တွင် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့်...