မိုင်းကိုင်လယ်ယာဧက ၅၀ ရာခိုင်နှုန်း မစိုက်ပျိုးနိုင်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် လယ်ယာဧက ၅၀ ရာခိုင်နှုန်း မစိုက်ပျိုးနိုင်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ကျဆင်းလာကာ ကုန်ပစ္စည်းများ ၊ မြေသြဇာများ အဆမတန် မြင့်တက်လာသည့် အတွက် စပါးစိုက်ပျိုးရန် စားရိတ်များလာမှုကြောင့် တောင်သူလယ်သမားများ ခက်ခဲလာရသည်။

ထို့အပြင် နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်လာချိန်မှစ၍ စစ်သားစုဆောင်းမှုများ၊ ဖမ်းဆီးမှုများ ကြောင့် ယခင်က စပါးစိုက်ပျိုးရာသီတွင် မစိုက်နိုင်သလို နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်ပြီး လယ်ယာပေါင်း ဧက (၅၀) ရာခိုင်နှုန်း ပျက်စီးနေကြောင်း မိုင်းကိုင်လယ်သမား အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ မိုင်းကိုင်ပြည်သူတွေ ခေတ်အဆက်ဆက် ခံလာရပြီးပြီ၊ အခုခေတ်ရောက်လာတော့ ပိုးဆိုးလာတယ်။ အစကတည်းက ကျနော်တို့ စားဝတ်နေရေး ၊ စီးပွားရေးကျဆင်းနေပြီးသား အခုက ဒီလိုဖြစ်လာတော့ ပိုထိခိုက်လာတယ်။ လယ်ယာဧက ၃ ဆရှိရင် တစ်ဝက်လောက်က လယ်ယာမလုပ်တော့ဘူး ။ လယ်ယာတွေ (၅၀) ရာခိုင်းနှုန်းကျော်က ပျက်စီးနေတယ်“ ဟု ၎င်းလယ်သမားတစ်ဦးက ပြောသည်။

လယ်ယာများ ပျက်စီး

သျှမ်းပြည်တွင်း စပါးအများဆုံးထွက်သော ဒေသသည် မိုးနဲမြို့နယ်တွင် စပါးအများဆုံးထွက်သော ဒေသဖြစ်ပြီး ဒုတိယ အများဆုံး ထွက်သော ဒေသသည် မိုင်းကိုင်မြို့နယ်ဖြစ်ပြီး သျှမ်းပြည်မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံအောက်ပိုင်း မန္တလေးမြို့ နှင့် တရုတ်နယ်စပ်မြို့တွင်လည်း ပို့ဆောင်ကြောင်း သိရသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်း ဘန်းယဉ်မြို့နယ် နမ့်ဟူး ၊ နောင်အယ် နှင့် ဘန်းယဉ်အထိတွင် လယ်ယာအများအပြား ပျက်စီးနေကြောင်း ဘန်းယဉ်လယ်ပိုင်ရှင် အမျိုးသား တစ်ဦးက ဆိုသည်။

“စပါးတော့ သိပ်မစိုက်တော့ဘူး။ အရင်ကလယ်ကို ငှားပြီးလုပ်တယ် ၊ အခုနှစ်မှာ ငှားရတာကလုံးဝကို မကိုက်တော့လို့ ပိုင်ရှင်ကို ပြန်ပေးကြတယ်။ ပိုင်ရှင်က မလုပ်တာကြာတော့ စက်မရှိဘာမရှိနဲ့ ပြီးတော့ လူငယ်တွေထွက်ပြေး ကုန်တော့ မလုပ်ဘဲထားလိုက်ကြတယ်“ ဟု ၎င်း လယ်ပိုင်ရှင်က ဆိုသည်။

သျှမ်းပြည်အတွင်း သျှမ်းတပ် (၂) တပ် နှင့် ဟိုပုံးမြို့နယ် ပအိုဝ်းပြည်သူ့စစ် (PNO) တို့မှ တပ်သားသစ်စုဆောင်းမှုဖြင့် လူငယ်အများစု ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည်။

မြန်မာဆန်ဈေးနှုန်း ရွှေဘိုပေါ်ဆန်း တစ်အိတ်မှာ (၇၃,၀၀၀) ကျပ်မှ (၈၀,၀၀၀) ထိရှိနေသော်လည်း သျှမ်းပြည်မှ ထွက်သော ဆန်စပါးများနှင့် တစ်ဝက်သာ ကွာဟနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“လယ်ယာအရှုံး၊ အကြွေးဝန်ပိ”

0
“သီးနှံကဈေးမရ စားဖို့ကလည်းမရှိ၊ ပွဲစားနားက ယူရင်း ယူရင်းနဲ့ ခုဆို အကြွေးနဲ့ မြုပ်နေပြီ အကြွေးဆပ်ဖို့ပဲရုန်းကန်နေရတယ်။” သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းမှာ နေထိုင်တဲ့ မနှင်း တစ်ယောက် ကုန်စိမ်းသီးနှံများ အရှုံးပေါ်နေသည့်ကြားမှ ပွဲစားများကိုပါ အကြွေးတင်နေလို့  သောကဝေနေပါတယ်။ အသက် (၃၀)ဝန်းကျင်သာ ရှိသေးတဲ့ မနှင်းဟာ ကလေးနှစ်ယောက်နဲ့ နေထိုင်ပါတယ်၊ ရွာအတွင်း နှစ်တိုသီးနှံဖြစ်သည့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...