တောင်ကြီးမြို့နယ် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပုဒ်မ (၁၄၄) ထပ်မံ ထုတ်ပြန်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ရှိ ထွေအုပ်ရုံးမှ ဝန်ထမ်းပစ်ခတ်ခံရပြီး သေဆုံးသွားပြီးနောက် ပုဒ်မ (၁၄၄) ထပ်မံ ထုတ်ပြန်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဩဂုတ် ၂) ရက်တွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ထဲတွင် လူစုဝေးခြင်း၊ လူ ၅ ဦး ထက်ပိုပြီး လူမစုရခြင်း၊ ည ၁၂ နာရီမှ မနက် ၄ နာရီထိ အပြင်မထွက်ရ ပုဒ်မ ၁၄၄ ကို ထပ်မံထုတ်ပြန်ကြေညာခဲ့သည်။

စစ်အာဏာသိမ်းပြီး လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ပုဒ်မ ၁၄၄ ကို တကြိမ်ထုတ်ခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်က တောင်ကြီးမြို့ ထွေအုပ်ရုံးဝန်ထမ်းတစ်ဦးက စစ်ကောင်စီ မှားပြီး ပစ်လိုက်ပြီး သေဆုံးသွားခြင်း၊ ထိုမြို့တွင်းပစ်ခတ်မှု နှင့် ဆိုင်ကယ် သူခိုး များပြားလာခြင်းတို့ကြောင့် ပုဒ်မ ၁၄၄ ကို ထပ်မံထုတ်ပြန်လာခြင်းဖြစ်သည်။

“တောင်ကြီးမှာက သေနတ်ပစ်တာတွေ၊ ဗုံးထောင်တာတွေရှိနေတယ်လေ။ သူတို့ (စစ်ကောင်စီ) ပစ်လိုက်လို့ပဲ ထွေအုပ်ရုံးဝန်ထမ်းတစ်ဦး သေသွားတာရှိတယ်လေ။ ပြီးတော့ ဆိုင်ကယ်သူခိုး တွေကို ကာကွယ်ဖို့ ဆိုပြီး ထုတ်တာလားမှမသိတာ” ဟု အသက် ၂၄ ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

တောင်ကြီးမြို့

လက်ရှိအချိန်မှာ တောင်ကြီးမြို့တွင် ဆန္ဒပြမှုမရှိတော့ကြောင်း၊ စစ်ကောင်စီက အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံရေးရှုပ်ထွေးမှုဖြစ်ပေါ်လာခဲ့ပြီး ၊ လက်ရှိနောက်ပိုင်းတွင်လည်း ပြည်သူများ ညနေတွင် အိမ်ပြင်သိပ်မထွက်တော့ကြောင်း တောင်ကြီးဒေသခံ အမျိုးသမီးက ပြောသည်။

“သူတို့အရင်ကတည်းက ထုတ်လာခဲ့တဲ့ ပုဒ်မတွေပဲဖြစ်တယ်။ သူတို့ အာဏာသိမ်းလို့ပဲ နိုင်ငံရေး ရှုပ်ထွေးမှုတွေ ဖြစ်တာ။ အခုတလောတောင်ကြီး မြို့တွေထဲမှာ ညဆို လူသွားလူလာသိပ်မရှိတော့ဘူး” ဟု ၎င်း က ဆိုသည်။

သျှမ်းပြည်တောင်ပိုင်းတွင် တောင်ကြီးမြို့နယ်ထဲတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင်လည်း ညမထွက်ရ အမိန့်ကို ယနေ့ချိန်ထိ ထုတ်ထားဆဲဖြစ်ကြောင်းသိရသည်။

သီပေါမြို့တွင် ညမထွက်ရ မာရှယ်လောကို ထုတ်ပြန်ခဲ့တာ ၂ လ ကျော်ကြာလာသော်လည်း KTV များဖွင့်လျက်ရှိကြောင်း၊ သူခိုးလည်းပိုမို များပြားလာကြောင်း သိရသည်။

“မာရှယ်လောကတော့ ရှိနေတာပဲ။ ဒါမဲ့ ပြည်သူတွေကတော့ သွားလာနေကြတာပါပဲ။ ပုံမှန်အတိုင်းပါပဲ။ သွားလာနေတာ။ KTV လည်းဖွင့်နေသေးတယ်။ သူခိုးလည်း ပိုများလာတယ်” ဟု သီပေါမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီက ပုဒ်မ ၁၄၄ နှင့် မာရှယ်လောကို ထုတ်ပြန်လာခြင်းသည် ၎င်းတို့၏ နိုင်ငံရေး လုပ်ကွက်တာဖြစ်ကြောင်း သျှမ်းပြည်အတွင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကပြောသည်။

“ဒါတော့ သူတို့လုပ်ကွက်ပဲထင်တယ်။ သူတို့နိုင်ငံရေးလုပ်ကွက်တွေပဲဖြစ်တယ်။ အကြောင်းမဲ့နဲ့တော့ သူတို့မလုပ်ဘူး။ သူတို့ကြောင့်ပဲ ပြည်သူတွေလည်း နည်းမျိုးစုံ ဒုက္ခတွေရောက်နေတယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် PDF တပ်ဖွဲ့များပေါ်ပေါက်လာပြီး နယ်မြေအတွင်း မတည်ငြိမ်မှုများလည်း ဖြစ်ပေါ်လာခဲ့ကြောင်းသိရသည်။ အလားတူ သျှမ်းပြည်အတွင်းဒေသတစ်ချို့တွင်လည်း စစ်ကောင်စီ နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားနေလျက်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...