Friday, May 3, 2024

CATEGORY

စီးပွားရေး

သျှမ်းပြည် ပြောင်းဈေးကောင်းရ၊ တခြားကုန်ပစ္စည်း ဈေးနှုန်းမကျသေး /ပြည်သူများခက်ခဲနေဆဲ

သျှမ်းပြည်အတွင်း ပြောင်းဈေးနှုန်းများ မြင့်တက်လာပြီး ဈေးကောင်းရသော်လည်း တခြား ကုန်ပစ္စည်း ဈေးနှုန်းများက ကျဆင်းခြင်းမရှိသည့်အတွက် ပြည်သူများ စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းမှ စတင်ပြီး ယနေ့အချိန်အထိ သျှမ်းပြည်အတွင်း ရပ်စောက်မြို့နယ်၊ နောင်ချို မြို့နယ်၊ သန္နီမြို့နယ်၊ ကျိုင်းတောင်းမြို့နယ်တို့နှင့် တခြားမြို့နယ်တို့မှ ပြောင်းဖူးရောင်းဈေးတို့သည်...

စက်သုံးဆီဈေး မကျသေးသည့်အတွက် ကျိုင်းတောင်းပြည်သူများ အခက်အခဲကြုံတွေ့နေရ 

သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့နယ်အတွင်းတွင် ၅ လ တာကာလအတွင်း စက်သုံးဆီဈေးနှုန်းများသည် တစ်လီတာ ၃၆၀၀ ကျပ်ဝန်းကျင်မှ ကျဆင်းခြင်း မရှိသည့်အတွက် ဒေသခံပြည်သူများက အခက်အခဲကြုံတွေ့နေ ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှ စတင်ကာ လင်းခေးခရိုင် ကျိုင်းတောင်းမြို့နယ်အတွင်းမှ စက်သုံးဆီဈေးနှုန်းများသည် ဓါတ်ဆီ 92 တစ်လီတာလျှင် ၃၃၅၀ ကျပ်၊ ဒီဇယ်...

မိုင်းရှူး စည်ပင်ထံ အခွန်မဆောင်ထားသည့် သားသတ်ရုံများ နှင့် ရောင်းချသူများ အရေးယူမည်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး နယ်နမိတ် အတွင်းရှိ အသားထုတ်လုပ်သူများ စည်ပင်ခွင့်ပြုချက်မပါဘဲ ပြုလုပ်ပါက အရေးယူမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လေလံဆွဲဝယ်သူများမှအပ စည်ပင်ထံ အခွန်ဆောင်ထားခြင်းမရှိဘဲ လမ်းဘေးတွင် အသားရောင်းချသူများ၊ အိမ်တွင်းရောက် အသား လှည့်လည်ရောင်းချသူများကို မြို့နယ်စည်ပင်များက အရေးယူမည်ဖြစ်ကြောင်း မိုင်းရှူးမြို့ဒေသခံ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦး...

သဘာဝ ဘေး နှင့် တပ်အလိုကျစီးပွားရေး

မိုးသဲသဲမဲမဲ ၂ နာရီလောက် ရွာချလိုက်တာလဲ ရေတွေကလည်း ဆိုင်ခန်းတွေထဲထိ တရိပ်ရိပ်တက်လာပြီး၊ ဆိုင်ထဲက ရောင်းတဲ့ပစ္စည်းသိမ်းချိန်တောင်မရခဲ့ပါ။ အဲ့ဒီ အဖြစ်အပျက်ကတော့ သြဂုတ် ၈ ရက်မှာ သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ထဲက တလော့စျေးထဲက ဆိုင်ခန်းတွေပါပဲ။ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်း ရေလည်းမြင့်တက်ကာ တာလော့စျေးဆိုင်မှ ပစ္စည်းတွေဟာ မိုးရေတဲ့အတူ မျောပါသွားတဲ့အဆင့်ဖြစ်ခဲ့ပါတယ်။ “...

မြန်မာ – တရုတ် ကြံစိုက်ခင်း ဧကအများအပြား ပျက်စီးနေ

မြန်မာ - တရုတ်နယ်စပ် ဖြစ်သည့် သျှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်း စသည့် ကြံစိုက်ပျိုးသော ဒေသတွင် ကြံစိုက်သမားများက တွက်ချေမကိုက်သောကြောင့် ရပ်ဆိုင်းထားခဲ့ရပြီးနောက် ကြံစိုက်ခင်းအများအပြား ပျက်စီးနေ ကြောင်း သတင်းသိရသည်။ COVID - 19 ရောဂါဖြစ်ပွားချိန်ကစပြီး မြန်မာ -...

ပုံးအင်း စပါးဈေးနှုန်းမြင့်တက် စားသုံးသူအတွက် အခက်ကြုံနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပုံးအင်းဒေသတွင် စက်တင်ဘာလ ဒုတိယပတ်မှ စတင်ပြီး စပါးဈေးနှုန်းမှာ ပုံမှန်ဈေးနှုန်းထက် တစ်ဝက်ကျော်မြင့်တက်လာနေကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ဒုတိယပတ်မှ ယနေ့ထိ ပုံးအင်းဒေသထွက် ရွှေအပ်စပါးဈေးနှုန်း (၄) တင်း (၈၀ ပိသာ) မှာ မြန်မာကျပ်ငွေ တသိန်းတသောင်း (၁၁၀,၀၀၀) ကျပ်၊...

Kpayအကောင့် မှ တစ်ဆင့် ငွေလိမ်လည်မှုများရှိနေ

စစ်အာဏာသိမ်းပြီး ၁နှစ်ကျော်ကာလ မှာ သျှမ်းပြည်အတွင်း Kpay အကောင့်မှတဆင့် ငွေလိမ်လည်မှုရှိနေကြောင်း စုံစမ်းသိရသည်။ ယခုနောက်ပိုင်း နည်းမျိုးစုံ ငွေလိမ်လည်မှုရှိလာပြီး၊ ဖုန်းမှ တဆင့် ငွေလွှဲခိုင်းခြင်း၊ Kpay မှ တဆင့် ငွေကိုလိမ်ညာ ထုတ်ယူမှုများ ရှိလာကြောင်း သိရသည်။ စက်တင်ဘာ တတိယပတ်အတွင်းတွင် သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ထဲတွင်...

ရုရှားငွေ နဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်သုံးနိုင်ရန် စကစ ခြေလှမ်းနေသည်

ရုရှား ရူဘယ်ငွေ နှင့် မြန်မာကျပ်ငွေ ကို တိုက်ရိုက် အသုံးပြုနိုင်ရေး အတွက် စစ်ကောင်စီဘက်က ခြေလှမ်းနေကြောင်းသိရသည်။ စီးပွားရေး နှင့် ကုန်သွယ်မှုဆိုင်ရာ ဆက်စပ်လုပ်ငန်းများတွင် ရူဘယ်ငွေ နှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေရန်လုပ်ဆောင်ကြောင်း၊ ရုရှားငွေ ပေးချေမှုစနစ်သုံးကဒ် MIR ကို ပြည်တွင်း၌ အသုံးပြုနိုင်ရန်အတွက် ခြေလှမ်းနေကြောင်း...

ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုနဲ့ ပိုကျပ်တည်းလာကြတဲ့ နယ်ခံပြည်သူများ

စစ်အာဏာသိမ်းမှု တစ်နှစ်ခွဲကျော်ကာလအတွင်း အခြေခံ စားသောက်ကုန်ဈေးနှုန်းနဲ့ လူသုံးကုန်ပစ္စည်း ဈေးနှုန်းများ အဆမတန် ကြီးမြင့်မှုဒဏ်ကို မြို့နေလူတန်းစားသာမက နယ်မြို့ဒေသအသီးသီးမှာ နေထိုင်ကြတဲ့ အခြေခံပြည်သူတွေလည်း ရင်ဆိုင်တွေ့ကြုံနေရပါတယ်။ စားသောက်ကုန်၊ လူသုံးကုန်ဈေးနှုန်း မြင့်တက်မှုနဲ့အတူ စက်သုံးဆီ၊ ဆေးဝါးပစ္စည်းများ ပြတ်လပ်မှု၊ ဝင်ငွေရရှိမှု လျော့ပါ့မှု အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု စတဲ့ လူမှုစီးပွားဘဝ...

ကိုဗစ် – ၁၉ ကူးစက်မှု ပြန်ရှိလာသည့် အတွက် နယ်စပ်ဂိတ်များ ပြန်ပိတ်

မြန်မာ - တရုတ်နယ်စပ် တရုတ်ပြည် ရွှေလီမြို့ အတွင်း ကိုဗစ်-၁၉ ကူးစက်မှု ပြန်ရှိလာသည့် နယ်စပ်ဂိတ်သည် ပြန်လည်ပိတ်လိုက်ပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ စက်တင်ဘာ ၁၆ ရက်၊ ည ၁၂ နာရီမှ စတင်ပြီး ရွှေလီမြို့တွင်း Lockdown ချထားပြီး...

Latest news