ဖားကန့် တွင် အောက်တိန်း92 ဆီ ပြတ်လပ်ပြီး ဆီဆိုင်များပိတ်ထားရ

ကချင်ပြည် ဖားကန့်မြို့နယ်အတွင်း အောက်တိန်း 92စက်သုံးဆီ ပြတ်လပ်နေ၍ စက်သုံးဆီ အရောင်းဆိုင်အချို့ ပိတ်ထားကြသောကြောင့် ဒေသခံများ အခက်တွေ့နေကြရကြောင်း ဖားကန့်မြို့ခံများထံမှ သိရသည်။

ဖားကန့် စက်သုံးဆီ

ပြီးခဲ့သည့် စက်တင်ဘာလပိုင်းမှ စတင်ကာ ကချင်ပြည် ဖားကန့်မြို့နယ်အတွင်း ခရီးသည်တင်ယာဥ်များမှ လွဲ၍ အခြားသော ကုန်တင်ယာဥ်နှင့် စက်သုံးဆီကားများကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည်။

ထို့ကြောင့် စက်သုံးဆီ အရောင်းဆိုင်အချို့ ပစ္စည်းပြတ်လပ်ပြီး ဆိုင်များပိတ်ထားကြ‌သောကြောင့် ဒေသခံများ၏ စက်သုံးဆီလိုအပ်ချက်သည် တနေ့ထက် တနေ့ မြင့်တက်လာသည်။

” နန့်ယား ဂိတ်ကနေ ဆီကားတွေကော ကုန်ကားတွေကော အကုန် ဖြတ်ခွင့်မပေးတော့တာ၊ဆီ ဝင်မှုမရှိတော့ ဆိုင်တွေလည်း ရောင်းစရာမရှိလေ အခု ၂ ဆိုင်လောက်ပဲ ဖွင့်တော့တယ်။ စျေးကလည်းတက်ပြီး လိုသလောက်ဝယ်မရတာက ဆိုးနေတာ” ဟု ဖားကန့်မြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖားကန့် စက်သုံးဆီဆိုင်

လက်ရှိတွင် အောက်တိန်း 92စက်သုံးဆီအမျိုးအစားတစ်ဂါလံလျှင် ၂၁,၀၀၀ ကျပ်ဈေးဖြင့်ပေးဝယ်နေရသဖြင့် အခြေခံလူတန်းစားအဖို့ ခက်ခဲကြပ်တည်းနေကြရကြောင်းလည်း သိရသည်။

” အခုဟာက ကုန်ဈေးနှုန်းကလည်း မတရားတက်နေတာ 92 ဆီမှ မဟုတ်၊ စားတဲ့ ဆန် ဈေးကလည်း ၂ဆထိတက်နေတာ ရှာဖွေရတာ ခက်ခဲရတဲ့အထဲ ဒီလို ကုန်ဈေးနှုန်းတွေနဲ့ဆို ရေရှည်မှာ မလွယ်ဘူး” ဟု ကုန်စိမ်းရောင်းချသူတစ်ဦးမှလည်း ဆိုသည်။

ကုန်တင်ယာဥ်များ ဝင်ခွင့်မပေးတော့ချိန်မှစ၍ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် နှစ်သိန်းကျပ်ဝန်းကျင်နှင့် ဆန်ကြမ်းတစ်အိတ်လျှင် တစ်သိန်းခြောက်သောင်းကျပ် ဝန်းကျင်ထိ မြင့်တက်လျှက် ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက် မနက် ၁၀ နာရီခန့်က ဆိုင်းတောင်ရွာ၏ စာသင်ကျောင်း အနီး၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ဖားကန့်မြို့ အဝင်အထွက် ဂိတ်၌ စစ်ကောင်စီမှ ကန့်သတ်ချက်များ ထားရှိလာခြင်းဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် စက်သုံးဆီဈေးကျဆင်းလာသော်လည်း ရပ်ကွက်၊ ကျေးရွာမှောင်ခို စျေးကွက်၌ ဈေးမြင့်နေဆဲ

0
သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ အောင်ပန်း၊ ပင်းတယနှင့် ရွာငံမြို့များတွင် စက်သုံးဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း မှောင်ခိုစျေးကွက် ဆက်လက်စျေးမြင့်တက်နေသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၁ ရက်မှစတင်၍ မြို့ပေါ်စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၅,၀၀၀ ဝန်းကျင်သာရှိလာပြီး လိုသလောက် ဝယ်ယူနိုင်သည့်အခြေအနေဖြစ်လာကြောင်း သိရသည်။ သို့သော် ရပ်ကွက်ထဲနှင့် ကျေးရွာအများစုတွင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...