Tuesday, January 27, 2026

ဖားကန့် တွင် အောက်တိန်း92 ဆီ ပြတ်လပ်ပြီး ဆီဆိုင်များပိတ်ထားရ

ကချင်ပြည် ဖားကန့်မြို့နယ်အတွင်း အောက်တိန်း 92စက်သုံးဆီ ပြတ်လပ်နေ၍ စက်သုံးဆီ အရောင်းဆိုင်အချို့ ပိတ်ထားကြသောကြောင့် ဒေသခံများ အခက်တွေ့နေကြရကြောင်း ဖားကန့်မြို့ခံများထံမှ သိရသည်။

ဖားကန့် စက်သုံးဆီ

ပြီးခဲ့သည့် စက်တင်ဘာလပိုင်းမှ စတင်ကာ ကချင်ပြည် ဖားကန့်မြို့နယ်အတွင်း ခရီးသည်တင်ယာဥ်များမှ လွဲ၍ အခြားသော ကုန်တင်ယာဥ်နှင့် စက်သုံးဆီကားများကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည်။

ထို့ကြောင့် စက်သုံးဆီ အရောင်းဆိုင်အချို့ ပစ္စည်းပြတ်လပ်ပြီး ဆိုင်များပိတ်ထားကြ‌သောကြောင့် ဒေသခံများ၏ စက်သုံးဆီလိုအပ်ချက်သည် တနေ့ထက် တနေ့ မြင့်တက်လာသည်။

” နန့်ယား ဂိတ်ကနေ ဆီကားတွေကော ကုန်ကားတွေကော အကုန် ဖြတ်ခွင့်မပေးတော့တာ၊ဆီ ဝင်မှုမရှိတော့ ဆိုင်တွေလည်း ရောင်းစရာမရှိလေ အခု ၂ ဆိုင်လောက်ပဲ ဖွင့်တော့တယ်။ စျေးကလည်းတက်ပြီး လိုသလောက်ဝယ်မရတာက ဆိုးနေတာ” ဟု ဖားကန့်မြို့မှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖားကန့် စက်သုံးဆီဆိုင်

လက်ရှိတွင် အောက်တိန်း 92စက်သုံးဆီအမျိုးအစားတစ်ဂါလံလျှင် ၂၁,၀၀၀ ကျပ်ဈေးဖြင့်ပေးဝယ်နေရသဖြင့် အခြေခံလူတန်းစားအဖို့ ခက်ခဲကြပ်တည်းနေကြရကြောင်းလည်း သိရသည်။

” အခုဟာက ကုန်ဈေးနှုန်းကလည်း မတရားတက်နေတာ 92 ဆီမှ မဟုတ်၊ စားတဲ့ ဆန် ဈေးကလည်း ၂ဆထိတက်နေတာ ရှာဖွေရတာ ခက်ခဲရတဲ့အထဲ ဒီလို ကုန်ဈေးနှုန်းတွေနဲ့ဆို ရေရှည်မှာ မလွယ်ဘူး” ဟု ကုန်စိမ်းရောင်းချသူတစ်ဦးမှလည်း ဆိုသည်။

ကုန်တင်ယာဥ်များ ဝင်ခွင့်မပေးတော့ချိန်မှစ၍ ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် နှစ်သိန်းကျပ်ဝန်းကျင်နှင့် ဆန်ကြမ်းတစ်အိတ်လျှင် တစ်သိန်းခြောက်သောင်းကျပ် ဝန်းကျင်ထိ မြင့်တက်လျှက် ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက် မနက် ၁၀ နာရီခန့်က ဆိုင်းတောင်ရွာ၏ စာသင်ကျောင်း အနီး၌ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် ဖားကန့်မြို့ အဝင်အထွက် ဂိတ်၌ စစ်ကောင်စီမှ ကန့်သတ်ချက်များ ထားရှိလာခြင်းဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...