ကလောမြို့က ‌မြေလျှောက် ဝိဇ္ဇာများ

စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ရက်အနည်းငယ် အတွင်း ကလောမြို့ အ‌ခြေစိုက် တပ်မ (၅၅) တပ်မမှူးနှင့် စစ်ဦးစီး တက္ကသိုလ် ကျောင်းအုပ်ကြီး ဦးဆောင်သည့် ထိပ်တန်း စစ်အရာရှိများ၏ ပထမဆုံး လှုပ်ရှားမှု အဖြစ် ကလောမြို့နယ် မြေစာရင်း ဦးစီး အရာရှိကို ခေါ်ယူတွေဆုံ ခဲ့သည်။

ကလောမြို့ ရဲ့ ထင်းရှူးအလှ

ဆန္ဒပြပွဲများနှင့် CDM ဆိုသည့် စကားရပ် မရှိသေးသည့် ယင်းကာလ စစ်ဗိုလ်ချုပ်များက ကလောတွင် နေထိုင်စရာ ကိုယ်ပိုင်အိမ် မရှိသေးကြောင်း ငြီးတွားပြီး မြေရှာပေးဖို့ မြေစာရင်း ဦးစီးမှူးကို အမိန့်ပေးခဲ့သည်။

၁၉၈၈ မတိုင်မီကမူ ကလောမြို့တွင် အင်ဂျင်စက်သံ ဆိုသည်မှာ အထူးအဆန်း ဖြစ်သည်။ တစ်မြို့လုံးတွင် ဆယ်ဂဏာန်း မပြည့်သည့် ဒုတိယ ကမ္ဘာစစ် လက်ကျန် ကားတစ်ချို့နှင့် BSA ဆိုင်ကယ် တစ်ချို့သာရှိသည်။

မြို့ပတ်၀န်းကျင် နီးစပ်ရာ ခြံစိုက်ပျိုးရန် ကိုယ်တိုင်တောရှင်းပြီး ကိုယ်တိုင်စိုက်ပါက မည်သူ့ခြံ ဆိုသည်မှာ ပိုင်ဆိုင်မှု အာမခံချက် ဖြစ်သည်။

သို့သော် ၈၈ အရေးအခင်းပြီးနောက် စစ်အုပ်ချုပ်ရေး စတင်သည့် ကာလမှ စတင်ကာ စစ်မြေပြင်မှ မိုက်ရူးရဲ စစ်အရာရှိ တချို့ ကလောမြို့ကို စစ်အုပ်ချုပ်ရေး အသက်သွင်းစဥ် မြို့ပြ အုပ်ချုပ်ရေး လဒ်လာဘ၏ အရသာ စတွေ့ခဲ့သည်ဟု ဆိုရမည်။

ကလောမြို့

မြို့တည်ခဲ့သည့် အင်္ဂလိပ် ပညာရှင်များ အနေဖြင့် မြို့ရေပေးစနစ်၊ ရေ‌ဝေရေလဲ ဒေသ၊ ချောင်းရေ မလျှံရေး၊ အနာဂတ် အတွက် အများနှင့်ဆိုင်သည့် နေရာ စသည်ဖြင့် မြေလွတ် မြေလပ်များ စနစ်တကျ လျာထားခဲ့သော်လည်း ၈၈ နောက်ပိုင်း စစ်အုပ်ချုပ်ရေး ကာလ စစ်ဗိုလ်များက မြို့တွင်း မြို့ပြင် မြေနေရာ အားလုံးနီးပါး ဂရန်ဖောက်ကာ စိတ်ကြိုက် သိမ်းယူခဲ့သည်သာ။

“အခု ကြံ့ခိုင်ရေးရုံးနေရာက အရင်က ချောင်းရေမလျှံအောင် ရေထိန်းတဲ့ ရေကန်နေရာ။ ရေကန် ၃ ခု ဆက်ရက် ရှိနေတာကို ကြံ့ခိုင်ရေးက တစ်ကန်၊ အရင် ရှမ်း၀န်ကြီးချုပ် လုပ်ခဲ့တဲ့ စပ်အောင်မြတ်က တစ်ကန်၊ မြန်မာ့ ဆက်သွယ်ရေးက တစ်ကန် မြေဖို့ သိမ်းလိုက်ကြတော့ အခုမိုးတွင်းရောက်တိုင်း ကလောချောင်းက ရေလျှံနေတယ်” ဟု မြို့ခံ တစ်ဦးက ရှင်းပြသည်။

စစ်ဗိုလ်ချုပ်သန်းရွှေ ဦးဆောင်သည့် နအဖ စစ်ကောင်စီ နှောင်းပိုင်းကာလ ဖွံ့ဖြိုးလာသည့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းနှင့် အတူ ကလောမြို့ အိမ်ခြံမြေ စျေးနှုန်းများ တဟုန်ထိုး မြင့်တက်လာသည့် နည်းတူ ပြည်သူပိုင် မြေများကို တရား၀င် ဂရန်ပေါက် မြေများအဖြစ် လျှောက်ထား ရယူသည့် ‌မြေလျှောက် ဝိဇ္ဇာများလည်း ပေါ်ပေါက်လာသည်။

ကလောမြို့ရဲ့ ပထမဆုံး အိမ်ယာြဖစ်သည့် အင်းပြင်ကျေးရွာရှိ လွင်မိုးကုန်းဟု နာမည်တွင်သည့် တောင်ကုန်းသည် ကနဦး ဒေသခံများ တရား၀င် ပိုင်ဆိုင်သည့် စိုက်ပျိုးမြေများဖြစ်ပြီး နအဖ စစ်ကောင်စီ လက်ထက် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ်မြဝင်း က ၂၀၀၄ ခုနှစ်မှာ အဓမ္မ သိမ်းဆည်းခဲ့သည့်မြေ ဖြစ်သည်။

ကလောမြို့က ထင်းရှူးတောခုတ်ရောင်းသည့်ပုံ

ကြံ့ခိုင်ရေး အစိုးရလက်ထက် ‌မြေယာလိုအပ်ချက် မြင့်တက်လာပြီး စျေးကောင်းလာချိန် ၂၀၁၃ ခုနှစ်တွင် ဒေသခံ တောင်သူ ၁၁ ဦး အမည်ပေါက် ပိုင်ဆိုင်သည့် အနည်းဆုံး မြေဧက ၃၀ ခန့်ကို ဗိုလ်ချုပ်မြ၀င်း အမည်ပေါက် ဂရန် ထုတ်ပြီး သရုပ်ဆောင် ဦးလွင်မိုး ထံ ရောင်းချခဲ့ရာက kalaw garden paradise ဒေသအခေါ် လွင်မိုးအိမ်ရာ အဖြစ် တည်ဆောက် ရောင်းချခဲ့သည်။

ထို့အတူ လွင်မိုးအိမ်ယာ တဘက်ခြမ်း ရထားလမ်းသာ ခြားသည့် တောင်ကုန်းပတ်လည်ရှိ ဒေသခံ တောင်သူများ ပိုင်ဆိုင်သည့် မြေများကို ၂၀၁၀ ရွေးကောက်ပွဲတွင် ကလောမြို့နယ် ကြံ့ခိုင်ရေးပါတီမှ ရွေးကောက်ခံရသည့် ပြည်နယ် လွှတ်တော်အမတ် ဦးသောင်းရွှေ ဆိုသူက သိမ်းဆည်းပြီး အိမ်ရာ ဆောက်လုပ် ရောင်းချလျှက်ရှိရာ The Grand Hill Garden Residence (သို့) သောင်းရွှေ အိမ်ရာ အဖြစ် ပေါ်ပေါက်လာသည်။

၄င်းသည်ပင် ကြံ့ခိုင်ရေး အစိုးရ ကာကာ ကလောမြို့ အမှတ် (၇) ရက်ကွက်နှင့် ကလောမြို့မ သုဿာန် ကြားရှိ ဒေသခံများ စိုက်ပျိုးနေသည့် မြေများကို သိမ်းယူပြီး အိမ်ယာ ဆောက်လုပ်ခဲ့ရာက လက်ရှိ Lavender Hill Villa ဆိုသည့် အိမ်ရာ ပေါ်ပေါက်လာပြီး ယင်းနှင့် ဆက်စပ်သည့် ကလောမြို့မ သုဿန်နှင့်လည်း ဆက်စပ်နေသည့် တောင်ကုန်းကိုပါ သိမ်းယူထားရာ လက်ရှိ Maple Cabin Villa အမည်ဖြင့် အိမ်ရာ ဆောက်လုပ် ရောင်းချနေသည်ကို တွေ့ရသည်။

ကလောမြို့က ထင်းရှူးခုတ်ရောင်းစားသည့်ပုံ

ယင်းကာလမှာပင် ကလောမြို့ မြောက်ဘက် မြင်းကကျေးရွာရှိ ဒေသခံ တောင်သူ ၅ ဦး ပိုင်ဆိုင်သည့် လိမ္မော်ခြံနဲ့ ထောပတ်ခြံ မြေဧက ၂၀ ကျော်တွင် စိုက်ပျိုးထားတဲ့ သီးနှံပင်များကို ယင်းကာလ ဆက်သွယ်ရေး ဒုညွှန်မှူး အမိန့်ဟုဆိုကာ အလုပ်သမား ၁၅ ဦးခန့်က ဝင်ရောက်ခုတ်ထွင် သိမ်းယူခဲ့ပြီးနောက် Kalaw Villa ဆိုသည့် အိမ်ယာ ပေါ်ပေါက်လာသည်။

ယင်းအိမ်ယာ ၄ ခုလုံးသည် ကြံ့ခိုင်ရေး အစိုးရကာလ ၂၀၁၃ ခုနှစ် အတွင်း ဒေသခံ တောင်သူများ တရား၀င် ပိုင်ဆိုင်သည့် မြေယာများကို အဓမ္မ သိမ်းဆည်း တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တောင်သူများ၏ တိုင်ကြားမှုများကို ယင်းကာလ အုပ်ချုပ်ရေး တာ၀န်ရှိသူများက လစ်လျူရှူ သည်သာမက ဆက်လက် တိုင်ကြားပါက ထောင်ထဲထည့်မည်ဟု ခြိမ်းခြောက်မှုများကြောင့် လက်လျှော့ခဲ့ရသည်ဟု ကလောမြို့ခံများက ဆိုသည်။

“ဒေသခံတွေ အမျိုးမျိုး တိုင်ပေမယ့် မထူးဘူး။ NLD လက်ထက်မှာလည်း ဘာမှ မတတ်နိုင်ဘူး။ အခုကတော့ ဖြစ်ချင်တိုင်း ဖြစ်နေပြီ။ အစုအဖွဲ့ပိုင် သစ်တောမြေတွေပါ အိမ်ယာထဲ ဆွဲထည့်တာတွေ ဖြစ်နေပြီ” ဟု ကလောမြို့ခံ သဘာ၀ ပတ်၀န်းကျင် ထိမ်းသိမ်းခဲ့သူ တစ်ဦးက ရှင်းပြသည်။

ယင်းကာလ အိမ်ရာများသာမက စစ်ဗိုလ်ချုပ်များနှင့် ခရိုနီများဧ တစ်ဦးချင်း မြေယာ သိမ်းဆည်းမှုများ၊ သစ်တောမြေ တရားမ၀င် ရောင်းချမှုများ စသည်ဖြင့် မြေယာ မတရားမှုများစွာ ဖြစ်ပွားခဲ့ပြီး မြို့ကို အကျဥ်းတန်စေခဲ့သည်ဟု ဒေသခံတွေက ဆိုသည်။

ယင်းနောက် NLD အစိုးရ ကာလ ယင်းပြဿနာများကို ကိုင်တွယ် ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း သစ်တောမြေ ကျူးကျော် အိမ်ဆောက်ထားသည့် ပြည်သူတစ်ချို့ကိုသာ တရားစွဲဆိုခဲ့ပြီး စစ်ဗိုလ်ချုပ်များနှင့် ခရိုနီများ၏ မတရားမှုများကို ဖြေရှင်းနိုင်စွမ်း မရှိခဲ့ကြောင်း ဒေသခံများက ထောက်ပြသည်။

NLD အစိုးရ ၅ နှစ်တာ ကာလ အတွင်း မြေယာ မသမာမှုများ လုံး၀နီးပါး ထပ်မံ မဖြစ်ပွားရန် ထိမ်းသိမ်းနိုင်ခဲ့ပြီး အထူးသဖြင့် မတရား မြေသိမ်းမှုနှင့် ထင်းရှူးပင်များ တရားလက်လွတ် ခုတ်ထွင်မှုကို တားဆီးနိုင်ခဲ့သည်ဟု မြို့ခံများက ဆိုသည်။

“ဦးသိန်းစိန် လက်ထက်က အိမ်ရာတွေ ဖော်တာနဲ့ ဗိုလ်ချုပ်တွေ ခရိုနီတွေ ယူတာနဲ့ ထင်းရှူးတောတွေ တော်တော်ကုန်သွားတယ်။ NLD ခေတ်မှာ ထင်းရှူးပင်ခုတ်တာတွေကို သေချာ ကြပ်မတ်လိုက်တော့ တောတွေ တော်တော်ပြန်ကောင်းလာတယ်။ အခုကတော့ ပြန်ခုတ်ကြပြန်ပြီ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိ ကလောမြို့ ၀န်းကျင်တွင် မြေလွတ် မြေလပ် နည်းပါးပြီး အစုအဖွဲ့ပိုင် သစ်တောများသာ အများအပြား ဖြစ်နေရာ ရှိရင်းစွဲ အိမ်ရာများ အနေဖြင့် ဆက်စပ်နေသည့် သစ်တောမြေများကို အိမ်ရာအတွင်း ထည့်သွင်းချဲ့ထွင် ရောင်းချနေသည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင် အင်းပြင်ကျေးရွာရှိ လွင်မိုးအိယ်ရာနှင့် မျက်နှာချင်းဆိုင် ကားလမ်း တဘက်ခြမ်း၊ ထင်းရနံ့ ဘိုးဘွားရိပ်သာ အနီး သစ်တောမြေ အတွင်း စစ်ဗိုလ်ချုပ်များ ရှယ်ရာပါ၀င်သည့် အိမ်ရာသစ် တည်ဆောက်ရန် ပြင်ဆင်နေပြီး လမ်းဖောက်လုပ်နေပြီလို့ အင်းပြင် ဒေသခံ တစ်ဦးက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...