Monday, April 29, 2024

မူဆယ် ဖုန်းလိုင်း ပြတ်တောက်

Must read

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့တွင် ဖုန်းလိုင်းများ ပြတ်တောက်မှု ရှိနေကြောင်း ဒေသခံများက ပြောသည်။

သျှမ်းပြည် မူဆယ်မြို့ နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင် MPT ၊ Telenor နှင့် Ooredoo ဆင်းကဒ် အသုံးပြုသူများ ဖုန်းလိုင်း ပြတ်တောက်သွားပြီး လက်ရှိအချိန်ထိ ဆက်သွယ်လို့ မရသေးကြောင်း မူဆယ်ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

“တခါတလေတော့ မနက်တွေ ပြန်ဖွင့်ပေးတယ်။ သူတို့ ဘာလို့ ပိတ်လိုက်ဖွင့်လိုက်လုပ်လဲ ကျနော်တို့လည်း မသိဘူး” ဟု မူဆယ်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

လက်ရှိမှာ Wifi နှင့် စစ်ကောင်စီ၏ Mytel ဆင်းကဒ်များကိုသာ အသုံးပြုနေရပြီး အခြားဖုန်းလိုင်းများ ယခုချိန်ထိ ပြန်မရသေးကြောင်း သိရသည်။

ပြီးခဲ့သည့် (အောက်တိုဘာလ ၂၇ ရက်) တိုက်ပွဲဖြစ်ပွားချိန်မှစပြီး MTP ဆင်းကဒ် အသုံးပြုသူများသည် ဖုန်းလိုင်း ဖြတ်တောက်ခံရကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article