Tuesday, January 27, 2026

အွန်လိုင်း ငွေလိမ်ဂိုဏ်းနှင့် ဆက်နွယ်သည့်  UWSA ခေါင်းဆောင် (၂)ဦး ရာထူး ထုတ်ပယ်ခံရ 

အွန်လိုင်း ငွေလိမ်ဂိုဏ်းနှင့် ဆက်နွယ်သည့် UWSA ခေါင်းဆောင် (၂)ဦး ရာထူးက ထုတ်ပယ်ခံရ

တရုတ်နိုင်ငံမှ ဖမ်းဝရမ်းထုတ်ထားသည့် အွန်လိုင်းငွေလိမ်းဂိုဏ်းနှင့်ပတ်သက်ဆက်နွယ်သည့် “ဝ” ပြည် စည်းလုံးညီညွတ်ရေး တပ်မတော် ( UWSA ) တပ်ဖွဲ့ ခေါင်းဆောင် (၂)ဦး ကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ ၂ဦးသည် တရုတ်နိုင်ငံ၏ ဥပဒေကို ချိုးဖောက်ခဲ့ပြီး “ ဝ”ဒေသ နှင့် အိမ်နီးချင်း နိုင်ငံ၊ နိုင်ငံတကာ ဆက်ဆံရေး ကို ထိခိုက်စေသည့်အတွက် UWSA တပ်ဖွဲ့ က အောက်တိုဘာ ၁၆ရက်တွင် ထုတ်ပယ်လိုက်ကြောင်း တရားဝင် စာထုတ်လိုက်သည်။ 

“ ဒီသတင်းက မှန်ပါတယ်။ ကျနော်တို့ ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ” ဟု လားရှိုး  UWSA ၏ ဆက်ဆံရေးရုံတာဝန်ခံ ဦးညီရမ်းက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုသူ ၂ဦးသည် “ဝ”ပြည် နှင့် အိမ်နီးချင်းနိုင်ငံများ၏ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုနှင့် ဆက်ဆံရေးကို ထိခိုက်စေသဖြင့် ရာထူးမှု ထုတ်ပယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ 

အွန်လိုင်း ငွေလိမ်ဂိုဏ်များနှင့် ပတ်သက်ဆက်နွယ်သည်ဟု ယူဆသည့် UWSA ၏ ဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်း နှင့် မိုင်းလင်းခရိုင်မှူး အိုက်ဟော့တို့ ဖြစ်ပြီး၊ ထိုသူ ၂ဦးကို ဖမ်းမိပါက တရုတ်ယွမ် တစ်သိန်းမှ ငါးသိန်း အထိ ဆုကြေးပေးမည်ဟုလည်း တရုတ်နိုင်ငံဘက်မှ ယခုလ (အောက်တိုဘာ ၁၂)ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။

ယခုလပိုင်းအတွင်း မြန်မာ-တရုတ်နယ်စပ်တလျှောက် ကိုးကန့် ဒေသ၊ “ဝ” ဒေသ နှင့် မူဆယ်မြို့ နယ်အတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်း များကို တရုတ်-မြန်မာ- ထိုင်း (၃)နိုင်ငံပူးပေါင်းပြီးဖမ်းဆီးမှု ပြုလုပ်နေကြောင်း သိရသည်။

ယခုလ (အောက်တိုဘာ) ၁၆ရက်တွင်လည်း မြန်မာနယ်စပ်တလျှောက်တွင် အွန်လိုင်း ငွေလိမ်ဂိုဏ် နှင့် ဆက်စပ်သည့် သံသယရှိသူ ၄၆၀၀ ကျော်ဖမ်းဆီးရမိကြောင်း တရုတ်နိုင်ငံ​ပြည်သူ့လုံခြုံရေး ဌာန ထုတ်ပြန်ချက်အရသိရသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...

UWSA နှင့် NDAA ကြား တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့သို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA လက်အောက်ရှိ တရားစီရင်ရေးကော်မတီ ကိုယ်စားလှယ်အဖွဲ့ သွားရောက်ပြီး တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ ဆွေးနွေးခဲ့ကြကြောင်း သတင်းသိရသည်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ NDAA ၏ ဖိတ်ကြားချက်အရ UWSA လက်အောက်ခံ တရားစီရင်ရေးကော်မတီသည် NDAA လက်အောက်ခံ အထူးဒေသ(၄) ၏ နိုင်ငံရေးနှင့် ဥပဒေရေးရာ...

မက်မန်းမြို့ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင် ပြောင်းလဲသတ်မှတ်

0
သျှမ်းပြည် မက်မန်းမြို့နယ်ကို ‘ဝ’ဒေသ ရုံးစိုက်ရာမြို့အဖြစ် စစ်ကော်မရှင်က ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သတင်းသိရသည်။ အောက်တိုဘာလ (၃၁) ရက်တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် သျှမ်းပြည်အတွင်း ‘ဝ’ဒေသအတွက် ရုံးစိုက်ရာမြို့အဖြစ် မက်မန်းမြို့ကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယာယီသမ္မတ တာဝန်ယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှ...

ထိုင်း-မြန်မာနယ်စပ်တွင် တူးဖော်နေသည့် မြေရှားနှင့်ရွေလုပ်ငန်း တရုတ်အစိုးရ ပါဝင်ပတ်သက်နေ

0
ထိုင်း-မြန်မာနယ်စပ် သတ္တုတွင်းလုပ်ငန်းများကြောင့် ဒေသခံ တစ်သန်းကျော်၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသော်လည်း တရုတ်အစိုးရမှ ကျောထောက်နောက်ခံ ပြုထားသော ကုမ္ပဏီတစ်ခုသည် ယင်းသတ္တုတူးဖော်မှုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသည်။ တရုတ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော China Investment Mining အမည်ရ ကုမ္ပဏီသည် အာဏာသိမ်းပြီးနောက် ၂၀၂၃ နှစ်လယ်ပိုင်းကတည်းက သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်...