ပင်လောင်းမြို့ဝင် စစ်ဆေးရေးဂိတ် ပိုတင်းကြပ် စားနပ်ရိက္ခာ နဲ့ ဆေးဝါး တင်ပို့ရခက်ခဲ
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စားနပ်ရိက္ခာ နှင့် ဆေးဝါး သယ်ယူမှု အကန့်အသတ်ကို တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ပိုမိုတင်းကြပ်လာသဖြင့် ဒေသခံများ အခက်ခဲကြုံတွေ့နေရကြောင်း စုံစမ်း သိရှိရသည်။ အောင်ပန်းလမ်းခွဲမှ ပင်လောင်းမြို့သို့ သွားလမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ယခင်က ဆန်၊ ဆီ၊ ဆား...
အပူချိန် မြင့်တက်လာခြင်းကြောင့် စစ်ရှောင်များ ဖျားနာနေ
သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့တွင် အပူချိန်မြင့်တက်လာခြင်းကြောင့် တောတောင်အတွင်းရှိ စစ်ရှောင်များ နေမကောင်းမှုများ ဖြစ်ပွားနေကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် သတင်းပတ်မှစပြီး မိုးဗြဲဒေသတွင် အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ် မြင့်တက်လာခြင်းကြောင့် တောတောင်အတွင်းရှိ ရေဆိုးရေညစ်၊ သစ်ပင်နှင့် ခြုံကြားတွင် ခြင်များပိုမို ပေါက်ဖွားလာနေသည်။ အဆိုပါ ခြင်များပေါများလာခြင်းကြောင့်...
မိုးဗြဲမြို့တွင်းရှိ စစ်ဘေးရှောင်များ ရေကျောက်ဖြစ်ပွားနေ
သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ တောထဲရှိ စစ်ဘေးရှောင်များ ရေကျောက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။ ယခု နွေရာသီကာလတွင် စစ်ဘေးရှောင်စခန်းများတွင် ရေအခက်ခဲရှိနေပြီး ကလေးတစ်ချို့ နှင့် လူကြီးတစ်ချို့သည် ရေကျောက်ရောဂါကို ခံစားနေရကြောင်း သိရသည်။ “ ရေကျောက်ရောဂါတွေ ဖြစ်နေကြတာ။ ရေမသန့်တာနဲ့၊ နေအရမ်းပူတာတွေကြောင့်လည်း ဖြစ်ရင်ဖြစ်မယ် ထင်တယ်။ ကျနော်ကတော့ စစ်ဘေးရှောင်စခန်းမှာ...
သျှမ်း – ကယား နယ်စပ်ရှိ နာတာရှည် စစ်ရှောင်များ ကုသရန် ဆေးဝါးလုံလောက်မှုမရှိ
သျှမ်း - ကယား နယ်စပ်တလျောက်ရှိ နာတာရှည် ရောဂါ ခံစားနေသည့် စစ်ရှောင်များသည် ဆေးကုသရန် ဆေးဝါးလုံလောက်မှုမရှိသဖြင့် အသက်ဆုံးရှုံးသွားရသည့်အထိရှိကြောင်း စုံစမ်းသိရသည်။ တိုက်ပွဲကြောင့် ၂ နှစ်ကျော်ကြာ သျှမ်း - ကယား နယ်စပ် ဒေသတလျောက် တောတောင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင် နေရသည့် စစ်ရှောင်များသည် ဆေးရုံ၊...
ပင်လုံ ဝမ့်အဲန်ဘုန်းကြီးကျောင်း သံဃာ ၆၀ နီးပါး အစာအဆိပ်သင့်
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့ ရပ်ကွက် ၂ရှိ ဝမ့်အဲန်ဘုန်းကြီးကျောင်း အပါး (၆၀) နီးပါး အစားအဆိပ်သင့်ပြီး ဝမ်းလျောဝမ်းပျက် ၊ မူးဝေအော့အန်မှုတွေ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ် ၃၁) သံဃာတော်များ မနက်ဆွမ်းအတွက် ငါးထမင်းနှယ်ကို သုံးဆောင်ပြီးနောက်ပိုင်း သံဃာ (၆၀) ဝန်းကျင်...
ပင်လောင်းစစ်ရှောင်များ ရာသီဉတုအပြောင်းအလဲကြောင့် ချောင်းဆိုး၊ ဖျားနာ
သျှမ်းပြည်တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်တွင် ရာသီဉတုအပြောင်းအလဲကြောင့် စစ်ရှောင်များချောင်းဆိုးခြင်း၊ ဖျားနာခြင်း ကြုံတွေ့ရကြောင်း သတင်းသိရှိရသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် ကျေးလက်ဒေသမှ ရွာနှင့်ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်ဦးရေ (၅၀၀၀) ကျော်ထဲမှ စစ်ရှောင်စခန်းများသည် (၁၄) နေရာရှိကြောင်း သိရသည်။ ထို စစ်ရှောင်စခန်း (၁၄)...
မြန်မာ – ထိုင်းနယ်စပ် လေထုညစ်ညမ်းမှုကြောင့် ဒေသခံ ကျန်းမာရေး နှင့် စီးပွားရေးများ ထိခိုက်ရ
မြန်မာ - ထိုင်းနယ်စပ် တစ်လျှောက် လေထုညစ်ညမ်းမှုကြောင့် ဒေသခံများ၏ ကျန်းမာရေး နှင့် စီးပွားရေးများ ထိခိုက်မှု ရှိလာကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၂၈) ရက်နေ့တွင် လေထုညစ်ညမ်းမှုကို စစ်ဆေးပေးသည့် အဖွဲ့ IQAir က သျှမ်းပြည် တာချီလိတ်မြို့နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့်...
ဆီဆိုင် စစ်ရှောင်များ ရေရှားပြဿနာကြုံတွေ့နေရ
သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်း (၅) နေရာခန့်မှ စစ်ရှောင်များသည် ရေရှားပါး ပြဿနာ နှင့် ကြုံတွေ့နေရသဖြင့် အကူညီ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ နှစ်စဉ်နှစ်တိုင်း နွေဦးကာလသို့ ရောက်ရှိလျှင် ရေရှားပါးသော ပြဿနာ အမြဲကြုံတွေ့ နေရသည့် ဆီဆိုင်မြို့နယ် ဘုရားဖြူ၊ နောင်ကျော၊ ပန်တိုင်း...
ကရင်နီပြည်နယ်တွင်းရှိ စစ်ဘေးရှောင် ကလေးများ အရေပြားရောဂါ ခံစားနေရ
ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆို အရှေ့ဘက်ကမ်းရှိ စစ်ဘေးရှောင် ကလေးငယ်များ ရေအခက်ခဲမှုကြောင့် အရေပြားရောဂါခံစားနေရကြောင်း စုံစမ်းသိရှိရသည်။ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးအုပ်စု ထဲတွင် ရှိနေသည့် စစ်ဘေးရှောင်များသည် ရေအခက်ခဲမှုရှိနေပြီး တောထဲနေရသည့်အတွက်ကြောင့် အရေပြားရောဂါ ၊ ယားနာမှုများ ခံစားနေရကြောင်း Job for Kayah က...
တာချီလိတ်မြို့နယ် ကျောက်မီးသွေးသုံး ထုံးဖိုကြောင့် ပြည်သူများ အသက်ရှုကြပ်
သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် လွယ်သထုံ ကျေးရွာအုပ်စုရှိ ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံ ကြောင့် ပြည်သူများ အသက်ရှုကြပ်နေကြောင်း သတင်းသိရသည်။ ယခု မတ်လဆန်းပိုင်းမှ စတင်ကာ ကျောက်မီးသွေးသုံး ထုံးဖို စက်ရုံမှ အနံ့ဆိုးများ ပြန်လည်ထွက်လာခြင်း ဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ ပြည်သူများက အသက်ရှုကြပ်သည့်အပြင် ခေါင်းကိုက်ဝေဒနားများလည်း...





