ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်အမျိုးသမီးများအတွက် လစဉ်သုံး ပစ္စည်းများ အရေးပေါ်လိုအပ်

သျှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့သို့ စစ်ရှောင်လာသော စစ်ရှောင်အမျိုးသမီးများသည် လစဉ်သုံး ပစ္စည်းများ (၇)လနီးပါး ပြတ်လပ်နေေသဖြင့် အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရသည်။

ဆီဆိုင်စစ်ရှောင်

လက်ရှိမှာ အမျိုးသမီး စစ်ရှောင်များအတွက် အသုံးအဆောင်ပစ္စည်းများကို လာရောက်လှူဒါန်းမှုရှိသော်လည်း အမျိုးသမီးဦးရေသည် ထောင်ဂဏန်းထိ ရှိတာကြောင့် အချိန်တို အတွင်း ကုန်ဆုံးသွားကြောင်း စစ်ရှောင်အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အလုပ်လည်း မရှိဘူးလေ။ ဝယ်ဖို့လည်း အခက်ခဲဖြစ်တာပေါ့။ တစ်ခါတလေ မဝယ်နိုင်ရင် ရှိတဲ့ သူနားက ချေးငှားရတယ်။ အလုပ်ရလို့ ပိုက်ဆံရှိရင် ပြန်ဝယ်ပြီး ပြန်ပေးရတာပေါ့” ဟု စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

အချို့ ပိုက်ဆံရှိသည့် မိသားစုထဲမှ အမျိုးသမီးသည် လစဥ်သုံးပစ္စည်းများကို ဝယ်ယူရန်အဆင်ပြေသော်လည်း အချို စစ်ရှောင်များသည် ငွေမရှိတာကြောင့် ဝယ်ယူရန် အဆင်မပြေကြောင်း သိရသည်။

ဆီဆိုင်ရောက်စစ်ရှောင်

“ တစ်ချို့ကပိတ်စတွေ၊ အဝတ်စားစတွေနဲ့ အသုံးပြုရတယ်။ တချို့ကတော့ မသုံးတော့ဘူး ဒီတိုင်းပဲ နေလိုက်တာပေါ့။ အဆင်တော့ မပြေဘူးလေ မတတ်နိုင်ဘူး။ လစဉ်သုံးက အရင်က ငါးရာလောက်ပဲ ရှိတာ အခုက တစ်ထောင်ကျော်၊ နှစ်ထောင်လောက် ရှိတော့ ဝယ်ဖို့ ခက်တယ်” ဟု ၎င်း စစ်ရှောင်အမျိုးသမီးက ထပ်မံပြောပါသည်။

အဆိုပါ စစ်ရှောင်များသည် ကရင်နီပြည်နှင့် သျှမ်းတောင် ဖယ်ခုံ၊မိုးဗြဲမြို့ မှ ဒေသခံများဖြစ်ကြပြီး၂၀၂၁ခုနှစ် အစောပိုင်းကတည်းက စစ်ပွဲများကြောင့် လာရောက်ခြင်းဖြစ်ကာ စစ်ရှောင်ကာလ၂နှစ် ကျော်ပြီဖြစ် ကြောင်းသိရသည်။

စစ်ရှောင်လာချိန်တွင်အိမ်ကို စွန့်ခွာပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့်သာ ထွက်လာခြင်းကြောင့် အရာရာ အလှူရှင်ကို အားကိုး အားထားနေကြရသည်။

နော်လာဝါမှ ပေးပို့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...