တာချီလိတ်ဘက် တုပ်ကွေးအဖြစ်များနေပြီး ဆေးရုံ/ဆေးခန်းများ လူနာပြည့်နေ

သျှမ်းပြည် တာချီလိတ်မြို့နယ် အတွင်း တုပ်ကွေး အဖြစ်များနေသည့်အတွက် ဆေးရုံ/ ဆေးခန်း များတွင် လူနာများပြည့်နေပြီး ကုသရေး၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အခက်အခဲ ရှိနေကြောင်း စုံစမ်း သိရသည်။

ပုံ – ရွှေမယ်ယန်း လူမှုကူညီရေး အသင်း

ပြီးခဲ့သည့် ဇွန်လ အတွင်းမှ စတင်ကာ တာချီလိတ်မြို့နယ် နှင့် ကျေးလက်ဒေသများအတွင်း သက်ကြီးရွယ်အို များသည် ရာသီတုပ်ကွေး အဖြစ်များပြီး ကျောင်းသား/သူများ နှင့် ကလေးသူငယ်များက သွေးလွန်တုပ်ကွေး အဖြစ်များနေကြကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကျနော်တို့ ရွာကတော့ တစ်ရွာလုံးနီးပါး ဖြစ်ကြပါတယ်။ တစ်အိမ်မှာ တစ်ယောက်ဖြစ်ပြီး ပျောက်ရင် နောက် တစ်ယောက်က ပြန်ဖြစ်တာ၊ ကူးတဲ့ သဘောမျိုးပေါ့၊ ပြီးတော့ လူကြီးက ရာသီတုပ်ကွေးဖြစ်တယ်၊ ကျောင်းနေ အရွယ် ကလေးတွေကျတော့ သွေးလွန်တုပ်ကွေးဖြစ်ကြတာ” ဟု တာချီလိတ်မြို့မှ အမည်မဖော်လိုသူ ကျေးရွာနေ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တုပ်ကွေးရောဂါသည် တစ်ခါဖြစ်ပါက တစ်ပတ်မှ ၁၀ ရက်ကျော်အထိ ကြာမြင့်ကြောင်း နှင့် ဆေးရုံ/ ဆေးခန်း များမှာလည်း လူနာများဖြင့် ပြည့်နှက်နေမှုကြောင့် ကျန်းမာရေးအတွက် စောင့်ရှောက်ကုသမှုများ အခက်အခဲများ ရှိနေကြောင်း သိရသည်။

ယင်းကဲ့သို့ တုပ်ကွေးရောဂါ အဖြစ်များမှုကြောင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများမှ ခြင် နှိမ်နှင်းရေး နှင့် တုပ်ကွေးရောဂါ ကာကွယ်ကုသရေးအတွက် ကူညီဆောင်ရွက်မှုများ ရှိစေလိုကြောင်းလည်း ဒေသခံများက တောင်းဆိုနေကြသည်။

“ခြင်နှိမ်နှင်းရေးအတွက် လူမှုကူညီရေး အသင်းတွေကတော့ ကျေးရွာတွေထဲ၊ စာသင်ကျောင်းတွေ၊ ရပ်ကွက်တွေမှာ ခြင်ဆေးလာဖြန်းပေးတာ ရှိပါတယ်၊ အခက်အခဲကတော့ ဆေးရုံ/ဆေးခန်းတွေမှာ လူနာတွေလည်း ပြည့်နေတော့ အချိန်အကြာကြီး သွားစောင့်ရတာတွေ၊ ပြီးတော့ တချို့က ဆေးခန်းနဲ့ ဝေးတာတွေက ပုံမှန် ဆေးမကုနိုင်ဘူးပေါ့” ဟု အထက်ပါ ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ မိုးရာသီသည် တုပ်ကွေး ဖြစ်များသည့် ရာသီဖြစ်သည့်အတွက် ဒေသခံများ အနေဖြင့် ရေနုတ်မြောင်း၊ ခြုံများ နှင့် ခြင်များ ပေါများနိုင်သည့် နေရာများ ရှင်းလင်းသင့်ကြောင်းလည်း ရွှေမယ်ယန်း လူမှုကူညီရေး အသင်းက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“တုပ်ကွေးဆိုတာက မိုးရာသီတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့်လည်း ခြင်တွေ ခိုအောင်းနိုင်တဲ့ ရေနုတ်မြောင်းတွေ၊ ပြီးတော့ ရေအိုးရေခွက်တွေကို လှဲလည်ပေးသင့်တယ်၊ ဒါမှ ခြင်တွေမရှိမှာ၊ တုပ်ကွေးရောဂါဆိုတာကလည်း ခြင်တွေကနေ ကူးတာများတော့ သတိထားသင့်ပါတယ်” ဟု ရွှေမယ်ယန်း လူမှုကူညီရေး အသင်းက သျှမ်းသံတော်ဆင့်ကိုပြောသည်။

မိုးရာသီအချိန်သည် တုပ်ကွေးရောဂါများ အပြင် ကူးစက်လွယ် ရောဂါများ ဖြစ်ကြသည့် နှာစေး၊ ချောင်းဆိုး၊ ဖျားနှာသည့် ရောဂါများလည်း အဖြစ်များကြကြောင်း သိရသည်။

ယင်းကဲ့သို့ ရောဂါကူးစက် ဖြစ်ပွားမှုများကို အချိန်မှီ ကုသမှု မရှိနိုင်ပါက နှလုံးရောဂါ၊ အဆုပ်ရောဂါ နှင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်ခြင်းများ ဖြစ်စေနိုင်ကြောင်းလည်း ကျန်းမာရေးဆိုင်ရာ ဝပ်ဆိုဒ်ဖြစ်သည့် MynaCare က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် မူးယစ်ဆေးသမားများ သောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေးသုံးစွဲသူအချို့က အများပြည်သူအကျိုးအတွက် တည်ဆောက်ထားသည့် ချောင်းဘေး ရေတားနံရံကို ခိုင်ခံ့စေရန် တပ်ဆင်ထားသည့် ကျောက်ဆူးသံကြိုးများကိုပါ ဖြတ်တောက်ခိုးယူနေကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့ ပုန်းထွန်ချောင်းဘေး ရေတားနံရံ ခိုင်ခံ့စေရန်အတွက် ကျောက်တုံးများကို ချည်နှောင်ထားသည့် ကျောက်ဆူး သံကြိုးအချို့ကို မူးယစ်ဆေးသုံးစွဲသူများက အလေးချိန်ဖြင့် ရောင်းချရန်အတွက် ဖြတ်တောက်ခိုးယူသွားကြောင်း...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...