နောင်ချိုမြို့နယ်တိုက်ပွဲကြား ဗိုက်ခွဲ ကလေးမွေးမိခင် အကူအညီလိုအပ်

သျှမ်းပြည် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား ခွဲစိတ်မွေးဖွားစ မိခင်၏ ဒဏ်ရာပိုးဝင်မှုကြောင့် အကူအညီလိုအပ်နေကြောင်း စုံစမ်းသိရသည်။

အဆိုပါ ခွဲစိတ်မွေးဖွားစ မိခင်သည် အသက် ၂၉နှစ်အရွယ်သာရှိပြီး တိုက်ပွဲမဖြစ်ခင် ရက် ၂၀ တွင် ကလေးကို ဗိုက်ခွဲပြီးမွေးဖွားခဲ့ရသူတစ်ဦးဖြစ်သည်။

ထိုမွေးဖွားပြီးနောက်ပိုင်း အောက်တိုဘာ ၂၀ ရက်တွင် သူမနေထိုင်သည့် နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားကာ ထွက်မပြေးနိုင်ဘဲ ၎င်းတို့နေအိမ်အတွင်း ပုန်းခိုနေစဉ် လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ ဝင်ရောက်တွေ့ရှိသွားပြီး အဆိုပါနေအိမ်မှ ထွက်ခွာသွားရန် ဖိအားပေးခဲ့သည်။

ထိုနေအိမ်မှ ထွက်မသွားပါက သေနတ်ဖြင့် ပစ်ခတ်မည်ဟု ဆိုကာ ခြိမ်းခြောက်ခဲ့သဖြင့် ထွက်ပြေးတိမ်းရှောင်
လာခဲ့ရကြောင်း ၎င်းကိုသွားရောက်ကူညီခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

“ သူကရွာထဲမှာ ဒီလို နေနေတာ။ သူများတွေလိုလည်း မပြေးနိုင်ဘူး။ ကလေးလည်း ငယ်သေးတယ်၊ ဒဏ်ရာလည်း ဖြစ်တယ်ဆိုတော့ ရွာထဲမှာနေနေတဲ့အချိန် စစ်သားတွေ ထွက်ဖို့လာပြောတာပေါ့။ နင်တို့မပြေးရင် ပစ်မယ်။ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုပြီးပြောတော့ ထွက်ပြေးလာရတာ “ ဟု ၎င်းကိုသွားရောက် ကူညီခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

ထိုအချိန်တွင် ဗိုက်ခွဲကလေးမွေးဖွားရသည့် ဒဏ်ရာက မကျက်သေးပေ။ ထိုဒဏ်ရာမကျက်ဘဲ ထွက်ပြေးတိမ်းရှောင် လာရသဖြင့် ချုပ်ထားသော ချုပ်ရိုးဖြည်သွားပြီး ပိုးဝင်သဖြင့် ဆေးကုသနေရကြောင်း၊ ၎င်း၏ မွေးကင်းစ ကလေးငယ်လည်း အသားဝါ ဖြစ်နေကြောင်း သွားရောက်ကူညီသူက ရှင်းပြသည်။

“မွေးပြီးတဲ့ ၂၀ ရက်နေ့ ကျော်တဲ့အချိန်က သူတို့ရွာမှာ တိုက်ပွဲဖြစ်တယ်။ ပြေးလွှားရင်းနဲ့ ချုပ်ရိုးက အကုန်ပြန် ဖြေသွားတာ။ သူတို့စစ်ရှောင်ဆိုတော့ စစ်ရှောင်စခန်းမှာလည်း သွားနေသေးတယ်။ သွားနေတဲ့အချိန်မှာ ဂရုမစိုက်မိတော့ အထဲမှာ ပိုးနည်းနည်းဝင်သွားတယ်။ ပစ္စည်းတွေ၊ ဘာတွေက သယ်သေးတယ်။ သူ့ ကလေးကလည်း အသားဝါ နည်းနည်းဝင်နေတယ်။ သူ့အမေကိုတော့ ဒဏ်ရာကိုမနေ့က ပြန်ချုပ်ထားတယ် “ ဟု သွားရောက်ကူညီသူတစ်ဦးက ထပ်လောင်းပြောသည်။

ထို့အပြင် (နိုဝင်ဘာလ ၁၅ ရက်)တွင်လည်း နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးသည် သုံးဆယ်အုပ်စု ဇီးဖြူရေကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခြင်းကြောင့် မိသားစုဝင် ကလေးငယ် ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ကလေးငယ် ၁ ဦးနှင့် မိခင်ဖြစ်သူတို့ ၂ ဦးထိခိုက် ဒဏ်ရာရရှိသည်။

လက်ရှိ နောင်ချိုမြို့နယ်တွင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်ရှောင်နေရသည့် စစ်ရှောင် စုစုပေါင်း ၂ ထောင်မှ ၃ ထောင်အထိ ရှိနေသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...