ဖယ်ခုံမြို့နယ် လသားကလေး အပါအဝင် ဒေသခံများ အရေပြားရောဂါကူးစက်မှု ဖြစ်ပွားနေ

သျှမ်း-ကရင်နီ (ကယား) ပြည် နယ်စပ်ဒေသ ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာအုပ်စုအတွင်း နေထိုင်ကြသည့် ဒေသခံများသည် အရေပြားရောဂါ ကူးစက်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသည်.

ဖယ်ခုံမြို့နယ် လသားကလေး အပါအဝင် ဒေသခံများ အရေပြားရောဂါကူးစက်မှု ဖြစ်ပွားနေ

ထို အရေပြားရောဂါ ကူးစက်ခံရသူအများစုသည် လသားအရွယ် ကလေးငယ်များ ဖြစ်ကြပြီး၊ ကူးစက်မှုသည် လနှင့်ချီကြာမြင့်လာပြီ ဖြစ်ကြောင်း သွားရောက်ကူညီခဲ့သည့် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဖြစ်တာကတော့ ၅ လ၊ ၆လ လောက်ရှိနေပါပြီ။ တချို့ကတော့ သက်သာသွားပြီ။ တချို့ကအခုမှ ထပ်ဖြစ်တဲ့သူတွေလည်း ရှိပါတယ်။ ဖြစ်တာက အရေပြားယားယံပြီး ကုတ်ရာကနေ အနာသေးသေးလေး ဖြစ်တာပါ။ တချို့ဆိုရင် အနားပြဲသွားတာတို့၊ ပြည်ဖြစ်သွားတာတို့ ရှိတာတော့တွေ့ရတယ် “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိမှာ အရေပြားရောဂါ ကူးစက်ခံရသူသည် ပျောက်ကင်းသွားသူအပါအဝင် ထပ်မံကူးစက်ခံရသူများသည် လူဦးရေ စာရင်းအရ ၇၂၀ ကျော်ရှိသည့်အထဲ ၂၀ ရာခိုင်နှုန်းခန့်က ကူးစက်မှု ခံနေရသည်။

ဖယ်ခုံမြို့နယ် လသားကလေး အပါအဝင် ဒေသခံများ အရေပြားရောဂါကူးစက်မှု ဖြစ်ပွားနေ

အလားတူ ဖယ်ခုံမြို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက “ ဒီဖက်မှာတုပ်ကွေးတွေ ဖြစ်နေတာ။ ကလေးရော လူကြီးရော ဖြစ်နေကြတယ်။ ဒီဖက်မှာ တကိုယ်ရေသန့်ရှင်းမှု အားနည်းတယ် ပြောရမယ်။ ရေတွေဆိုလည်း မြောင်းရေနဲ့ လယ်ထဲကရေအသုံးပြုရတယ် “ ဟု ၎င်းဆိုသည်။

အရေပြားရောဂါ ကူးစက်မှုသည် သောက်ရေ၊ သုံးရေအပြင် တကိုယ်ရေသန့်ရှင်းရေး အားနည်းမှုကြောင့် ဖြစ်ပွားနိုင်ကြောင်း ဒေသအတွင်း ကျန်းမာရေးဆရာမတစ်ဦးက ထပ်လောင်းပြောသည်။

ဖယ်ခုံမြို့နယ် လသားကလေး အပါအဝင် ဒေသခံများ အရေပြားရောဂါကူးစက်မှု ဖြစ်ပွားနေ

“ ကျမအထင်ကတော့ တကိုယ်ရေသန့်ရှင်းမှု အားနည်းတာလည်း ဖြစ်နိုင်တယ်။မနေ့ညက ဖုန်းစိုးရွာက ဒေသခံ ၃၅ ဦးကိုလည်း သွားရောက်ကုသပေးခဲ့ရတယ်လို့ ဆေးခန်းက ဆရာမတစ်ယောက်ပြောတယ်။ နောက်ပြီးဆေးဝါးတွေကော လိုအပ်တယ်။ ကျမတို့ ဘက်က ဆေးဝါးတွေသယ်ယူဖို့အခက်ခဲဖြစ်တဲ့အတွက် ဆေးဝါးရောက်ရှိမှုလည်း ခက်ခဲတယ်” ဟု ၎င်းကျန်းမာရေးဆရာမတစ်ဦးက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၁၂) ရက်တွင် Kayan National Health Committee(KNHC) မှ သွားရောက်ခဲ့ပြီး ကုသမှုနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့အပြင် အရေပြားကူးစက်ခံရသူသည့် ထိုကျေးရွာမှ ဒေသခံများကို သွားရောက်ကူပေးဖို့အတွက်လည်း Kayan Women’s Organization မှ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...