Saturday, May 4, 2024

ဖယ်ခုံမြို့နယ် လသားကလေး အပါအဝင် ဒေသခံများ အရေပြားရောဂါကူးစက်မှု ဖြစ်ပွားနေ

Must read

သျှမ်း-ကရင်နီ (ကယား) ပြည် နယ်စပ်ဒေသ ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာအုပ်စုအတွင်း နေထိုင်ကြသည့် ဒေသခံများသည် အရေပြားရောဂါ ကူးစက်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသည်.

ဖယ်ခုံမြို့နယ် လသားကလေး အပါအဝင် ဒေသခံများ အရေပြားရောဂါကူးစက်မှု ဖြစ်ပွားနေ

ထို အရေပြားရောဂါ ကူးစက်ခံရသူအများစုသည် လသားအရွယ် ကလေးငယ်များ ဖြစ်ကြပြီး၊ ကူးစက်မှုသည် လနှင့်ချီကြာမြင့်လာပြီ ဖြစ်ကြောင်း သွားရောက်ကူညီခဲ့သည့် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဖြစ်တာကတော့ ၅ လ၊ ၆လ လောက်ရှိနေပါပြီ။ တချို့ကတော့ သက်သာသွားပြီ။ တချို့ကအခုမှ ထပ်ဖြစ်တဲ့သူတွေလည်း ရှိပါတယ်။ ဖြစ်တာက အရေပြားယားယံပြီး ကုတ်ရာကနေ အနာသေးသေးလေး ဖြစ်တာပါ။ တချို့ဆိုရင် အနားပြဲသွားတာတို့၊ ပြည်ဖြစ်သွားတာတို့ ရှိတာတော့တွေ့ရတယ် “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိမှာ အရေပြားရောဂါ ကူးစက်ခံရသူသည် ပျောက်ကင်းသွားသူအပါအဝင် ထပ်မံကူးစက်ခံရသူများသည် လူဦးရေ စာရင်းအရ ၇၂၀ ကျော်ရှိသည့်အထဲ ၂၀ ရာခိုင်နှုန်းခန့်က ကူးစက်မှု ခံနေရသည်။

ဖယ်ခုံမြို့နယ် လသားကလေး အပါအဝင် ဒေသခံများ အရေပြားရောဂါကူးစက်မှု ဖြစ်ပွားနေ

အလားတူ ဖယ်ခုံမြို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက “ ဒီဖက်မှာတုပ်ကွေးတွေ ဖြစ်နေတာ။ ကလေးရော လူကြီးရော ဖြစ်နေကြတယ်။ ဒီဖက်မှာ တကိုယ်ရေသန့်ရှင်းမှု အားနည်းတယ် ပြောရမယ်။ ရေတွေဆိုလည်း မြောင်းရေနဲ့ လယ်ထဲကရေအသုံးပြုရတယ် “ ဟု ၎င်းဆိုသည်။

အရေပြားရောဂါ ကူးစက်မှုသည် သောက်ရေ၊ သုံးရေအပြင် တကိုယ်ရေသန့်ရှင်းရေး အားနည်းမှုကြောင့် ဖြစ်ပွားနိုင်ကြောင်း ဒေသအတွင်း ကျန်းမာရေးဆရာမတစ်ဦးက ထပ်လောင်းပြောသည်။

ဖယ်ခုံမြို့နယ် လသားကလေး အပါအဝင် ဒေသခံများ အရေပြားရောဂါကူးစက်မှု ဖြစ်ပွားနေ

“ ကျမအထင်ကတော့ တကိုယ်ရေသန့်ရှင်းမှု အားနည်းတာလည်း ဖြစ်နိုင်တယ်။မနေ့ညက ဖုန်းစိုးရွာက ဒေသခံ ၃၅ ဦးကိုလည်း သွားရောက်ကုသပေးခဲ့ရတယ်လို့ ဆေးခန်းက ဆရာမတစ်ယောက်ပြောတယ်။ နောက်ပြီးဆေးဝါးတွေကော လိုအပ်တယ်။ ကျမတို့ ဘက်က ဆေးဝါးတွေသယ်ယူဖို့အခက်ခဲဖြစ်တဲ့အတွက် ဆေးဝါးရောက်ရှိမှုလည်း ခက်ခဲတယ်” ဟု ၎င်းကျန်းမာရေးဆရာမတစ်ဦးက ပြောသည်။

ယမန်နေ့ (အောက်တိုဘာ ၁၂) ရက်တွင် Kayan National Health Committee(KNHC) မှ သွားရောက်ခဲ့ပြီး ကုသမှုနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့အပြင် အရေပြားကူးစက်ခံရသူသည့် ထိုကျေးရွာမှ ဒေသခံများကို သွားရောက်ကူပေးဖို့အတွက်လည်း Kayan Women’s Organization မှ ထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article