Monday, April 29, 2024

မိုင်းဖုန်းဆရာတော် ကျန်းမာရေးကြောင့် သံဃာတော်များ ပရိတ်ရွတ်ပူဇော်ရန် တိုက်တွန်း

Must read

မိုင်းဖုန်းဆရာတော်၏ ကျန်းမာရေး အခြေနေကြောင့် ရှမ်းပြည်ဗုဒ္ဓတက္ကသိုလ် မှ ဦးစီးတည်ထောင်သူ အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ ခမ်းမိုင် ဓမ္မသာမိ မှ ပြည်တွင်း၊ ပြည်ပရှိ သံဃာတော်များ ပရိတ်ရွတ် မေတ္တာပွားပေးကြရန် တိုက်တွန်းထားကြောင်း သတင်းရရှိသည်။

.

မိုင်းဖုန်းဆရာတော်၏ ကျန်းမာရေး အခြေနေကြောင့် ယခုနှစ် ဝါတွင်းကာလအတွင်း ဂူအောင်းအဓိဌာန်ဝင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ချင်းသျှံမြို့နယ်ရှိ ဝိန်းကျောက်ကျောင်းတိုက်တွင် ဝါတွင်းကာလအတွင်း အဓိဌာန်ဝင်ထားသည်ဟု သျှမ်းပြည်အရှေ့ပိုင်း သံဃာနာယက ဥက္ကဌ ဉီးဉာဏသီရိ ထံမှ သိရသည်။

“မိုင်းဖုန်းဆရာတော်ရဲ့ ကျန်းမာရေး သိပ်မကောင်း တဲ့အတွက် အမြို့မြို့ အနယ်နယ်ရှိ သံဃာတော်တွေ နေ့တိုင်း မေတ္တာသုတ် နဲ့ ဗောဇ္စျင်္ဂသုတ် ရွတ်ဖတ်ပူဇော်ဖို့ တိုက်တွန်းလိုပါတယ်” ဟု အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာ ခမ်းမိုင် ဓမ္မသာမိမှ တိုက်တွန်းထားကြောင်း သိရသည်။

ဝါတွင်းကာလအတွင်း မိုင်းဖုန်းဆရာတော်သည် တစ်ပါးတည်း အဓိဌာန်ဝင်ပြီး တကာများကို လက်ခံပူဇော်သွားမည်မဟုတ်ကြောင်းလည်း သိရသည်။

Photo by – องค์พระมหามัยมุนี บารมีสองแผ่นดิน/ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မယ့်ရင်းမြို့နယ်ရှိ ထိုင်းစစ်သင်တန်းကျောင်းတွင် မိုင်းဖုန်းဆရာတော်တရားဟောစဉ်

“ဝိန်းကျောက်ကျောင်းတိုက်မှာရှိတဲ့ ဇရပ်တွင် တပါးတည်း တရားကျင့်နေပါတယ်။ ဒီနှစ် ဝါတွင်းကာလတော့ ဆရာတော်အတွက် အဓိဌာန်ဝင် သင့်တော်တဲ့နေရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ထဲ ဆရာတော် ကျန်းမာရေးက သိပ်မကောင်းတဲ့အတွက် ဆရာဝန်တွေနဲ့ အနီးဆုံးနေရာ သီတင်းသုံးတာဖြစ်ပါတယ်” သျှမ်းပြည်အရှေ့ပိုင်း သံဃာနာယက ဥက္ကဌ ဉီးဉာဏသီရိ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင် (၂) ရက်မှ စတင်ပြီး မိုင်းဖုန်းဆရာတော်သည် မိုင်းလားအထူးဒေသ (၄) ရှိ မိုင်းခန်ဖဝတ်ဂူမှာ အဓိဌာန်ဝင်ခဲ့ခြင်းဖြစ်ပြီး၊ အဓိဌာန်မဝင်ခင် မနက်ပိုင်းတွင် မှိုဆွမ်းဟင်းဘုဥ်းမိခဲ့ရာမှ ဂူအောင်း အဓိဌာန်ဝင်သွားသော်လည်း မူးဝေအော့အန်သည့် ဝေဒနာ ခံစားခဲ့ရသည်။

ဇူလိုင် (၈) ရက်တွင်လည်း တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးတံတားကို ဖြတ်ပြီး မိုင်းဖုန်းဆရာတော်အား ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ Bangkok Hospital သို့ ပို့ဆောင်ကုသခဲ့ပြီး ပြန်လည်ကျန်းမာလာကာ ဆေးရုံမှ ဆင်းပြီး ဇူလိုင် (၁၀) ရက် နေ့လည် ၂ နာရီခွဲ၌ မိုင်းဖုန်းသို့ ပြန်လည် ကြွရောက်ခဲ့ခြင်း ဖြစ်သည်။

ဇူလိုင် (၁၁) ရက်တွင် မိုင်းဖုန်းဆရာတော်သည် မိုင်းဖုန်းကျေးရွာအုပ်စုရှိ စမ်းပူးဂူ မှာ အဓိဌာန် ပြန်လည် ဝင်ရောက်ခဲ့ပါသည်။

မိုင်းဖုန်းဆရာတော်သည် မိုင်းကျက်ဂူတွင် ၂၀၂၂ ခုနှစ် ဇူလိုင် (၃၁) ရက်၌ (၃) နှစ် (၃) လ (၃) ရက် အဓိဌာန်ဝင် ဂူအောင်း တရားဘာဝနာ ကျင့်ကြံမှု အောင်မြင်ပြီးနောက် ဂူမှ ထွက်လာပြီး သြဂုတ် (၁) ရက်မှ စတင်ပြီး (၆) ရက်ဆက်တိုက် တရားနာပရိသတ်များကို တရားဟောခဲ့သည်။

ဂူအောင်းအဓိဌာန် အောင်မြင်ပြီးနောက် ၂၀၂၂ ခုနှစ် သြဂုတ် ၁၀ ရက်မှ ၁၈ ရက်ထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဘန်ကောက်ဆေးရုံသို့ ဆေးကုသမှု ခံယူခဲ့ရသည်။

Leave a Comments

- Advertisement -spot_img

Latest article