လားရှိုးမြို့ကိုဗစ် Postive အဖြေထွက်ထားသူတစ်ဦး မိမိကိုယ်ကိုယ်အဆုံးစီရင်
SHAN -
သျှမ်းမြောက် လားရှိုးမြို့ နေအိမ်တွင် Home Quarantine ထားရှိထားသူ အမျိုးသားတစ်ဦးသည် ကိုဗစ်-၁၉ ရောဂါပိုး Postive အဖြေထွက်ရှိ ကြောင်း သိရပြီးနောက် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း သိရသည်။ ယမန်နေ့က ဇွန်လ (၂၂) ရက်နေ့က လားရှိုးမြို့ အမှတ်(၉) ရပ်ကွက် နယ်မြေ(၁၀) အတွင်းရှိ...
ကိုဗစ်-၁၉ ပိုး တွေ့ရှိသည့် လားရှိုးမြို့မဈေး အရေးပေါ်ပိတ်မည်
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုး မြို့မဈေး တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုကြောင့် အရေးပေါ်ပိတ်သွားမည် ဖြစ်ကြောင်း သိရသည်။ လားရှိုးမြို့မဈေး မှ ဈေးသည်တချို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရသဖြင့် မြို့မဈေးကြီးကို ဇွန် (၁၈)မှ စတင်ကာ ဇူလိုင် (၂)ရက်ထိ ပိတ်သွားမည် ဟု အရေးပေါ် ပိတ်လိုက်ရကြောင်း...
မိုင်းရယ် ကိုဗစ်-၁၉ လူနာ (၂)ဦးတွေ့ရှိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ (၂) ဦးတွေ့ရှိထားကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ အတည်ပြု လူနာ (၂) ဦးသည် ယမန်နေ့ (ဇွန် ၁၆)ရက်တွင် မန္တလေးမြို့သို့ ဆေးကုရန် သွားစဉ် စစ်ဆေးရေးဂိတ်မှာ ကိုဗစ်-၁၉ စစ်ဆေးတွေ့ရှိသဖြင့် မိုင်းရယ်ပြည်သူ့ဆေးရုံသို့ ဆေးကုသခံယူရန် ချက်ခြင်းပြန်လာရကြောင်း...
လာရှိုးမြိုတွင် ကိုဗစ် -၁၉ အတည်ပြုလူနာ (၆၂) ဦးထိရှိ
SHAN -
သျှမ်းပြည် မြောက်ပိုင်း လာရှိုးမြို့တွင် ယမန်နေ့(ဇွန် ၁၅)ရက် အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၆၂ ဦးရှိကြောင်း စုံစမ်းသိရှိရသည်။ “ မနေ့ကထိတော့ ၆၂ ယောက်ရှိပါတယ်။ ဒီနေ့ကတော့ မသိရသေးဘူး။ ရောဂါပြင်ထန်းတဲ့သူကို မန္တလေးကို ပို့ပေးတယ်။ ၄ ယောက်ရှိတယ်။ သေတာတော့မရှိသေးဘူး။ အနံမရတဲ့သူများတယ်”...
နမ့်လန်မြို့ ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦး သေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသမီးတစ်ဦးသည် ယနေ့ (ဇွန် ၁၉ )ရက် နေ့လည် ( ၁၂) နာရီတွင် သေဆုံးသွားကြောင်း သိရသည်။ အဆိုပါ ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားသည့် လူနာသည် သီပေါမြို့တွင် ဆေးကုသနေသည့် မအေးရွှေ (၄၁)...
သျှမ်းမြောက် ကိုဗစ်-၁၉ ကူးစက်ခံရသူ (၄၅) အထက်ရှိ
SHAN -
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် နှင့် သီပေါမြို့နယ် အတွင်းတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိလူနာ စုစုပေါင်း(၄၉ )ဦးရှိကြောင်း စုံစမ်းသိရသည်။ ထိုထဲတွင် လာရှိုးမြို့တွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ (၄၅) ဦးရှိပြီး၊ သီပေါမြို့နယ် နမ့်လန်မြို့တွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ (၄) ဦးရှိကြောင်း...
လားရှိုး ကိုဗစ် ပိုးတွေ့ရှိသူများလာသဖြင့် မြိ့ဝင်၊ထွက် စစ်ဆေးရေးဂိတ်ပြန်ဖွင့်
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၃၃)ဦးရှိလာသည့်အတွက် မြို့၊အဝင်၊အထွက်၌ ကျန်းမာရေး စစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့တွင် ဇွန် (၈ )ရက်မှ စပြီး ဇွန် (၁၁) ရက်အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း (၃၃) ဦးအထိမြင့်တက်လာသည့် အတွက် လားရှိုးမြို့ဝင်၊ထွက်တွင်...
ဟိုပုံးမြို့ Non-CDM ဆရာမ (၂)ဦး ကိုဗစ်-၁၉ တွေ့ရှိ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် Non-CDM ကျောင်းဆရာမ(၂)ဦးထံ ကိုဗစ်-၁၉ပိုးတွေ့ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့( ဇွန် ၁၁)ရက် ဟိုပုံးမြို့မှ Non- CDM ကျောင်းဆရာမတစ်ဦး၏ မိသားစု နေမကောင်း ဖြစ်ပြီး အနံ့ပျောက်သဖြင့်ဆေးရုံသို့ လာရောက်ပြသရာ ဆရာမနှင့် အတူ အိမ်သား(၂) ယောက်လည်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပိုးတွေ့ရှိပြီး၊ ယနေ့တွင်လည်း...
ထိုင်းနိုင်ငံ မှ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၉) ဦး မြန်မာသို့ လွှဲအပ်ရာ ကိုဗစ် ( ၇) ဦးတွေ့
SHAN -
ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်စေ့ပြီး မြန်မာနိုင်ငံသို့ ပြန်ပို့သည့် (၁၀၉) ဦးထဲတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၇)ဦးရှိကြောင်း စုံစမ်းသိရသည်။ ထိုင်းနိုင်ငံမှ ယနေ့ (ဇွန် ၁)ရက် မနက်ပိုင်းတွင် ပြစ်ဒဏ်စေ့ပြီး မြန်မာနိုင်ငံသို့ပြန်ပို့သည့် မြန်မာရေ့ွှပြောင်း အလုပ်သမား (၁၀၉ )ဦးထဲတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၇)ဦးရှိကြောင်း စုံစမ်းသိရသည်။ ထိုပြစ်ဒဏ်စေ့သူ...
ဗန်းမော် စစ်ရှောင် (၃၀၀၀ )ကျော် အတွက ်ဆေးဝါးများ အရေးပေါ်လိုအပ်နေ
SHAN -
ကချင်ပြည် ဗန်းမော်မြို့တွင် ရောက်ရှိနေသည့် သျှမ်းစစ်ရှောင် (၃၀၀၀ )ကျော် အတွက် ဆေးဝါး များ အခက်အခဲဖြစ်ကာ အရေးပေါ် လိုအပ်နေကြောင်း သတင်းရရှိသည်။ ထိုစစ်ရှောင်များသည် မိုးမောက်မြို့နယ်တွင် ကချင်တပ်မတော် (KIA) နှင့် အာဏာသိမ်းစစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်မှုကြောင့် ဗန်းမော် မြို့နယ် ဘက်သို့ ထွက်ပြေတိမ်းရှောင်လာရပြီး၊ ယခုထိ...





