Saturday, May 4, 2024

မူဆယ်မြို့ မူလတန်းကျောင်းသားတစ်ဦးထံ ကိုဗစ်- ၁၉ ပိုးတွေ့ရှိ

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ အမှတ်(၂) အထက်တန်းကျောင်း တွင် ဒုတိယကျောင်းသားထံ ကိုဗစ် -၁၉ ပိုးတွေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဇွန် ၂၈ နေ့လည်ပိုင်းအချိန်တွင် ကိုဗစ် -၁၉ ပိုးစစ်ဆေးရာတွင် ဒုတိယကျောင်းသား တစ်ဦးထံ ပိုးတွေ့ရှိကြောင်း မူဆယ်မြို့ ဒေသခံတစ်ဦးကပြောသည်။

“ ဒီနေ့ နေ့လည်အမှတ် (၂) ကျောင်းမှ စစ်ဆေးတာ။ ကလေးတစ်ယောက်မှာ ပိုးတွေ့ရှိတာ။ ယောင်္ကျားလေးပါ။ ဒုတိယတန်းကပါ။” ဟု မူဆယ်မြို့ ဒေသခံတစ်ဦးကပြောသည်။

ထို ကျောင်းသားနှင့် ထိတွေ့ဆက်စပ်သူ (၉) ဦးကိုလည်း ဆေးစစ်ထားပြီး မူဆယ်ဆေးရုံးသို့ Quarantine ဝင်ထားခိုင်းကြောင်း သိရသည်။

မူဆယ်မြို့တွင် ဇွန်လအတွင်း ကိုဗစ် -၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း ၁၂ ဦးရှိနေပြီးဖြစ်ကြောင်း သိရသည်။

အလားတူ နမ့်ခမ်းမြို့တွင်လည်း ဇွန်လ အတွင်း ကိုဗစ် -၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း ၁၉ ဦးထိရှိလာပြီးဖြစ်ကြောင်းသိရသည်။

“ နမ့်ခမ်းမြို့မှာက ကိုဗစ် -၁၉ ပိုးကူးခံရတဲ့သူ က ၁၉ယောက်ရှိတယ်။ ဒီကအချက်လက်ကတော့ ဆေးရုံးကကြောညာထားတာတော့ မဟုတ်ဘူး။ သေတဲ့သူတော့မရှိသေးဘူး” ဟု နမ့်ခမ်းမြို့ ကိုဗစ် ၁၉ ကူညီးစောင့်ရှောင်ရေး ပရိဟိတ အဖွဲ့ကပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဇွန်လကစပြီး ကိုဗစ် -၁၉ ရောဂါ တစ်ဖန်ပြန်တွေ့ရှိလာကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article