တာချီလိတ်မြို့ မိုးကုတ်ရိပ်သာ မှ Quarantine Centre ဖောက်ထွင်းခံရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ မိုးကုတ်ရိပ်သာတွင် ဖွင့်ထားသည့် Quarantine Centre ရှိ အသုံးအဆောင်များ ဖောက်ထွင်းခိုးယူခံရကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ အသုံးအဆောင်ပစ္စည်းများကို ယမန့်နေ့ (ဇူလိုင် ၁ )ရက် တွင် ဖောက်ထွင်းခိုခံခဲ့ရပြီး၊ တန်ဖိုးငွေ ဘတ်ငွေ (၈သောင်း) မြန်မာငွေ သိန်း (၄၀) လောက်ရှိကြောင်းသိရသည်။

“ မနေ့ညက ခိုးဖောက်ခံရတာဖြစ်လောက်တယ်။ ဒီနေ့မနက် အလိုရှိလို့သွားကြည့်တာမရှိတော့ဘူး။ ဘတ် ၈၀၀၀၀ လောက်ရှိတယ်တန်းဖိုးငွေနဲဆိုရင်။ ပန်ကန်းတွေ၊ဇွန်းတွေပေါ့ပါသွားတယ်။ အသုံးအဆောင်ပစ္စည်းဖြစ်တယ်” ဟု တာချီလိတ်မြို့ မိုးကုတ်ဝိပသာနာအဖွဲ့ဝင် တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို မိုးကုတ်ဝိပသာနာရိပ်သာသည် ၂၀၂၀ ကိုဗစ်- ၁၉ စဖြစ်ချိန်းမှစပြီး တရားစခန်းများကို ရပ်နားထားပြီး လူထုများကို ကူညီရန်အတွက် Quarantine Centre ကိုဖွင့်ထားကြောင်း ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးယူမှုများ၊ ဓားခုတ်ပြီး ဆိုင်ကယ်လုယက်မှုများ၊ အိမ်တွင်းခိုးခံရမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်းသိရသည်။

ထိုသို့ ဖြစ်ပွားနေသော်လည်း တာဝန်ရှိသူ သက်ဆိုင်သူများမှ ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

0
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

ထိုင်း-သျှမ်းနယ်စပ် တာချီလိတ်မြို့က တာလော့စျေး ဆိုင်ခန်းစျေးနှုန်း ချသော်လည်း ငှားရမ်းသူမရှိ

0
သျှမ်းပြည်အရှေ့ပိုင်း က တာချီလိတ်မြို့ ရေကြီးရေလျှံမှု မကြာခဏ ကြုံနေရသည့် တာလော့စျေးတွင် ဆိုင်ခန်းပိုင်ရှင်များက ငှားရမ်းခ ချပေးသော်လည်း ငှားရမ်းသူမရှိကြောင်း ဒေသခံ စျေးသည်များ ပြောပြချက်အရသိရသည်။ ထိုင်း- မြန်မာနယ်စပ်ရှိ တာလော့စျေးတွင် ရေကြီးရေလျှံမှု မကြာခဏကြုံရသဖြင့် စျေးဆိုင်ခန်းငှားခ ၃ ဆနီးပါးကျဆင်းပြီး ငှားရမ်းသူမရှိသည့်အပြင် နဂိုရှိရင်း စျေးသည်များ...