Tuesday, January 27, 2026

သျှမ်းပြည်ကိုဗစ် – ၁၉ ရောဂါကြောင့် သေဆုံးသူ (၂၀)ထိရှိလာ

သျှမ်းပြည်အတွင်း ဇွန်လပိုင်းမှစတင်ကာ ယနေ့ အချိန်ထိ ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရသူပေါင်း (၁၀၀၀)ကျော် ရှိနေပြီး သေဆုံးသူ ၂၀ ဦးခန့် ရှိနေကြောင်း သိရသည်။

ကိုဗစ်ကူးစက်ခံရသူ များပြားသည့် သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နှင့် လောက်ကိုင်မြို့တို့ကို ပြီးခဲ့သည့် ဇွန်လ (၂၇) ရက်မှစတင်ပြီး Stay at home မြို့များအဖြစ် စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။

နမ္မတူမြို့တွင် ကိုဗစ် – ၁၉ အတည်ပြုလူနာ ၆ ဦးရှိသည့်အနက် (ယနေ့) ဇူလိုင် ၂ ရက်နေ့ မနက်ပိုင်းက ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေသည့် အသက် (၃၅)နှစ်ခန့်ရှိ ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

လာရှိုးမြို့တွင် ဇူလိုင် ၁ ရက်တည်း ကိုဗစ် – ၁၉ လူနာ (၇) ဦး သေဆုံးခဲ့ပြီးအဆိုပါနေ့တွင် ကိုဗစ် အတည်ပြုလူနာသစ် (၇၃)ဦး တိုးသည်။

ထို့ကြောင့် လားရှိုးမြို့တွင် အတည်ပြုလူနာ စုစုပေါင်း (၄၈၂)ဦးထိ ရှိကာ သေဆုံးသူ ၁၂ ဦးထိ ရှိလာကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင် ၂ ရက်က မွန်းလွဲပိုင်း ၁၂နာရီအထိ ကိုဗစ် – ၁၉ အတည်ပြုလူနာသစ် (၁၄)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း (၃၀)ဦးထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့တွင်လည်း ကိုဗစ် – ၁၉ ကူးစက်ခံရသူ မြင့်တက်လျက်ရှိပြီး ဇူလိုင် ၁ ရက်နေ့ထိ ရောဂါကူးစက်ခံရသူ (၆၃)ဦးထိ ရှိလာပြီ ဖြစ်သည်။

ဇူလိုင်(၃)ရက်မှစတင်ပြီး မြို့တွင်းရှိ ဈေးများကို ရက်အကန့်အသတ်မရှိပိတ်ထားရန်နှင့် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားပေမယ့် စာသင်ကျောင်းများအား ပိတ်ခိုင်းခြင်းမရှိသေးကြောင်း သိရသည်။

သီပေါမြို့မှာ ယနေ့ ဇူလိုင် (၂)ရက်နေ့တွင် ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရသည့် လူနာသစ် (၁၅)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...