Saturday, May 4, 2024

လားရှိုးမြို့ကိုဗစ်-၁၉ ကြောင့်သေဆုံးသူများလာသဖြင့် ကျောင်းများ ယာယီပြန်ပိတ်

Must read

သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေ များလာသဖြင့် အခြေခံပညာကျောင်းများကို ယနေ့ (မတ် ၂၈ )ရက် မှစတင်ပြီး ယာယီ ပိတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇွန် ၂၇ ) ရက် မှစတင်ကာ လားရှိုးမြို့ကို Stay at Home အဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထုတ်ပြန်ကြေညာလိုက်သည်။

ထို့နောက် လားရှိုး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးကို ယာယီပြန်ပိတ်လိုက်ကြောင်း လားရှိုးမြို့၊သျှမ်းပြည်နယ် ပညာရေးမှူးရုံး (ရုံးခွဲ) မှ ဇွန်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

ထို့အပြင် ပြည်နယ်(သျှမ်း)၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးများရှိ ရုံးဝန်ထမ်းများကို အလေ့ကျစနစ်ဖြင့်သာ တက်ရောက်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ ကျောင်းများပိတ်သွားသည့် ကိစ္စနှင့် ပက်သက်ပြီး လားရှိုးမြို့နေ ကျောင်းသားမိဘ တစ်ဦးက “ သူတို့ အခုလို ကျောင်းပိတ်သွားတယ်ဆိုလည်း ကောင်းပါတယ်၊ အရင်ကလည်း ကျောင်းတက်တဲ့ သူတွေမှ သိပ်မများတော့ ကိုဗစ်ကို အကြောင်းပြပြီး ကျောင်းပိတ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သေတဲ့လူတွေလည်း တကယ်ရှိတော့ ကျောင်းပိတ်လိုက်တာ ကောင်းပါတယ်” ဟု ၎င်းက ပြောသည်။

လားရှိုးမြို့တွင် ကိုဗစ် – ၂၉ ရောဂါပိုး ကူးစက်ခံရသူ (၃၀၀) ကျော်ရှိသွားပြီဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးသူမှာ (၈) ဦးထက်မနည်း ရှိလာချိန်မှာ ယခုလို အခြေခံပညာရေးကျောင်းများပိတ်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်လာခြင်း ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article