သျှမ်းတောင် ပုံးအင်းဒေသတွင် ကိုဗစ်ပိုးရှိသူ (၁)ဦး ပထမဆုံးတွေ့
SHAN -
သျှမ်းတောင် တောင်ကြီးခရိုင်အတွင်းရှိ ပုံးအင်းဒေသတွင် ပြီးခဲ့သည့် သြဂုတ်လ (၄)ရက်နေ့က ကိုဗစ်ပိုးကူးစက်ခံရသူ (၁)ဦး ပထမဆုံး တွေ့ရှိခဲ့ကြောင်း သိရသည်။ “အရင်ရက်တွေကလည်း နေမကောင်းဖြစ်တယ်လို့တော့ ကြားတယ်၊ သူ့ကိုသူ သံသယဝင်နေလို့ ဘန်းယဉ်မှာ သွားစစ်ကြည့်တာ၊ ကိုဗစ်ပိုးတွေ့တာပဲ” ဟု ပုံးအင်းဒေသခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ လူနာသည် အသက်...
လင်းခေးခရိုင် ကိုဗစ် ကူးစက်ခံရသူ (၃၁၉ )ဦးရှိ
SHAN -
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်ရှိ (၅) မြို့နယ်မှာ ကိုဗစ်-၁၉ ကူးစက်သူ စုစုပေါင်း (၃၁၉) ဦးရှိကြောင်း စုံစမ်းသိရှိရသည်။ လင်းခေးခရိုင်တွင် ရှိသော ကိုဗစ်-၁၉ အတည်ပြု လူနာ စုစုပေါင်း (၃၁၉) ဦးမှာ လင်းခေးမြို့နယ် (၁၄၀) ဦး၊ ကျိုင်းတောင်းမြို့နယ် (၅၉) ဦး ၊...
ပင်လောင်း ဘိလပ်မြေစက်ရုံဝန်ထမ်း (၂၁)ဦး အပါအဝင် ၅၇ ဦး ကိုဗစ်တွေ့
SHAN -
သျှမ်းတောင် ပင်လောင်းမြို့နယ်ရှိ ဘိလပ်မြေစက်ရုံတွင် ယမန်နေ့ ( သြဂုတ် ၄ ) ရက်၌ အလုပ်သမား (၂၁)ဦး အပါအဝင် ကိုဗစ်ကူးစက်ခံရသူ (၅၇)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။ “တီကျစ်မြို့မှာရှိတဲ့ နဂါးဘိလပ်မြေစက်ရုံက အလုပ်သမားတွေပါ၊ စည်းကမ်းလိုက်နာမှု အားနည်းလို့ ကိုဗစ်ပိုးတွေ့ခဲ့တာပေါ့”ဟု ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူ...
တရုတ်နိုင်ငံမှ မြန်မာလုပ်သား (၂၅၀၀) နေရပ်ပြန်
SHAN -
မြန်မာ - တရုတ်နယ်စပ် တရုတ်နိုင်ငံ ဂျယ်ဂေါင်နှင့် ရွှေလီမြို့ ရှိ မြန်မာလုပ်သား (၂၅၀၀) ခန့်သည် မြန်မာနိုင်ငံသို့ ပြန်ဝင်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ မြန်မာလုပ်သား (၂၅၀၀) ခန့်သည် ရွှေလီမြို့ရှိ အလုပ်များကို (၆) လအကြာ ပိတ်ထားမှာဖြစ်ပြီး ဇူလိုင် (၂၆) ရက်မှ...
တောင်ကြီးမြို့တွင် ကိုဗစ်ကြောင့် တရက်တည်း သေဆုံးရသူ ၁၀ ဦးထက်နည်းရှိနေ
SHAN -
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ကြောင့် သေဆုံးရသူ ၁၀ ဦးထက်မနည်း ရှိနေ ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဩဂုတ်လ ၄ ရက်၊ ညပိုင်းအထိ တောင်ကြီးမြို့နယ်အတွင်းတွင် ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက် ခံရသူများ ၁၇၃...
မူဆယ်မြို့ Lockdown ချထားသည့်လမ်း ပြန်ဖွင့်ပေးရန် ပြည်သူတချို့ တောင်းဆို
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ကိုဗစ်-၁၉ ကြောင့် စားဝတ်နေရေးခက်ခဲနေသောပြည်သူများက Lockdown ချထားသည့်လမ်းပြန်ဖွင့်ပေးရန်အတွက် လှုမှုစာမျက်နှာပေါ်တွင်တောင်းဆိုခဲ့ကြောင်း စုံစမ်းသိရှိရသည်။ မူဆယ်မြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာမြင်တက်မှုကြောင့် ရပ်ကွက်များကို Lockdown ချထားရခြင်းဖြစ်ကြောင်း၊ မလိုအပ်ဘဲအပြင်မထွက်ရန်ဖြစ်ကြောင်း မူဆယ်မြို့ ဒေသခံ အမျိုးသား တဦးကပြောသည်။ “ တချို့လူတွေက သိပ်နားမလည်ကြတာ။ Lockdownချထားတယ်ဆိုတာက တစ်အိမ်နဲ့တစ်အိမ်...
တောင်ကြီးမြို့ နေအိမ်ပြင်ထွက်ခွင့်လက်မှတ် ကိုင်ဆောင်ပြီး အကြောင်းမဲ့ သွားလာခြင်း မပြုလုပ်ရ
SHAN -
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် အပြင်ထွက်ခွင့်လက်မှတ်များ ကိုင်ဆောင်ပြီး အကြောင်းမဲ့ သွားလာခြင်း မပြုလုပ်ကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက တားမြစ်ထားကြောင်း သိရသည်။ လက်ရှိ မှာ တောင်ကြီးမြို့တွင် ကူးစက်မှုနှုန်းမြင့်တက်လာပြီး သေဆုံးမှုလည်း နေ့စဉ်ရှိနေသော်လည်း တောင်ကြီးဒေသခံလူငယ်တချို့ မှာ ကိုဗစ်-၁၉ ရောဂါကို ပေါ့ဆနေသေးကြောင်း၊ တောင်ကြီးမြို့သည် Stat...
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရာ သက်ဆိုင်ရာတာဝန်ရှိသူများ စနစ်တကျ စီစဉ်ထားမှု မရှိ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စစ်ကောင်စီမှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရာမှာ သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ စီစဉ်ပေးထားမှု မရှိကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီမှ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို သြဂုတ် (၁) ရက်နေ့ခန့်က သက်ဆိုင်ရာ တာဝန်ရှိသူများက ဒေသခံ ပြည်သူများကို ကာကွယ်ဆေး ထိုးပေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ထို့ကြောင့်...
လားရှိုးဈေးများ ပိတ်ထားရသည့်အတွက် စားသောက်ကုန် နှင့်ဆေးဝါးအခက်အခဲရှိ
SHAN -
သျှမ်းမြောက် လားရှိုးမြို့ရှိ မြို့မဈေးကြီးအပါအဝင် မြို့တွင်းရပ်ကွက်ရှိ အခြားဈေးများကိုလည်း ယာယီပိတ်ထားရသည့်အတွက် အစားအသောက်များ ဝယ်ယူရရှိရန် ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။ “အစားအသောက်ကို ဈေးသည်တွေဆီကပဲ ဝယ်စားရတယ်၊ အလုပ်မလုပ်ရတော့ ဝင်ငွေလည်းမရှိတော့ဘူး၊ အပြင်လည်းထွက်လို့မရဘူးဆိုတော့ အစားအသောက်အတွက် ခက်ခဲတယ်” ဟု လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ယခင်က ရပ်ကွက်ထောက်ခံချက်ပါလျှင် အခြားကျေးရွာသို့...
ကျောက်မဲမြို့ တစ်ရက်တည်း သေဆုံးသူ ၁၂ ရှိ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့ တွင် သြဂုတ် ၃ ရက်(ယမန်နေ့)က တရက်တည်း သေဆုံးသူ (၁၂)ဦးထိ ရှိခဲ့ပြီး ကိုဗစ်အတည်ပြုလူနာ (၂)ဦးပါဝင်ကြောင်း စုံစမ်းသိရသည်။ “အများအားဖြင့် သက်ကြီးပိုင်းနဲ့ ဆီးချို၊ သွေးတိုး တို့လို ရောဂါအခံရှိတဲ့သူတွေ သေတာများတယ်၊ အောက်ဆီဂျင်ရှူနေရတဲ့ လူနာတွေလည်း ပါတယ်၊ မနေ့ကတော့ ကိုဗစ်အတည်ပြုလူနာထဲက...





