သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့တွင် တစ်ရက်အတွင်း ကိုဗစ် – ၁၉ ပိုးတွေ့လူနာများ စံချိန်တင်

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့တွင် သြဂုတ်လ ၁၁ ရက်နေ့ တစ်ရက်တည်းအတွင်း ကိုဗစ် – ၁၉ ပိုးတွေ့ လူနာများ  အများဆုံး စံချိန်တင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

Photo by ပင်လောင်းဒေသခံတဦး/ ကိုဗစ်-၁၉ ကာလ အတွင်း ကျေးရွာများ လူဝင်ထွက် ခွင့် ပိတ်ထား

ပင်လောင်းမြို့အတွင်းတွင် ကိုဗစ် – ၁၉ ရောဂါရှိ/မရှိ လာရောက်စစ်ဆေးသူ ၃၂၈ ဦး အနက် ၁၁၇ ဦးကို  RDT ဖြင့် စစ်ဆေးပြီး ၂၁၁ ဦးကို PCR ဖြင့် စစ်ဆေးရာ ၁၂၅ ဦးတွင် ကိုဗစ် – ၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိရပြီး တစ်ရက်တည်း အတွင်း ပိုးတွေ့လူနာ အများဆုံး စံချိန်တင် စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

“ဟုတ်ပါတယ် ဒီနေ့ ပင်လောင်းမြို့ထဲမှာ ပိုးတွေ့သူ ၁၀၀ ကျော်ပါတယ်၊ ၁၂၅ ဦးလို့တော့ စာရင်းအရ သိရပါ တယ်၊ အဲ့ထဲမှာ KBZ ဘဏ်ဝန်ထမ်း ၁၃ ဦးပါတယ်၊ တီကျစ်လျှပ်စစ်ရုံးက လုပ်သား ၁၀ဦးနဲ့ တီကျစ်မှာလည်း တော်တော်များများတွေ့ရတယ်၊ ကျန်တာကတော့ ရွာထဲက နဲ့ ရပ်ကွက်ထဲ က သူတွေဆီမှာ လည်း ပိုးတွေ့ရှိ ရတယ်” ဟု ပင်လောင်းမြို့  ကျန်းမာရေး တာဝန်ရှိတစ်ဦးက ပြောသည်။

လက်ရှိတွင် ပင်လောင်းမြို့နယ် အတွင်း ကိုဗစ် – ၁၉ ရောဂါကူးစက်ပျံ့ပွားမှုများသည် ဒေသတွင်း ကူးစက်မှု များဖြစ်နေသဖြင့် ပြည်သူများ ကျန်းမာရေ အထူးဂရုစိုက်စေလိုကြောင်းနှင့် အရေးကြီးကိစ္စများ မရှိပါက  အပြင်မထွက်စေလို ကြောင်းလည်း ပရဟိတ လုပ်ဆောင်နေသူ အသက် ၂၂ အရွယ် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်လောင်းမြို့အ၀င်

အခုဆို ပိုးတွေ့လူနာများက အရမ်းများပြားလာပါတယ်၊ ကျနော်တို့ ပရဟိတသမားတွေကလည်း တတ်နိုင် သလောက် ဝင်လုပ်တယ်၊ ကျန်းမာရေး ဖက်ကလည်း တတ်နိုင်သလောက်ကုသပေးနေကြတယ်၊ ပြည်သူ များကလည်း သတ်မှတ်ထားတဲ့ ကိုဗစ် စည်းကမ်းချက်တွေကို လိုက်နာ ဆောင်ရွက်ပေးမယ်ဆိုရင် ကျနော်တို့ ကျော်ဖြတ်နိုင်မှာပေါ့နော်” – ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပင်လောင်းမြို့နယ်တွင် ကိုဗစ် – ၁၉ တတိယလှိုင်းအတွင်း အတည်ပြုလူနာ စုစုပေါင်း ၅၈၂ ဦး ရှိနေပြီး ယနေ့ သြဂုတ်လ ၁၁ ရက်နေ့ အတွင်း ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံဆင်းခွင့်ရှိသူ ၇ ဦးရှိကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့်...

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...