မူဆယ် ပြည်သူ့စစ်အဖွဲ့မှ ပြည်သူများကို ထောက်ပံ့ပေးရာမှာ ကိုဗစ် စည်းကမ်းလိုက်နာသင့်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ ပြည်သူ့စစ်အဖွဲ့ တစ်ဖွဲ့သည် ကိုဗစ်-၁၉ ကာလ ပြည်သူများကို စားနပ်ရိက္ခာ ထောက်ပံ့ပေးရာ ကိုဗစ်-၁၉ စည်းမျဉ်း၊စည်းကမ်း နှင့် ကိုက်ညီမှှု မရှိသဖြင့် ပြည်သူများ ကိုဗစ် ထပ်မံပြန့်ပွားလာမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။

ထို ထောက်ပံ့ပေးသည့် ပြည်သူ့စစ်အဖွဲ့သည် လုံထန်ပြည်သူ့စစ်ပိုင် မူဆယ်စီးပွားရေး လုပ်ငန်းရှင်များအသင်း (MCA Co,Ltd) ကုမဏီ ဖြစ်ပြီး စားနပ်ရိက္ခာများကို ထောက်ပံ့ပေးမှုသည် ကောင်းမွန်ကြောင်း၊ သို့သော် ကိုဗစ်စည်းမျဉ်းဖြင့် ဝေငှပေးရန် မူဆယ်ဒေသခံများက ပြောဆိုကြသည်။

“ကူးစက်ပြန့်ပွားမှု မဖြစ်အောင် အိမ်တိုင်ရာရောက်တဲ့အထိ လုပ်ပေးလို့ရတယ်။ ခုက လူစုလူဝေးတွေ ဖြစ်တယ်။သူတို့ ထောက်ပံ့ပေးတာ မကောင်းတာမဟုတ်ဘူး။ လုပ်ပုံလုပ်နည်းက နည်းစနစ် မကျသေးတာ။ ရောဂါကို ထိန်းချုပ်နေတဲ့ကြားက သူတို့ ဒီလိုလာလုပ်တော့ မဖြစ်သင့်ဘူး၊ ကိုက်ညီမှု ဖြစ်မနေဘူး” ဟု ပရဟိတ အမျိုးသား မူဆယ်ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မူဆယ်မြို့သည် ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါပြန့်ပွားမှုနှုန်း များပြားလာသဖြင့် စစ်ကောင်စီက မူဆယ်မြို့ကို Stay at home သတ်မှတ်ထားပြီး မူဆယ်မြို့ရှိ ပရဟိတသမားများ က စားနပ်ရိက္ခာများကို ရပ်ကွက်တွင်း ဒေသခံ နေအိမ်များထံ အိမ်တိုင်ရာရောက် ထောက်ပံ့ပို့ဆောင်ပေးနေကြောင်း မူဆယ်ဒေသခံ တစ်ဦး ကပြောသည်။

“ပရဟိတ သမားတွေ လူစုလူဝေး မဖြစ်စေချင်လို့ အိမ်တိုင်ရာရောက် စားနပ်ရိကာတွေ ထောက်ပံ့နေတဲ့ချိန်မှာ သူတို့က လူစုလူဝေး နဲ့ ရိကာတွေ ပေးနေတယ်ဆိုတော့ ရပ်ကွက်တွင်းထဲ ရောဂါ ပြန်လည် ပြန့်ပွားမှာကို စိုးရိမ်တာပေါေ့နာ်။ အဲ့ကြောင့် ကိုက်ညီမှု မရှိဘူးလို့ ထင်တယ်” ဟု မူဆယ်ဒေသခံ အသက် (၄၀) ဝန်းကျင် အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လုံထန်ပြည်သူ့စစ်ပိုင် မူဆယ်စီးပွားရေး လုပ်ငန်းရှင်များအသင်း (MCA Co,Ltd) ကုမဏီများသည် ဇူလိုင် (၃၀) ရက်မှ စတင်ပြီး သြဂုတ် (၂၈) ရက်နေ့ထိ စားနပ်ရိက္ခာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...