Tuesday, January 27, 2026

မူဆယ် ပြည်သူ့စစ်အဖွဲ့မှ ပြည်သူများကို ထောက်ပံ့ပေးရာမှာ ကိုဗစ် စည်းကမ်းလိုက်နာသင့်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ ပြည်သူ့စစ်အဖွဲ့ တစ်ဖွဲ့သည် ကိုဗစ်-၁၉ ကာလ ပြည်သူများကို စားနပ်ရိက္ခာ ထောက်ပံ့ပေးရာ ကိုဗစ်-၁၉ စည်းမျဉ်း၊စည်းကမ်း နှင့် ကိုက်ညီမှှု မရှိသဖြင့် ပြည်သူများ ကိုဗစ် ထပ်မံပြန့်ပွားလာမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။

ထို ထောက်ပံ့ပေးသည့် ပြည်သူ့စစ်အဖွဲ့သည် လုံထန်ပြည်သူ့စစ်ပိုင် မူဆယ်စီးပွားရေး လုပ်ငန်းရှင်များအသင်း (MCA Co,Ltd) ကုမဏီ ဖြစ်ပြီး စားနပ်ရိက္ခာများကို ထောက်ပံ့ပေးမှုသည် ကောင်းမွန်ကြောင်း၊ သို့သော် ကိုဗစ်စည်းမျဉ်းဖြင့် ဝေငှပေးရန် မူဆယ်ဒေသခံများက ပြောဆိုကြသည်။

“ကူးစက်ပြန့်ပွားမှု မဖြစ်အောင် အိမ်တိုင်ရာရောက်တဲ့အထိ လုပ်ပေးလို့ရတယ်။ ခုက လူစုလူဝေးတွေ ဖြစ်တယ်။သူတို့ ထောက်ပံ့ပေးတာ မကောင်းတာမဟုတ်ဘူး။ လုပ်ပုံလုပ်နည်းက နည်းစနစ် မကျသေးတာ။ ရောဂါကို ထိန်းချုပ်နေတဲ့ကြားက သူတို့ ဒီလိုလာလုပ်တော့ မဖြစ်သင့်ဘူး၊ ကိုက်ညီမှု ဖြစ်မနေဘူး” ဟု ပရဟိတ အမျိုးသား မူဆယ်ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မူဆယ်မြို့သည် ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါပြန့်ပွားမှုနှုန်း များပြားလာသဖြင့် စစ်ကောင်စီက မူဆယ်မြို့ကို Stay at home သတ်မှတ်ထားပြီး မူဆယ်မြို့ရှိ ပရဟိတသမားများ က စားနပ်ရိက္ခာများကို ရပ်ကွက်တွင်း ဒေသခံ နေအိမ်များထံ အိမ်တိုင်ရာရောက် ထောက်ပံ့ပို့ဆောင်ပေးနေကြောင်း မူဆယ်ဒေသခံ တစ်ဦး ကပြောသည်။

“ပရဟိတ သမားတွေ လူစုလူဝေး မဖြစ်စေချင်လို့ အိမ်တိုင်ရာရောက် စားနပ်ရိကာတွေ ထောက်ပံ့နေတဲ့ချိန်မှာ သူတို့က လူစုလူဝေး နဲ့ ရိကာတွေ ပေးနေတယ်ဆိုတော့ ရပ်ကွက်တွင်းထဲ ရောဂါ ပြန်လည် ပြန့်ပွားမှာကို စိုးရိမ်တာပေါေ့နာ်။ အဲ့ကြောင့် ကိုက်ညီမှု မရှိဘူးလို့ ထင်တယ်” ဟု မူဆယ်ဒေသခံ အသက် (၄၀) ဝန်းကျင် အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

လုံထန်ပြည်သူ့စစ်ပိုင် မူဆယ်စီးပွားရေး လုပ်ငန်းရှင်များအသင်း (MCA Co,Ltd) ကုမဏီများသည် ဇူလိုင် (၃၀) ရက်မှ စတင်ပြီး သြဂုတ် (၂၈) ရက်နေ့ထိ စားနပ်ရိက္ခာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...
Pindaya_Polling_Station

ပင်းတယ မဲရုံများမှာ ပြည့်သူ့စစ် လုံခြုံရေးယူပေး၊ ပြည်သူများ စိုးရိမ်မှုဖြင့် မဲထည့်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တို့က လုံခြုံရေးယူပေးနေပြီး ပြည်သူများက မဲမထည့်လျှင် ဖမ်းခံရမည်ကို စိုးရိမ်သောကြောင့် မဲထည့်နေရကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို ပင်းတယမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ်...
Namsang_Polling_Station

နမ့်စန်နှင့် လင်း‌ခေးမြို့နယ်တို့တွင် ရွေးကောက်ပွဲနေ့ စစ်တပ် လုံခြုံရေးတင်းကြပ်

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်များ လုံခြုံရေး တင်းကြပ်ထားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို နမ့်စန်မြို့နယ်နှင့် လင်းခေးမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ် ၁၂ ခုတွင်...

ကျပ် ၅ သိန်းမပေးနိုင်သူ အင်းလေးဒေသခံများကို PNO စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့နေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို တစ်လလျှင် ငွေကျပ် ငါးသိန်း တောင်းခံနေပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။