Wednesday, January 28, 2026

ညောင်ရွှေ အင်းလေးတွင် ကိုဗစ် ကူးစက်မှု မြင့်တက်နေဆဲ

သျှမ်းတောင် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကိုဗစ်ကူးစက်ခံရမှု မြင့်တက်နေပြီး သေဆုံးသူများလည်း နေ့စဉ်ရှိနေသေးကြောင်း စုံစမ်းသိရသည်။

ညောင်ရွှေမြို့နယ်အတွင်း ကိုဗစ်ကူးစက်လူနာ (၁၃၀၀)ကျော် ရှိနေပြီး အများစုမှာ ကျေးရွာတွင် နေထိုင်သူများနှင့် အင်းလေးဒေသမှဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ကိုဗစ်ပိုး ကူးစက်ခံရတာက မြို့ပေါ်မှာထက် အင်းလေးထဲမှာဆို ပိုများတယ်၊ အခြားကျေးရွာတွေမှာလည်း နေ့တိုင်းကို ကူးစက်ခံနေရတာ၊ ကိုဗစ်ကြောင့် သေဆုံးသူတွေလည်း ရှိနေတယ်” ဟု ပရဟိတဆောင်ရွက်နေသည့် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အင်းလေးဒေသအပါအဝင် ကျေးရွာများတွင် အဝင်အထွက် ကန့်သတ်ထားသော်လည်း ကိုဗစ်ကူးစက်ခံရသူ မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရောဂါလက္ခဏာမပြသော်လည်း ကိုဗစ်ရောဂါပိုး ကူးစက်ခံနေရသူများ ရှိနေသဖြင့် ဒေသခံများ ပိုပြီး သတိထားသင့်ကြောင်း အင်းလေးဒေသမှ ဆရာဝန်တစ်ဦးက တိုက်တွန်းထားသည်။

“အနံ့လည်းရတယ်၊ ကျန်းမာရေးလည်းကောင်းတယ် ဆိုပေမယ့် ပေါ့ပေါ့ဆဆနေလို့ မရဘူး၊ ကိုဗစ်ရောဂါလက္ခဏာမပြပဲ ကိုဗစ်ပိုး ရှိနေတဲ့သူတွေ မကြာခဏ တွေ့နေရတယ်၊ ပြီးတော့ ကျေးရွာမှာ နေတဲ့သူ ဖြစ်နေတာဆိုတော့ ပိုပြီး သတိထားသင့်တယ်” ဟု အဆိုပါ ဆရာဝန်က ပြောသည်။

ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အတည်ပြုလူနာနှင့် ထိတွေ့ခြင်း မရှိသည့်အပြင် Tast Kit ဖြင့် စစ်ဆေးမှုတွင် Negative ထွက်ထားသော်လည်း PCR စက်ဖြင့် ထပ်မံစစ်ဆေးရာတွင် Positive ထွက်နေသည့် လူနာလည်း ရှိနေကြောင်း သိရသည်။

Stay at home သတ်မှတ်ထားသည့် ညောင်ရွှေမြို့နယ်တွင် သြဂုတ်လ (၁၀)ရက် ယမန်နေ့အထိ အတည်ပြုလူနာ (၁၃၀၈)ဦး၊ သေဆုံးသူ (၅၁)ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၈၅၅)ဦးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

ကျပ် ၅ သိန်းမပေးနိုင်သူ အင်းလေးဒေသခံများကို PNO စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့နေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို တစ်လလျှင် ငွေကျပ် ငါးသိန်း တောင်းခံနေပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

ရေဘေးဒဏ်၊ငလျင်ဒဏ်ကြား ဖောင်တော်ဉီးဘုရားပွဲကျင်းပ

0
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသသည် ရေးဘေးသင့်ဒဏ်နှင့် ငလျင်ဒဏ်ကြား စစ်ကော်မရှင်က လုံခြုံရေး အပြည့်ဖြင့် ဖောင်တော်ဉီး ဘုရားပွဲကို ကျင်းပနေကြောင်း သတင်းရရှိသည်။ ဖောင်တော်ဉီး ဘုရားပွဲကို ယနေ့ (စက်တင်ဘာ ၂၂)ရက်မှ စပြီး နိုဝင်ဘာ ၉ရက်တွင် စစ်ကော်မရှင် က ဦးဆောင် ကျင်းပနေသည်။ “ လုံခြုံရေးတော့...

အင်းလေးတွင် PNO တပ်ဖွဲ့ဝင်က ရွာသားတစ်ဦးကို သေဆုံးသည်အထိ ရိုက်နှက်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ မကျီးဆိပ်ကျေးရွာနေ ရွာသားတစ်ဦးကို စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက အသက် သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက် ည ၁၁ နာရီအချိန်တွင် ညောင်ရွှေမြို့နယ် မကျီးဆိပ်ကျေးရွာမှ အသက် (၄၂)...

အင်းလေး နေရပ်ပြန်စစ်ရှောင်များကို  PNOက တစ်အိမ် ငွေကျပ်ဆယ်သိန်းပေးရ၊ မပေးနိုင်လျှင် စစ်မှုထမ်းရ

0
သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် PNO/ PNA  က  နေရပ်ပြန်လာသည့် စစ်ရှောင်များကို တစ်အိမ်လျှင် ငွေကျပ်ဆယ်သိန်း ကောက်နေပြီး၊ မပေးနိုင်လျှင် စစ်မှုထမ်းခိုင်းနေကြောင်း သတင်းရရှိသည်။