နမ့်ခမ်းမြို့ ဈေးပြန်ဖွင့်သည့်အတွက် ကိုဗစ် မြင့်တက်လာမည်ကို စိုးရိမ်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ မြို့မဈေး ပြန်လည်ဖွင့်သည့်အတွက် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ပိုမိုများပြားလာမည်ကို ဒေသခံများစိုးရိမ်ကြသည်။ နမ့်ခမ်းမြို့သည် ကိုဗစ်-၁၉ တတိယလိုင်းမှာ ကူးစက်မှုနှုန်း သေဆုံးနှုန်း မြင့်မားသောကြောင့် နမ့်ခမ်းမြို့မဈေးကို (၂) လ နီးပါး ပိတ်ထားပြီး စက်တင်ဘာ (၂) ရက်နေ့မှ ပြန်လည် ဖွင့်ခဲ့ပြီး လူစည်ကားနေသဖြင့်...
ဟိုပုံးကိုရင်လေးဘေး ပြုစုစောင့်ရှောက်ပေးသူ (၆) ဦး ကိုဗစ် ပိုးတွေ့
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးကိုရင်လေး ဘေးတွင် အနီးကပ် ပြုစုစောင့်ရှောက်ပေးသူ (၆) ဦး ကိုဗစ် ၁၉ ပိုးတွေ့ရှိကြောင်းစုံစမ်းသိရှိရသည်။ ထို (၆) ဦးသည် ဟိုပုံးကိုရင်လေး၏ ဘေးအနီးကပ်တွင် စောင့်ရှောက် နေပြီး ယမန့်နေ့ စက်တင်ဘာ (၁) ရက်နေ့က ပိုးစစ်ဆေးကြည့်ရာတွင် ကိုဗစ် -၁၉ ပိုးတွေ့ရှိကြောင်းသိရသည်။ “...
မိုင်းငေါ့ရောက် စစ်ရှောင် (၁)ဦး ကိုဗစ်ကူးစက်ခံရပြီး သေဆုံး
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့စစ်ရှောင်စခန်းရှိ အမျိုးသမီး (၁)ဦး ကိုဗစ်ကူးစက်ခံရပြီးနောက် သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ မိုင်းငေါ့မြို့ တာလုံစစ်ရှောင်စခန်းရှိ အသက် (၈၅)နှစ်အရွယ် သက်ကြီး အမျိုးသမီး (၁)ဦးသည် ပြီးခဲ့သည့် သြဂုတ်လ (၂၉)ရက်က ကိုဗစ်ပိုးကူးစက်ခံရပြီးနောက် သေဆုံးသွားကြောင်း သိရသည်။ “ကိုဗစ်လက္ခဏာဖြစ်နေတာ (၁)ပတ်လောက်ရှိပြီ၊ အဲ့ဒီနေ့မှာပဲ အရေးပေါ် စစ်ဆေးကြည့်လိုက်တော့...
နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာအုပ်စုတချို့ ကိုဗစ် ကာကွယ်ဆေးကိုထိုးရန် စိုးရိမ်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာများတွင် ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးရန်အတွက် စိတ်လုံခြုံမှုမရှိကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ ထို ထိုးပေးမည့် ကာကွယ်ဆေးသည် တရုတ်နိုင်ငံထုတ် ဆီနိုဖန်း (Sinopharm) ဖြစ်သောကြောင့် ကျေးရွာတွင် နေထိုင်သည့် ပြည်သူများက ထိုးရန် ကြောက်ရွံ့ စိုးရိမ်နေကြောင်းသိရသည်။ “ ကျနော်တို့ ထိုးသင့်လားမထိုးသင့်ဘူးလား မသိဘူးဗျ။ ဒါမဲ့ကျနော်တို့...
အင်းလေးဒေသ လူစုလူဝေးဈေးရောင်းမှု ကိုဗစ်ပျံ့နှံ့မှာ စိုးရိမ်
SHAN -
သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လူစုလူဝေးဖြင့် ဈေးရောင်းချမှုများ ရှိနေသည့်အတွက် ကိုဗစ်ရောဂါ ပိုမိုပျံ့နှံ့မှာကို စိုးရိမ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကိုဗစ်ပိုးကူးစက်ခံရသူ မြင့်တက်နေဆဲဖြစ်ပြီး သက်ဆိုင်ရာမှ ဈေးပိတ်ထားသော်လည်း လူစုလူဝေးဖြင့် ဈေးရောင်းချနေမှုပြုလုပ်လာကြတာဖြစ်ကြောင်း သိရသည်။ “စည်ပင် သတ်မှတ်ထားတဲ့ ဈေးက ပိတ်ထားတယ်၊ ဒါပေမယ့်...
ဟိုပုံး ကိုရင်လေး ဈာပနာ ကို ချက်ချင်းမပြုလုပ်သည့်အတွက် ကိုဗစ်ဆက်လက်ပြန့်ပွားမည်ကို စိုးရိမ်နေကြ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးဟိုရင်လေး ကိုဗစ်-၁၉ ရောဂါဖြင့် ပျံလွန်တော်မူသွားသော်လည်း ဈာပနာ အခမ်းအနား ကို ချက်ချင်း မပြုလုပ်သဖြင့် ဒေသခံ လူထုများ ကိုဗစ် ပြန့်ပွားလာမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာ (၁) ရက်နေ့ မနက် ၁၁ နာရီ ၄၅ မိနစ် အချိန်မှာ...
ကျိုင်းတုံမြို့ ပထမဆုံး (၂) နှစ်ကလေးငယ် ကိုဗစ် ကြောင့်သေဆုံး
SHAN -
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ပန်မတ်ကျေးရွာအုပ်စု၊ ပန်မတ်ကျေးရွာက (၂) နှစ် အရွယ်ရှိ ကလေးငယ်တဦး ကိုဗစ်-၁၉ ကြောင့် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ထိုကလေးငယ်သည် ကျိုင်းတုံမြို့ပြည်သူဆေးရုံတွင် ကိုဗစ် ၁၉ ကြောင့် ဆေးလာကုသနေပြီး ယမန့်နေ စက်တင်ဘာ (၁) ရက်မနက် ၅ နာရီ အချိန်က...
ကိုဗစ်နှင့် စစ်ဒဏ်ကြောင့် နာနတ်သီးစိုက်တောင်သူများ အခက်ခဲကြုံ
SHAN -
သျှမ်းမြောက် သီပေါမြို့နယ်တွင် ကိုဗစ်ကူးစက်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် နာနတ်သီးစိုက်ပျိုးသည့် ဒေသခံတောင်သူများ အခက်ခဲဖြစ်နေကြကြောင်း သိရသည်။ သီပေါမြို့နယ်ရှိ ဒေသခံများ၏ စိုက်ခင်းများမှ သီးနှံပေါ်ချိန်ဖြစ်သော်လည်း ကိုဗစ်ရောဂါပျံ့နှံ့မှု၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ကြား တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဝယ်ယူသူ အလွန်နည်းပါးပြီး နာနတ်သီးစိုက်သည့် တောင်သူများ အခက်ခဲ ကြုံနေကြတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “အဓိကတော့ ကိုဗစ်ရောဂါကို ကြောက်တာ၊...
Mask (နှာခေါင်းစည်း)တပ်တာ မကြိုက်တဲ့ ကိုရင်လေး ကိုဗစ်-၁၉ ဖြင့် ပျံလွန်တော်မူ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်ရှိ ထမ်စန့်ဂူ ကျောင်းထိုင် ကိုရင်လေး (အရှင်ပေါရိသ) သည် ကိုဗစ်-၁၉ ရောဂါဖြင့် ယနေ့ (စက်တင်ဘာ ၁)ရက် မနက် ၁၁နာရီ ၄၅မိနစ်တွင် ဟိုပုံးပြည်သူ့ဆေးရုံတွင် ပျံလွန်တော်မူကြောင်း စုံစမ်းသိရသည်။ ကိုရင်လေး သည် ကိုဗစ်-၁၉ ကူးစက်ခံရသည်မှာ ရက်ကြာလာနေပြီး၊ ထမ်စန့်ဂူတွင်သာ ဆေးကုသခံယူခဲ့ရာ...
တန့်ယန်မြို့နယ် ကိုဗစ်-၁၉ စစ်ဆေးမှု နေရာ ပြည်သူ့စစ် နှင့် ရဲများလာရောက်စောင့်ကြည့်
SHAN -
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မိုင်းပတ်ကျေးရွာအုပ်စု၊ မန်းလွယ်ကျေးရွာတွင် ပြည်သူများ ကိုဗစ်-၁၉ ပိုးစစ်ဆေးရာတွင် ပြည်သူ့စစ်နှင့် ရဲများက လာရောက်စောင့်ကြည့် စစ်ဆေးကြောင်း စုံစမ်းသိရှိရသည်။ ထိုသို့တန့်ယန်းမြို့ ကြက်ခြေနီအဖွဲ့နှင့်အတူ ပြည်သူ့စစ် နှင့် ရဲများ လာရောက်ပြီး စစ်ဆေးရာတွင် ပြည်သူများက ကြောက်လန့်မှုကြောင့်၊ ပိုးတွေ့ရှိပါက ပိုက်ဆံပေးကုသခံရသောကြောင့် စစ်ဆေးမှု ခံယူနေလျက်မရှိကြောင်း...





